ကုလအဖွဲ့ဝင်နိုင်ငံများ လွတ်လပ်စွာ တက်ရောက်နိုင်သည့် အစည်းအဝေး ပြုလုပ်ပြီးမှသာ မြန်မာ့အရေးကို လုံခြုံရေးကောင်စီ ဆွေးနွေးဆုံးဖြတ်မ

ကုလအဖွဲ့ဝင်နိုင်ငံများ လွတ်လပ်စွာ တက်ရောက်နိုင်သည့် အစည်းအဝေး ပြုလုပ်ပြီးမှသာ မြန်မာ့အရေးကို လုံခြုံရေးကောင်စီ ဆွေးနွေးဆုံးဖြတ်မ



ကုလသမဂ္ဂလုံခြုံရေး ကောင်စီသည် ကုလအဖွဲ့ဝင်နိုင်ငံ များ လွတ်လပ်စွာ တက်ရောက် နိုင်သည့် အစည်းအဝေးပြုလုပ်ပြီး မှသာ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဆွေးနွေးဆုံးဖြတ်မည်ဟု နိုင်ငံ ခြားရေးဝန်ကြီးဌာန အမြဲတမ်းအ တွင်းဝန် ဦးမြင့်သူက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကုလသမဂ္ဂလုံခြုံရေး ကောင်စီသည် ကုလအဖွဲ့ဝင်နိုင်ငံ များ လွတ်လပ်စွာ တက်ရောက် နိုင်သည့် အစည်းအဝေးပြုလုပ်ပြီး မှသာ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဆွေးနွေးဆုံးဖြတ်မည်ဟု နိုင်ငံ ခြားရေးဝန်ကြီးဌာန အမြဲတမ်းအ တွင်းဝန် ဦးမြင့်သူက ပြောသည်။

ကုလလုံခြုံရေးကောင်စီက ပြုလုပ်မည့် အထက်ပါအစည်းအ ဝေးသို့ နယူးယောက်အခြေစိုက် အမြဲတမ်းကိုယ်စားလှယ် သံအ မတ်ကြီး ဦးဟောက်ဒိုဆွမ်း တက် ရောက်မည်ဖြစ်ပြီး မကြာမီ ပြုလုပ်မည်ဟု ခန့်မှန်းကြောင်း ဦးမြင့်သူ က ပြောသည်။

‘‘ကျွန်တော်တို့ သိနားလည် ထားတာကတော့ သူတို့ နယူး ယောက်ပြန်ရောက်ရင် အဖွဲ့ဝင် နိုင်ငံတွေ လွတ်လွတ်လပ်လပ် တက်ရောက်နိုင်တဲ့ အစည်းအ ဝေးမျိုးလုပ်ပါမယ်။ အဲဒီမှာသူတို့ ဆွေးနွေးပြီးမှသာလျှင် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဘယ်လိုဆက်လက် ဆောင်ရွက်မလဲဆိုတာ သူတို့ ဆွေးနွေးဆုံးဖြတ်မှာ ဖြစ်ပါတယ်’’ ဟု အမြဲတမ်းအတွင်းဝန်က ရှင်းပြသည်။

ကုလလုံခြုံရေးကောင်စီ သည် လက်ရှိတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်တစ်စုံ တစ်ရာထုတ်ပြန်ခြင်း မရှိသေး ပေ။

ကုလလုံခြုံရေးကောင်စီအ ဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီး များ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ အ ရပ်ဘက်အဖွဲ့အစည်းအချို့နှင့် သီးခြားစီတွေ့ဆုံခဲ့သည်။

ထို့အပြင် သံအမတ်ကြီးများ သည် ရခိုင်ပြည်နယ်မြောက်ပိုင်း သို့ သွားရောက်ပြီး ဒုက္ခသည်များ ပြန်လည်လက်ခံရေးစခန်းများသို့ လေ့လာခြင်း၊ ဒေသခံလူထုနှင့် တွေ့ဆုံခြင်းတို့ ပြုလုပ်ခဲ့သည်။

သံအမတ်ကြီးများသည် မြန်မာနိုင်ငံ ခရီးစဉ်အပြီး နေပြည် တော်လေဆိပ်၌ သတင်းစာရှင်း လင်းပွဲပြုလုပ်ကာ လုံခြုံရေး ကောင်စီအနေဖြင့် မြန်မာ-ဘင်္ဂ လားဒေ့ရှ် နှစ်နိုင်ငံစလုံးကို ကူညီ ထောက်ပံ့မည်ဖြစ်ပြီး ဒုက္ခသည် များ အမြန်ဆုံးပြန်လည်လက်ခံ ရန် မြန်မာအစိုးရကို တိုက်တွန်း ပြောကြားသည်။

========================
251 / End
 


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky