အီရန် နိုင်ငံ ၏ ၁၂ ကြိမ်ေ မြာက် သမ္မတ သစ် ဒေါက်တာ ဟစန် ရူဟာနီ ၏ ကျမ်းကျိန်ပွဲ

 အီရန် နိုင်ငံ ၏ ၁၂ ကြိမ်ေ မြာက် သမ္မတ သစ် ဒေါက်တာ ဟစန် ရူဟာနီ ၏ ကျမ်းကျိန်ပွဲ

အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ ၁၂ ကြိမ်ေ မြာက် သမ္မတ သစ် H.I ဒေါက်တာ ဟစန် ရူဟာနီ ၏ ကျမ်းကျိန်ပွဲ အခမ်းအနား ကို ယနေ့ ၂၀၁၇ ခုနှစ် စနေနေ့ သြဂုတ်လ ၅ ရက်နေ့ တွင် တီဟီရန်မြို့ ရှိ ပါလီမန် တွင်ကျင်းပ ခဲ့ပြီး နိုင်ငံပေါင်း ၁၀၀ မှ ခေါင်းဆောင်များ အစိုးရ အကြီးအကဲများ ပါဝင်နေရာ ယူခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ ၁၂ ကြိမ်ေ မြာက် သမ္မတ သစ် H.I ဒေါက်တာ ဟစန် ရူဟာနီ ၏ ကျမ်းကျိန်ပွဲ အခမ်းအနား ကို ယနေ့ ၂၀၁၇ ခုနှစ် စနေနေ့ သြဂုတ်လ ၅ ရက်နေ့ တွင် တီဟီရန်မြို့ ရှိ ပါလီမန် တွင်ကျင်းပ ခဲ့ပြီး နိုင်ငံပေါင်း ၁၀၀ မှ ခေါင်းဆောင်များ အစိုးရ အကြီးအကဲများ ပါဝင်နေရာ ယူခဲ့ပါတယ်။

သတင်း အပြည့်အစုံအရ အီရန်အစိုးရ အဖွဲ့ဝင်များ ၊အီရန် စစ်တပ်၏ ခေါင်းဆောင်ကြီးများ အပြင် နိုင်ငံပေါင်း ၁၀၀ ၏ ဝန်ကြီးများ ၊ ဝန်ကြီးများ၏ ကိုယ်စားလှယ်တော်များ ၊ နိုင်ငံခြားရေးဝန်ကြီးဌာ ၊ အထူးတန် အရာရှိများ တက်ရောက်နေရာယူခဲ့ကြပါတယ်။

ဤအခမ်းအနား တွင် အီရန်နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ မိုဟမ္မဒ် ဂျဝါဒ် စရီးဖ် အနေဖြင့် ပါလီမန် အတွင်း ကြွရောက်လာသည့် နိုင်ငံခြား ဧည့်သည်တော်များ ကို ဂုဏ်ပေး ကြိုဆို ခဲ့ပါတယ်။

ဤ၁၂ကြိမ် မြောက် အီရန် သမ္မတ သစ်၏ ကျမ်းကျိန်ပွဲ အခမ်းအနား ကို ပြည်တွင်းပြည်ပ မှ မီဒီယာ သတင်းထောက် ပေါင်း ၃၆၀ ကျော် မှ မှတ်တမ်းတင် ရိုက်ကူးမှုများ သတင်းယူမှုများ ကိုပြုလုပ် ခဲ့ပါတယ်။

အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ ၁၂ ကြိမ်ေ မြာက် သမ္မတ သစ် H.I ဒေါက်တာ ဟစန် ရူဟာနီ အနေဖြင့် အီရန် တရားသူကြီးချုပ် အာယာသွလ္လာဟ် ဆွာဒစ် အာမိုလီ လာရီဂျာနီ ၏ အရှေ့ တွင် ကျမ်းကျိန်ဆို ခဲ့ပါတယ် ။

ဤ၁၂ကြိမ် မြောက် အီရန် သမ္မတ သစ်သည် အီရန် ပြည်သူများ မဲပေးခဲ့သည့် ရွေးကောက်ပွဲ၏ ဆုံဖြတ်ချက် အရ ၅၇ % မဲရခဲ့ပြီး သမ္မတ နေရာ ကို ဆွတ်ခူး နိုင်ခဲ့ ခြင်း ဖြစ်ပါတယ်။

H.I ဒေါက်တာ ဟစန် ရူဟာနီသည် မဲပေါင်း ၂၃သန်း ၅သိန်း ၄သောင်း ၉ထောင် ၆ ရာ ၁၆ မဲ ရခဲ့ပြီး ပထမ နံပါတ် တွင်ရှိခဲ့ ပြီး မဲအားလုံး ၏ ၅၇ ရာခိုင်နှုန်းကို ဆွတ်ခူး နိုင်ခဲ့သူဖြစ်ပါတယ်။

အီရန် နိုင်ငံ ၏သမ္မတ သည် နိုင်ငံတော် နှင့် အမျိုးသားစီမံခန့်ခွဲမှု ၏ ခေါင်းဆောင်ဖြစ်ပါတယ်။ အီရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၁၃ အရ ရဲဟ်ဗရ် (အဓိပတိခေါင်းဆောင်) ပြီးနောက် နိုင်ငံ ရေး အရ အကြီးဆုံး ရာထူး ကိုပိုင်ဆိုင်သူ ဖြစ်ပါတယ်။ တိုင်းပြည်အတွင်း တရား ဥပဒေ စိုးမိုး နိုင်အောင် ပြုရမည်မှာ အီရန် သမ္မတ ၏ တာဝန် ဖြစ်ပါတယ်။

အီရန် သမ္မတ ကျမ်းကျိန်ပွဲတွင် သမ္မတ အနေဖြင့် အလ္လာဟ် ဟို အရှင်မြတ် နှင့် ကျမ်းတော်မြတ်ကုရ်အာန် ကို သက်သေထူ ကျန်ဆိုပြီး အီရန် နိုင်ငံ၏ တရားဝင် အစိုးရ ဘာသာ ဖြစ်သည့်အစ္စလာမ်နှင့် ရှီအာ အစ္စနာအရှာရီ ဖေရ်ကာ ၏ နောက်လိုက်မည် ဖြစ်ကြောင်း ၊ အီရန်အစ္စလာမ်မစ် သမ္မတ နိုင်ငံ၏ စနစ် ၊ဥပဒေ အတိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အမိမြေ ၏ နယ်စပ်များ ၊အီရန် နိုင်ငံ ၏ အချုပ်အခြာ အာဏာ နှင့် အီရန် နိုင်ငံ၏ ပထဝီအနေအထား ပိုင်ဆိုင်မှု အီရန် လူမျိုးများ၏ ရပိုင်ခွင့် အခွင့်အရေးများ ကို ကာကွယ်သွားမည် ဖြစ်ကြောင်း ကျိန်ဆိုခဲ့ပါတယ်။

အီရန် သမ္မတ သစ် ဒေါက်တာ ဟစန် ရူဟာနီ အနေဖြင့် ရဲဟ်ဗရ် (အဓိပတိခေါင်းဆောင်) နှင့် အီရန် နိုင်ငံ ပြည်သူ လူထု များရှေ့ မှောက်တွင် အီရန် ပါလီမန်မှာ ဆုံးဖြတ်သတ်မှတ်လိုက်သည့် ဥပဒေကို မြေဝယ်မကျ လိုက်နာ ဆောက်ရွက်မည် ဖြစ်ကြောင်း ကိုလည်း ကတိပြု ကျိန်ဆိုခဲ့ ပါ တယ်။
=====================
251/END


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Quds cartoon 2018
မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky