ကုလလူသားချင်းစာနာမှုဆိုင်ရာ ဒုတိယအဆင့်အကြီးအကဲ ရခိုင်ပြည်နယ်သို့သွားရောက် ဒေသခံများ၊ တိုင်းရင်းသားများ၊ ဘင်္ဂါလီအချို့နှင့် တွေ့ဆံ

 ကုလလူသားချင်းစာနာမှုဆိုင်ရာ ဒုတိယအဆင့်အကြီးအကဲ ရခိုင်ပြည်နယ်သို့သွားရောက် ဒေသခံများ၊ တိုင်းရင်းသားများ၊ ဘင်္ဂါလီအချို့နှင့် တွေ့ဆံ


ကုလသမဂ္ဂလက် ထောက်အထွေထွေအတွင်းရေး မှူးနှင့် အရေးပေါ်ကယ်ဆယ်တုံ့ ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေး မှူး အာရ်ဆူလာမူလာသည် ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာဝင်များအတွက် ဆောက်လုပ် ထားသည့် ယာယီခိုလှုံတဲများသို့ ဧပြီ ၄ ရက်တွင် ရောက်ရှိကြောင်း ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားထုတ်ပြန်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 ကုလသမဂ္ဂလက် ထောက်အထွေထွေအတွင်းရေး မှူးနှင့် အရေးပေါ်ကယ်ဆယ်တုံ့ ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေး မှူး အာရ်ဆူလာမူလာသည် ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာဝင်များအတွက် ဆောက်လုပ် ထားသည့် ယာယီခိုလှုံတဲများသို့ ဧပြီ ၄ ရက်တွင် ရောက်ရှိကြောင်း ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ လက်ထောက် အထွေထွေအတွင်းရေးမှူးနှင့် အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေး ဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး အာရ်ဆူလာမူလာသည် ရခိုင် ပြည်နယ်စစ်တွေမြို့နှင့် မောင် တောမြို့နယ်သို့ သွားရောက်၍ပြည်နယ်အစိုးရအဖွဲ့အပါအဝင် တိုင်းရင်းသားအချို့နှင့် ဘင်္ဂါလီအချို့ကို တွေ့ဆုံခဲ့သည်။

၎င်းသည် ဧပြီ ၄ ရက်က စစ်တွေမြို့ရှိ ပြည်နယ်အစိုးရ အဖွဲ့၊ ဒါးပိုင်ကယ်ဆယ်ရေးစခန်း နှင့် အောင်မင်္ဂလာရပ်ကွက်ရှိ ဘင်္ဂါလီအချို့နှင့်တွေ့ဆုံခဲ့သည် ဟု သတင်းရင်းမြစ်များက ပြော သည်။

‘‘စားသောက်ရေးနှင့် နေရေး ထိုင်ရေးတွေကို မေးသွားတယ်။ တခြားထွေထွေထူးထူးတော့ သိပ် မမေးပါဘူး’’ဟု ဒါးပိုင်ကယ်ဆယ် ရေးစခန်းမှ ဘင်္ဂါလီတစ်ဦးက ပြောသည်။

ထို့နောက် အာရ်ဆူလာမူလာသည် ဧပြီ ၅ ရက်က မောင် တောမြို့နယ်ရှိ ကိုင်းကြီး(မြို)ရွာ၊ ပန်းတောပြင် (ဘင်္ဂါလီ)ကျေးရွာ၊ ရွှေဇား(ဘင်္ဂါလီ)ကျေးရွာနှင့် လှဖိုးခေါင်ကျေးရွာများသို့ သွား ရောက်ကာ ပြန်လည်နေရာချထား ရေးလုပ်ငန်းများလေ့လာခဲ့သည်။

ပန်းတောပြင်နှင့် ရွှေဇား ကျေးရွာရှိ ဘင်္ဂါလီများသည် အကြမ်းဖက်မှု ဖြစ်သွားသော်လည်း အခြားဒေသသို့ ထွက်ပြေးတိမ်းရှောင်ခြင်းမရှိသူများ ဖြစ်သည်။

 ဧပြီ ၂ ရက်တွင် စတင်ခဲ့ သော ၎င်း၏မြန်မာနိုင်ငံခရီးစဉ် အတွင်း ရခိုင်ပြည်နယ်သို့ ရောက် ရှိစဉ် မစ္စအာရ်ဆူလာ မူလာက ၎င်း မြင်တွေ့ရသည့် အခြေအနေများ သည် အလွန်အံ့သြစရာကောင်း ကြောင်းနှင့် ယာယီခိုလှုံတဲများ တွင် နေထိုင်သူအချို့၏အခက်အ ခဲများကို တွစ်တာတွင် ထုတ်လွှင့် ခဲ့သည့် ဗီဒီယို၌ ထည့်သွင်းပြော ကြားသည်။

လွတ်လပ်စွာ သွားလာခြင်း မရှိခြင်းက  အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ဆောင်ရွက် ရန် အတားအဆီးကဲ့သို့ ဖြစ်နေ ကြောင်းနှင့် လွန်ခဲ့သည့် ခြောက် နှစ်က ဖြစ်ခဲ့သည့် ရခိုင်ပဋိပက္ခ ကြောင့် ထွက်ပြေးခဲ့ရသူများ စား ဝတ်နေရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့နေကြောင်း ၎င်းက ပြော သည်။

‘‘ဒီလိုအခြေအနေကြားမှာ ဂုဏ်သိက္ခာကို မငဲ့ဘဲ သူတို့ ခြောက်နှစ်တာ ကာလတစ် လျှောက် ခံနိုင်ရည်ရှိခဲ့တာက လည်း တကယ့်ကို ထူးခြားလှပါ တယ်။ သူတို့မှာရှိနေတဲ့ တစ်ခု တည်းသော ဆန္ဒကတော့ သူတို့ ရဲ့ အရင်အိမ်တွေကို ပြန်နိုင်ဖို့၊ လွတ်လပ်စွာ သွားလာခွင့်နဲ့ ကျန်း မာရေးနဲ့ ပညာရေးဆိုင်ရာ အခွင့် အလမ်းတွေ ရရှိဖို့ပဲ ဖြစ်ပါတယ်’’ ဟု မစ္စအာရ်ဆူလာမူလာက ပြောသည်။

 ကုလလူသားချင်းစာနာမှု ဆိုင်ရာ ဒုတိယအဆင့် အကြီးအ ကဲ၏မြန်မာပြည်ခရီးစဉ်သည် ဧပြီ ၈ ရက်အထိဖြစ်ပြီး တစ်ပတ်ကြာ မြင့်မည်ဖြစ်ကာ ခရီးစဉ်ရည် ရွယ်ချက်သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဘေးဒုက္ခများ၊ ကချင်နှင့် ရှမ်းပြည်နယ်တို့ရှိ ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာ သည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်မှုအခြေအနေ များကို ကိုယ်တိုင်တွေ့မြင်၊ သိရှိ နိုင်ရန်နှင့် အကူအညီပေးရေးလုပ် ငန်းများတွင် ပါဝင်သည့် အဖွဲ့အ စည်းများနှင့် တွေ့ဆုံဆွေးနွေးမှု များမှ တစ်ဆင့် ပြန်လည်တုံ့ပြန် နိုင်မည့် နည်းလမ်းရှာဖွေရန် ဖြစ် ကြောင်း ကုလသမဂ္ဂဒေသတွင်း လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက မတ်လ ၃၁ ရက်တွင်  သတင်းထုတ်ပြန်သည်။

ခရီးစဉ်အတွင်း ရန်ကုန်နှင့် နေပြည်တော်တွင် ပြုလုပ်မည့် အ စည်းအဝေးများသို့ တက်ရောက်  မည်ဖြစ်ကာ နေရပ်စွန့်ခွာတိမ်း ရှောင်သူစခန်းများသို့ သွားရောက်မည်ဖြစ်ကြောင်း ပါဝင်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါ်အောင် ဆန်းစုကြည်နှင့် မစ္စအာရ်ဆူလာ မူလာတို့ ဧပြီ ၃ ရက်တွင်  နေပြည်တော်၌ တွေ့ဆုံကာ လူ သားချင်းစာနာထောက်ထားမှုအ ကူအညီပေးရေး၊ စွမ်းဆောင်ရည် မြှင့်တင်ရေးအစီအစဉ်များ၊ ပညာ ရေး၊ အမျိုးသမီးများ၏အခန်း ကဏ္ဍမြှင့်တင်ရေးနှင့် ကုလသမဂ္ဂ နှင့် ပူးပေါင်းဆောင်ရွက်ရေးမြှင့် တင်ရေးနည်းလမ်းများနှင့် စပ် လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း နိုင်ငံ ခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။

မစ္စအာရ်ဆူလာမူလာသည် မြန်မာနိုင်ငံခရီးစဉ်အပြီးတွင် အင် ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပမည့် အာဆီယံ - ကုလ သမဂ္ဂနှစ်ပတ်လည်ဒေသဆိုင်ရာ အစည်းအဝေးတက်ရောက်ရန် ခရီးဆက်မည်ဖြစ်ကာ အင်ဒိုနီးရှားအစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း ကုလ သမဂ္ဂက သတင်းထုတ်ပြန်သည်။

========================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Mourining of Imam Hossein
We are All Zakzaky