“ ဝ” အဖွဲ့၏ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် တက်ရောက်ရန် တပ်ချုပ်နှင့် အတိုင်ပင်ခံကို ဖိတ်ကြား

“ ဝ” အဖွဲ့၏ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် တက်ရောက်ရန် တပ်ချုပ်နှင့် အတိုင်ပင်ခံကို ဖိတ်ကြား


ရန်ကုန်၊ သြဂုတ် ၆ ။ ။ ‘ဝ’လက်နက်ကိုင်အဖွဲ့ (UWSA) ၏ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားကို တက်ရောက်ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ဖိတ်ကြားထားကြောင်း UWSA လားရှိုး မြို့ ဆက်ဆံရေးရုံး ဒုတိယ တာဝန်ခံ ဦးညီရန်းက မဇ္ဈိမသို့ ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန်၊ သြဂုတ် ၆ ။            ။  ‘ဝ’လက်နက်ကိုင်အဖွဲ့ (UWSA) ၏ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားကို တက်ရောက်ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ဖိတ်ကြားထားကြောင်း UWSA လားရှိုး မြို့ ဆက်ဆံရေးရုံး ဒုတိယ တာဝန်ခံ ဦးညီရန်းက မဇ္ဈိမသို့ ပြောသည်။

 “ ဒုတိယဗိုလ်ချုပ် ရဲအောင် ပန်ဆန်းမှာ လာတုန်းကတော့ ဖိတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖိတ်ပါတယ်။ တပ်ချုပ်ကြီးကိုလဲ ဖိတ်ပါတယ်။”  ဟု ၎င်းက ဆိုသည်။

အဆိုပါ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်အခမ်းအနားကို UWSA ဌာနချုပ် ပန်ဆန်းမြို့တွင် လာမည့်နှစ် ဧပြီလ ၁၇ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“ အခွင့်အားရင် လာပြီးတော့မှ လည်ပတ်ဖို့ ဖိတ်ခေါ်တယ်ပေါ့နော်” ဟု ဦးညီရန်းက ဆိုသည်။

ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ သို့ UWSA ဒုဥက္ကဋ္ဌ ဦးပေါက်ယူယိနှင့် ဦးကျောက်ကော်အမ်းတို့ တက်ရောက်စဉ်ကလည်း ငြိမ်းချမ်းရေးနှစ် (၃၀) ပြည့်ပွဲသို့ တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားခဲ့သေးကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပက်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးသို့ ဆက်သွယ်သော်လည်း “ ပြောရန်မရှိသေး” ကြောင်းသာ ပြန်လည်ဖြေဆိုခဲ့သည်။

 ‘ဝ’လက်နက်ကိုင်အဖွဲ့ (UWSA) သည် တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ် NCA ထိုးရန်အစိုးရနှင့် ဆွေးနွေးနေဆဲဖြစ်ပြီး NCA မထိုးဘဲနိုင်ငံရေးဆွေးနွေးရန် ကြိုးပမ်းနေသည့် FPNCC အဖွဲ့၏ ဦးဆောင်သူလည်းဖြစ်သည်။

UWSA ခေါင်းဆောင် ဦးပေါက်ယူချန်း ဦးဆောင်သည့် အဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါ တီ (ဗကပ) မှ ခွဲထွက်ပြီးနောက် ၁၉၈၉ တွင် အစိုးရနှင့် ငြိမ်းချမ်းရေးရယူခဲ့သည်။

လာမည့် ၂၀၁၉ ခုနှစ် ဧပြီလတွင် နှစ် ၃၀ ပြည့်မည်ဖြစ်ပြီး ယခင် ငြိမ်းချမ်းရေး ရယူခြင်း အခမ်းအနားများတွင်လည်း အစိုးရ ခေါင်းဆောင်ပိုင်းများ တက်ရောက်ခဲ့ဖူးကြကြောင်း သိရသည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Quds cartoon 2018
We are All Zakzaky