ယမ်းနှင့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှု ကော်မတီဖွဲ့စည်း၍ တစ်ပတ်အတွင်း ဖော်ထုတ် အရေးယူမည်ဟု ကယားပြည်နယ်ဝန်ကြီးချုပ်ပြောကြား

ယမ်းနှင့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှု ကော်မတီဖွဲ့စည်း၍ တစ်ပတ်အတွင်း ဖော်ထုတ် အရေးယူမည်ဟု ကယားပြည်နယ်ဝန်ကြီးချုပ်ပြောကြား



လွိုင်ကော်စက်မှုဇုန် အတွင်း ပေါက်ကွဲစေတတ်သော ယမ်းနှင့်ဆက်စပ်ပစ္စည်းများ ဖမ်း ဆီးရမိမှုအပေါ် တစ်ပတ်အတွင်း အပြီးသတ် စုံစမ်းဖော်ထုတ်၍ ထိ ရောက်စွာ အရေးယူနိုင်ရန် ရဲတပ် ဖွဲ့နှင့် ဌာနဆိုင်ရာများ ပါဝင်သော ကော်မတီတစ်ခု ဖွဲ့စည်းဆောင်ရွက်နေကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက 7Day Daily သတင်းစာအား ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


လွိုင်ကော်စက်မှုဇုန် အတွင်း ပေါက်ကွဲစေတတ်သော ယမ်းနှင့်ဆက်စပ်ပစ္စည်းများ ဖမ်း ဆီးရမိမှုအပေါ် တစ်ပတ်အတွင်း အပြီးသတ် စုံစမ်းဖော်ထုတ်၍ ထိ ရောက်စွာ အရေးယူနိုင်ရန် ရဲတပ် ဖွဲ့နှင့် ဌာနဆိုင်ရာများ ပါဝင်သော ကော်မတီတစ်ခု ဖွဲ့စည်းဆောင်ရွက်နေကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက 7Day Daily သတင်းစာအား ပြောကြားသည်။

ဇွန်လ ၄ ရက်က ပြုလုပ် သည့် ပြည်နယ်အစိုးရ အဖွဲ့ အ စည်းအဝေးတွင် အဆိုပါ ဖမ်းဆီး ရမိသည့် ယမ်းများသည် တရုတ် နိုင်ငံဘက်မှ တစ်ဆင့် သယ် ဆောင်လာခြင်းဖြစ်နိုင်သည်ဟု သက်ဆိုင်ရာဌာနများက တင်ပြခဲ့ ကြောင်း ၎င်းက ပြောသည်။

ထို့ကြောင့် ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် အဆိုပါကိစ္စနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာ များပါဝင်သော ကော်မတီတစ်ခု စနစ်တကျ ဖွဲ့စည်း၍ စစ်ဆေးနေပြီး လာမည့် ဇွန်လ ၁၁ ရက် တွင် အသေးစိတ်အချက်အလက် များ အပြီးသတ်တင်ပြရန် ညွှန် ကြားထားသည်ဟု ဦးအယ်လ် ဖောင်းရှိုက ဆက်လက်ပြောသည်။

‘‘ပြည်နယ်ထဲမှာရှိတဲ့ ပြည် သူတချို့နဲ့ မသမာသူလောဘ သားတချို့က မိုင်းခွဲခြင်း၊ တရား မဝင် သတ္တုတူးဖော်ထုတ်လုပ်ခြင်း၊ မတရားတဲ့ နေရာမှာ သုံးဖို့ပဲ ဒီလို မတရားတဲ့ အလုပ်တွေလုပ်တာ လို့ ကျွန်တော်က ယူဆတယ်။ အခုတော့ စစ်နေတုန်းပဲ။ အမြန် ဆုံးပေါ်အောင် လုပ်မှာပါ’’ဟု ဦးအယ်လ်ဖောင်းရှိုက ပြောကြား သည်။

လွိုင်ကော်မြို့နယ်ရှိ စက်မှု ဇုန်အတွင်း တရားမဝင်ပစ္စည်းများ သိုလှောင်ထားကြောင်း ပြည်သူ များ၏ သတင်းပေးချက်အရ ဇွန်လ ၃ ရက်တွင် ဝန်ကြီးချုပ် ကိုယ်တိုင် ဦးဆောင်၍ သက်ဆိုင် ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သွား ရောက်စစ်ဆေးခဲ့ရာ တရားမဝင် ယမ်းနှင့်ဆက်စပ်ပစ္စည်းများ၊ သတ္တုတူးဖော်ရာတွင် အသုံးပြု သည့် ပစ္စည်းကိရိယာများ စစ် ဆေးတွေ့ရှိခဲ့သည်။

ထိုသို့ စစ်ဆေးရာ စက်မှုဇုန် သိုလှောင်ရုံ အခန်းအမှတ် (၉/ ၁၀) အတွင်း အရှည် ကိုး လက်မ ခန့်၊ လုံးပတ် သုံးလက်မခန့်ရှိယမ်း ချောင်း ၄,၈၀၀ နှင့် အရှည် ၁၂ ပေခန့်ရှိ အဖြူရောင် စနက်တံ ကြိုးနှင့် တွဲလျက် အရှည်နှစ်လက် မခန့် ဒီတိုနေတာ အချောင်း ၄,၀၀၀ တို့ကို တွေ့ရှိခဲ့သည်။

အဆိုပါ တရားမဝင်ယမ်း များ စစ်ဆေးတွေ့ရှိမှုအပေါ် အမှု ဖွင့် အရေးယူရန် စီစဉ်ဆောင်ရွက် နေသည်ဟု ကယားပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းကြည်က ဇွန်လ ၄ ရက်တွင် ပြုလုပ်သည့် ပြည်နယ်အစိုးရ အဖွဲ့အစည်းအ ဝေး၌ တင်ပြခဲ့ကြောင်း ပြည် နယ်အစိုးရအဖွဲ့က သတင်းထုတ် ပြန်ထားသည်။ ရဲတပ်ဖွဲ့၏အရေး ယူဆောင်ရွက်မှုအခြေအနေနှင့် ပတ်သက်၍ ‘‘လောလောဆယ် တော့ စစ်ဆေးနေဆဲဖြစ်လို့ အ သေးစိတ်ပြောလို့မရသေးဘူး။ အ ချိန်ကျရင် ထုတ်ဖော်ပြောမှာပါ’’ ဟု ရဲမှူးကြီးဝင်းကြည်က ပြော သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky