ကုလလက်ထောက် အထွေထွေအတွင်းရေးမှူး ကချင်စစ်ဘေးဒုက္ခသည်စခန်းအချို့သို့ သွားရောက်

ကုလလက်ထောက် အထွေထွေအတွင်းရေးမှူး ကချင်စစ်ဘေးဒုက္ခသည်စခန်းအချို့သို့ သွားရောက်


ကုလသမဂ္ဂလက် ထောက်အထွေထွေအတွင်းရေး မှူးနှင့် အရေးပေါ်ကယ်ဆယ်တုံ့ ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေး မှူး အာရ်ဆူလာမူလာသည် ဧပြီ ၆ ရက်တွင် ကချင်ပြည်နယ် ၀ိုင်း မော်မြို့ရှိ စစ်ဘေးရှောင်များနေ ထိုင်ရာ ဒုက္ခသည်စခန်းအချို့သို့ သွားရောက်ခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိ နှိုင်းရေးမှူးရုံး(UNOCHA) မြန်မာ နိုင်ငံ ပြန်ကြားရေးအရာရှိက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ကုလသမဂ္ဂလက် ထောက်အထွေထွေအတွင်းရေး မှူးနှင့် အရေးပေါ်ကယ်ဆယ်တုံ့ ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေး မှူး အာရ်ဆူလာမူလာသည် ဧပြီ ၆ ရက်တွင် ကချင်ပြည်နယ် ၀ိုင်း မော်မြို့ရှိ စစ်ဘေးရှောင်များနေ ထိုင်ရာ ဒုက္ခသည်စခန်းအချို့သို့ သွားရောက်ခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိ နှိုင်းရေးမှူးရုံး(UNOCHA) မြန်မာ နိုင်ငံ ပြန်ကြားရေးအရာရှိက ပြောသည်။

ဝိုင်းမော်မြို့နယ်ရှိ မိုင်းနား KMSS နှင့် မိုင်းနား KBC ဒုက္ခ သည်စခန်းတို့သို့ သွားရောက်ခဲ့ ကြောင်း ခရီးစဉ်နှင့်ပတ်သက်၍ 7Day Daily ၏ မေးမြန်းမှုအပေါ် ပြန်ကြားရေးအရာရှိ Mr.Pierre Peron က ဧပြီ ၆ ရက်တွင်ပြော သည်။ခရီးစဉ်အတွင်း မစ္စအာရ်ဆူ လာမူလာအနေဖြင့် ကချင်ပြည် နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံနိုင် ရန် ကမ်းလှမ်းခဲ့သော်လည်း ၀န်ကြီးချုပ် နေပြည်တော်သို့ ရောက် ရှိနေသဖြင့် မြစ်ကြီးနားတွင် တွေ့ဆုံနိုင်မည်မဟုတ်ကြောင်း အကြောင်းပြန်ခဲ့သည်ဟု UNOCHAမြန်မာနိုင်ငံရုံး ပြန်ကြားရေးအ ရာရှိက ပြောသည်။

ကချင်ပြည်နယ် ခရီးစဉ်အ တွင်း မြစ်ကြီးနားမြို့ရှိ အမျိုးသမီး နှင့် မိန်းကလေးငယ်များအတွက် ဖွင့်လှစ်ထားသည့် စင်တာသို့ သွားရောက်ပြီး ကချင်ပြည်နယ် တွင်း လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေး နွေးခဲ့သည်။

မစ္စအာရ်ဆူလာမူလာ၏ ကချင်ပြည်နယ်ခရီးစဉ်သည် ဧပြီ ၇ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။ မြန်မာနိုင်ငံခရီးစဉ်အတွင်း ကချင် နှင့်  ရှမ်းပြည်နယ်မှ  ပဋိပက္ခ များကြောင့် ဖြစ်ပေါ်လာသည့် လူ သားချင်းစာနာမှုဆိုင်ရာ အကူအ ညီလိုအပ်မှုအခြေအနေများ ကိုယ်တိုင်တွေ့မြင်၊ သိရှိနိုင်ရန်နှင့် အကူအညီပေးရေးလုပ်ငန်းများတွင် ပါဝင်သည့်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ပြန်လည်တုံ့ပြန်နိုင်မည့် နည်းလမ်းရှာဖွေမည်ဖြစ်ကြောင်း UNOCHA က သတင်းထုတ်ပြန် ထားသည်။

‘‘အချိန်အခက်အခဲကြောင့် သူ့အနေနဲ့ ရှမ်းပြည်နယ်ကိုတော့ မသွားဖြစ်ပါဘူး’’ ဟု ပြန်ကြားရေး အရာရှိက ပြောသည်။

အာရ်ဆူလာမူလာသည် ဧပြီ ၄ ရက်နှင့် ၅ ရက်တို့တွင်လည်း ရခိုင်ပြည်နယ် စစ်တွေနှင့် မောင်တောမြို့နယ်သို့  သွားရောက်၍ ပြည်နယ်အစိုးရအဖွဲ့ အပါအ၀င် တိုင်းရင်းသားအချို့နှင့် ဘင်္ဂါလီအချို့ကို တွေ့ဆုံခဲ့သည်။ ၎င်း၏မြန်မာနိုင်ငံခရီးစဉ်သည် ဧပြီ ၈ ရက်အထိ ဖြစ်သည်။

မစ္စအာရ်ဆူလာမူလာသည် မြန်မာနိုင်ငံ ခရီးစဉ်အပြီး အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပမည့် အာဆီယံ-ကုလသမဂ္ဂနှစ် ပတ်လည်ဒေသဆိုင်ရာ အစည်းအဝေးတက်ရောက်ရန် ခရီးဆက်မည်ဖြစ်ကာ အင်ဒိုနီးရှားအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေး နွေးမည်ဖြစ်ကြောင်း ကုလသမဂ္ဂ က သတင်းထုတ်ပြန်သည်။

========================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky