မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများတိုးချဲ့ရန် အမေရိကန်လုပ်ငန်းရှင်များနှင့် ရန်ကုန်တိုင်းအစိုးရ၊ UMFCCI ဆွေးနွေး

  • News Code : 871483
  • Source : 7days
Brief


အမေရိကန်ကုမ္ပဏီ ၁၆ ခု၏ ကိုယ်စားလှယ်များက မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်း များ တိုးချဲ့ရန် ရန်ကုန်တိုင်းအစိုး ရ၊ ကုန်သည်စက်မှုအသင်းချုပ် တို့နှင့် ယမန်နေ့က ဆွေးနွေးခဲ့ ကြောင်း အမေရိကန်နှင့် မြန်မာ လုပ်ငန်းရှင်များက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အမေရိကန်ကုမ္ပဏီ ၁၆ ခု၏ ကိုယ်စားလှယ်များက မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်း များ တိုးချဲ့ရန် ရန်ကုန်တိုင်းအစိုး ရ၊ ကုန်သည်စက်မှုအသင်းချုပ် တို့နှင့် ယမန်နေ့က ဆွေးနွေးခဲ့ ကြောင်း အမေရိကန်နှင့် မြန်မာ လုပ်ငန်းရှင်များက ပြောသည်။

အမေရိကန်-အာဆီယံစီး ပွားရေးကောင်စီက ဦးဆောင်၍ လုပ်ငန်းရှင်ကိုယ်စားလှယ် ၃၂ ဦးပါဝင်သော အဖွဲ့က မြန်မာနိုင်ငံကို ခြောက်ကြိမ်မြောက် လာ ရောက်ဆွေးနွေးခြင်းဖြစ်သည်။ ထို့အပြင်ဒီဇင်ဘာ ၇ ရက်တွင် ပြည်ထောင်စုအစိုးရနှင့် တွေ့ဆုံ မည်ဖြစ်သည်။

အမေရိကန်ကုမ္ပဏီများက ကုန်သွယ်မှုလုပ်ငန်းလုပ်ကိုင်လို ပြီး နောက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု ကို တိုးတက်လုပ်ကိုင်လိုကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောကြားသည်။

‘‘အခုလာတဲ့ သူတွေက ဒီမှာ အကုန်ချိတ်ပြီးသားတွေပါ။ ဖြစ် စေချင်တာတွေ၊ လုပ်သင့်တာ တွေ လာမေးတဲ့ သဘောပါ’’ဟု ၎င်းက ပြောသည်။

GE Global Growth Org-anization မှ မြန်မာနိုင်ငံကိုယ် စားလှယ်ချုပ် မစ္စတာအန်ဒရူးလီ က ယခုဆွေးနွေးပွဲတွင် လက်ရှိ လုပ်ကိုင်နေသည့် လုပ်ငန်းအခြေ အနေများ ဆွေးနွေးခဲ့ကြောင်း၊ ၎င်းတို့ကုမ္ပဏီက မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အားပေးရေးလုပ် ငန်းများအတွက် အဓိကဆွေးနွေး ခဲ့ကြောင်း ဆိုသည်။ သို့သော် ရခိုင်ပြဿနာကို အဓိကထား ဆွေးနွေးခြင်းမပြုခဲ့ကြောင်း ၎င်း ကပြောသည်။

‘‘တိုင်းပြည်မှာ အခက်အခဲ ရှိတဲ့ အချိန်မှာ စီးပွားရေးတိုးတက် အောင် ဝိုင်းပြီးတော့ ကူညီပေးဖို့ တိုင်းပြည်ကို နောက်တစ်ဆင့် တက်ဖို့ ဘယ်လိုကူညီပေးရမလဲ လာတာပါ’’ဟု ၎င်းကဆက်ပြော သည်။

လက်ရှိလာရောက်ဆွေးနွေး ခြင်း၏ အဓိကအချက်သည် မြန်မာနိုင်ငံတွင် အမေရိကန်စီးပွားရေး လုပ်ငန်းများ တိုးတက်လာစေရန် ဖြစ်ကြောင်း Coca-Cola (မြန်မာ)အုပ်ချုပ်မှုဒါရိုက်တာ မစ္စတာရီဟန်ခမ်းက ပြောသည်။

‘‘အခုဆွေးနွေးပွဲက စီးပွား ရေးလုပ်ငန်းခရီးစဉ်ဖြစ်ပါတယ်။ ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီး အားလုံး က နားလည်ထားပါတယ်’’ဟု ၎င်းက ပြောသည်။

လာရောက်ဆွေးနွေးသည့် ကိုယ်စားလှယ်များတွင် အမေရိ ကန်ကုမ္ပဏီကြီးများဖြစ်သည့် VISA, Microsoft, Master Card,Coca-Cola,Ford စသည်တို့ ပါ ဝင်သည်။

========================
251 / End



လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky