ရိုက်တာသတင်းထောက်နှစ်ဦး လွှတ်ပေးရန် လူ့အခွင့်အရေး အဖွဲ့အစည်း ၅၀ ကျော်က ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာပေးပို့

ရိုက်တာသတင်းထောက်နှစ်ဦး လွှတ်ပေးရန် လူ့အခွင့်အရေး အဖွဲ့အစည်း ၅၀ ကျော်က ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာပေးပို့


နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ထောင်ဒဏ်ခုနစ် နှစ်စီ ချမှတ်ခံထားရသော ရိုက် တာသတင်းထောက်နှစ်ဦးကို လွှတ်ပေးရန် ကမ္ဘာတစ်ဝန်းမှ လူ့အခွင့်အရေးအဖွဲ့အစည်း ၅၀ ကျော်က နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ထံ နိုဝင်ဘာ ၅ ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ထောင်ဒဏ်ခုနစ် နှစ်စီ ချမှတ်ခံထားရသော ရိုက် တာသတင်းထောက်နှစ်ဦးကို လွှတ်ပေးရန် ကမ္ဘာတစ်ဝန်းမှ လူ့အခွင့်အရေးအဖွဲ့အစည်း ၅၀ ကျော်က နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ထံ နိုဝင်ဘာ ၅ ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့ခဲ့သည်။

ယင်းသတင်းထောက်နှစ်ဦးအား လွှတ်ပေးရန် နယ်စည်းမထားသတင်း ထောက်များအဖွဲ့ (RSF) ၊ လူ့အခွင့်အရေးများ စောင့်ကြည့်ရေးအဖွဲ့၊ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ ဂျာနယ်လစ်များ ကာကွယ်ရေးကော်မတီ၊ နိုင်ငံတကာဂျာနယ်လစ်ဖက် ဒရေးရှင်း၊ နိုင်ငံတကာ ပုံနှိပ်အဖွဲ့အစည်း၊ Article 19 အဖွဲ့အပါအ ၀င် နိုင်ငံတကာနှင့် မြန်မာနိုင်ငံ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ ၅၀ ကျော်သည် Pen America အဖွဲ့နှင့်အတူ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

မတရားဖမ်းဆီးခံရပြီး ရုံး တင်စစ်ဆေးခံခဲ့ရသည့်  ယင်း သတင်းထောက်နှစ်ဦးနှင့်  ပတ် သက်၍ အလွန်အမင်း စိုးရိမ်ပူပန် မိကြောင်း၊ အာဏာပိုင်များအနေ ဖြင့် ၎င်းတို့နှစ်ဦးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန်၊ ချမှတ်ခဲ့ သော စီရင်ချက်များအား ပလပ် ပေးရန်နှင့် မြန်မာနိုင်ငံ၌ လွတ် လပ်စွာထုတ်ဖော်ပြောဆိုခွင့် ကန့် သတ်ရာတွင် လောလောဆယ် အသုံးပြုနေသည့် ဥပဒေအားလုံး ကို ပြင်ဆင်သုံးသပ်ရန် ယင်းအ ဖွဲ့အစည်းများက ပေးပို့သည့် အိတ်ဖွင့်ပေးစာ၌ ပါရှိသည်။

‘‘သူတို့နှစ်ယောက် တရားစွဲ၊ စီရင်ချက်ချပြီး ထောက်ထဲအ ထည့်ခံရဖို့ နေနေသာသာ အစက တည်းက ဘယ်တော့မှ အဖမ်းမခံ ရသင့်ပါဘူး။ သူတို့ကိုရုံးတင် စစ် ဆေးရာမှာ ခိုင်မာတဲ့သက်သေ အထာက်အထား မပြနိုင်တာရယ်၊ တရားဥပဒေစိုးမိုးမှုရဲ့ အဓိကအ ချက်တွေကို လိုက်နာဖို့ အကြိမ် ကြိမ်ပျက်ကွက်ခဲ့တာရယ်ကြောင့် အာဏာပိုင်တွေအနေနဲ့ သူတို့ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေး ဖို့နဲ့ သူတို့အပေါ် ချမှတ်ထားတဲ့စီ ရင်ချက်တွေကို ပလပ်ပေးဖို့ တောင်းဆိုတာပါ’’ဟု ယင်းစာထဲတွင် ထပ်လောင်းဖော်ပြခဲ့သည်။

 ထို့အပြင်  ‘‘သူတို့ကို ရုံးတင်စစ်ဆေးစဉ်အတွင်း ထောင် ချောက်ဆင်ခံရတယ်ဆိုတဲ့ ဖွင့်ဟ ပြောကြားမှုတွေနဲ့ ဖီလာဆန့်ကျင် ဖြစ်နေတဲ့ အထောက်အထားတွေ အရ သူတို့နှစ်ယောက်ဟာ တမင် တကာထောင် အဖမ်းခံရတယ်ဆို တာ မမှားနိုင်ပါဘူး’’ဟုပါရှိသည်။

‘‘သူတို့အပေါ် ချမှတ်ခဲ့တဲ့ စီ ရင်ချက်တွေက အရှက်ရဖို့ကောင်း တဲ့အမည်းစက် တစ်စက်ပါ။ အဲဒါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ် ရေးအပြင် တိုင်းပြည်ရဲ့ ဂုဏ် သိက္ခာကိုပါ ညှိုးနွမ်းစေပါတယ်’’ ဟု Pen America အဖွဲ့အမှု ဆောင်အရာရှိချုပ် ဆူဇန်နီနော့စ် ဆဲလ်က ပြောကြားသည်။

ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ခံထားရသော ရိုက်တာသတင်း ထောက်နှစ်ဦးအတွက် ပထမဆုံး တင်သွင်းသည့် အယူခံကို ရန်ကုန် တိုင်းဒေသကြီး တရားလွှတ်တော် ရုံးတွင် နိုဝင်ဘာ ၅ ရက်က တင် သွင်းထားသည်။ စာမျက်နှာ ငါး မျက်နှာပါရှိသော အယူခံတွင် ရိုက်တာသတင်းထောက်နှစ်ဦးအ မှုနှင့်ပတ်သက်ပြီး မှားယွင်းသုံးသပ်ချက်များနှင့် အမှုအားနည်းချက်များကို ရေးသားထားကြောင်း ရိုက်တာသတင်းထောက်နှစ်ဦး၏ အကျိုးဆောင်တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

ရိုက်တာ သတင်းထောက် နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် မြောက်ပိုင်းခရိုင် တရားရုံးက စက်တင်ဘာ ၃ ရက် တွင် ထောင်ဒဏ်ခုနစ်နှစ် အမိန့်ချ မှတ်ထားသည်။ ထိုကြောင့် ရိုက်တာသတင်းထောက် နှစ်ဦး အကျဉ်းကျခံရသည်မှာ နှစ်လကျော်ရှိပြီ ဖြစ်သည်။ ထို့အပြင် ၎င်းတို့နှစ် ဦးကို ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်ကတည်းက ဖမ်းဆီးထားခြင်းဖြစ် သောကြောင့် စုစုပေါင်း အကျဉ်းကျခံရသည်မှာ ၁၁ လရှိပြီ ဖြစ်သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky