လူကယ်ပြန်ဝန်ကြီး ညှိနှိုင်းမှုဖြင့် ကချင်ဒေသ စစ်ရှောင် ၁၅၀ ကျော်ကို လုံခြုံရာသို့ စတင်ကယ်ထုတ်

လူကယ်ပြန်ဝန်ကြီး ညှိနှိုင်းမှုဖြင့် ကချင်ဒေသ စစ်ရှောင် ၁၅၀ ကျော်ကို လုံခြုံရာသို့ စတင်ကယ်ထုတ်

တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA)တို့ကြား တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသူများအနက် ဖားကန့်မြို့နယ် လိုင်နောင်ခူး (မံဝယ်)ဒေသရှိ ပြည်သူ ၁၅၀ ကျော်ကို မေလ ၆ ရက်တွင်စတင်ကယ်ထုတ်နေကြောင်း ကချင်ပြည်နယ် အမှတ်(၉) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA)တို့ကြား တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသူများအနက် ဖားကန့်မြို့နယ် လိုင်နောင်ခူး (မံဝယ်)ဒေသရှိ ပြည်သူ ၁၅၀ ကျော်ကို မေလ ၆ ရက်တွင်စတင်ကယ်ထုတ်နေကြောင်း ကချင်ပြည်နယ် အမှတ်(၉) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ပြောသည်။

‘‘ဒီနေ့ကတော့ လိုင်နောင်ခူးမှာ ရွာက ဧည့်သည် ၁၉ ဦးနဲ့ ပြည်နယ်ကနေ လွှတ်လိုက်တဲ့ ဝန်ထမ်းငါးဦးက ပြန်လာခဲ့ပြီ။ မနက်ဖြန်ကျရင် ကာမိုင်းအုပ်ချုပ်ရေးမှူးနဲ့ ရွာသား ၁၃၆ ဦး ပြန်ထွက်လာလိမ့်မယ်။ အဲဒီဟာက ကချင်ပြည်နယ်ကို ရောက်လာတဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ တပ်မတော် တာဝန်ရှိသူတွေရဲ့ သဘောတူညီ ချက်ပေါ့’’ ဟု ၎င်းကပြောသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မေလ ၅ ရက်နှင့် ၆ ရက်တွင် ကချင်ပြည်နယ်သို့ ရောက်ရှိပြီး ဧပြီအတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များကို သွားရောက်တွေ့ဆုံခဲ့သည်။

ဒေါက်တာဝင်းမြတ်အေး သည် မြစ်ကြီးနားမြို့နှင့် နမ္မတီး မြို့ရှိ စစ်ဘေးရှောင်များကို သွားရောက်တွေ့ဆုံပြီး စားနပ်ရိက္ခာ နှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ သည်။

စစ်ဘေးရှောင်များနှင့် တွေ့ ဆုံစဉ် ၎င်းတို့၏ ဆန္ဒသဘောထား များကို ရယူခဲ့ကြောင်း ဒေါက်တာ ဝင်းမြတ်အေးက ၎င်း၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာ၌ မေလ ၅ ရက်တွင် ရေးသားဖော်ပြခဲ့ပြီး စစ် ရှောင်များက ‘မိမိကျေးရွာများ၌ ကျန်ရစ်ခဲ့သူများကို ဘေးကင်းလုံ ခြုံစေရန် ခေါ်ယူလိုကြောင်း၊ ရွာ တွင် ကျန်ရစ်ခဲ့သော ပစ္စည်းများ ပျက်စီးဆုံးရှုံးမည်ကို စိုးရိမ် ကြောင်း၊ စခန်းရှိ ကလေးများ၏ ပညာရေးအတွက် ကူညီပေးစေ လိုကြောင်း ပြောကြားခဲ့သည်’ဟု ရေးသားခဲ့သည်။

ကချင်ပြည်နယ် အစိုးရအ နေဖြင့် နယ်မြေအခြေအနေအရ လတ်တလော တိမ်းရှောင်လာ သော ပြည်သူများအား ကူညီ ထောက်ပံ့ရေးလုပ်ငန်းများ ဆက် လက်ဆောင်ရွက်နေကြောင်း ပြည်နယ်အစိုးရက မေလ ၅ ရက် တွင် သတင်းထုတ်ပြန်သည်။

လုံခြုံရေးအခြေအနေအရ ပြောင်းရွှေ့ပေးနိုင်ရန် လိုအပ် သည့်အခြေအနေများ စာရင်း ဇယားအမှန်ရရှိရေး ဦးစီးကော် မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်း၍ မြို့နယ်အသီးသီးရှိ ၎င်း တို့နေရပ်စွန့်ခွာရာ ဒေသများသို့ ကွင်းဆင်းဆောင်ရွက်နေကြောင်း ပြည်နယ်အစိုးရက ဖော်ပြသည်။

တနိုင်းမြို့နယ် အောင် လော့ဒ်ဒေသသို့ သွားရောက် သည့် လုပ်ငန်းကော်မတီအဖွဲ့အ နေဖြင့် မေလ ၅ ရက်တွင် အောင် လော့ဒ်သို့ သွားရောက်ရာ အဆိုပါ ကျေးရွာ၌ ဒေသခံပြည်သူတစ်ဦး တစ်ယောက်မျှ မတွေ့ရကြောင်း၊ အိမ်မွေးတိရစ္ဆာန် ကျွဲ၊ နွားများနှင့် ပျက်စီးဆုံးရှုံးမှုမရှိသည့် လူနေ အိမ်များသာ ကျန်ရှိနေသည့်အ ခြေအနေကို စစ်ဆေးတွေ့ရှိခဲ့ ကြောင်း သတင်းထုတ်ပြန်ချက် တွင် ဖော်ပြသည်။

အလားတူ ဖားကန့်မြို့နယ် လိုင်နောင်ခူး (မံဝယ်)ဒေသနှင့် ချီဖွေမြို့နယ်နှင့် ဝိုင်းမော်မြို့နယ် ရှငေါ်ဒေသသို့ ပြည်နယ်အစိုးရ တာဝန်ရှိသူများ သွားရောက်လေ့ လာနေကြောင်း၊ တိမ်းရှောင်ပြည် သူများ၏ လိုအပ်မှုများကို စာရင်း ကောက်ယူနေကြောင်း ထုတ်ပြန် ချက်တွင် ပါရှိသည်။

တပ်မတော်နှင့် KIA တို့ ဧပြီ အတွင်း တိုက်ပွဲကြောင့် တနိုင်း၊မိုးကောင်း၊ ဖားကန့်နှင့် အင်ဂျန်း ယန်မြို့နယ်တို့မှ ဒေသခံ ၅,၀၀၀ ခန့် စစ်ဘေးဒုက္ခကြုံနေရသည့်အရေး ကူညီပေးရန်နှင့် ပိတ်မိစစ် ရှောင်များ ကယ်ထုတ်ရန် ကချင် လူငယ်များက မြစ်ကြီးနားမြို့၌ ဧပြီ ၃၀ ရက်ကတည်းက ဆန္ဒ ထုတ်ဖော်နေသည်။

မေလ ၃ ရက်တွင် ပြည်နယ် ဝန်ကြီးချုပ်နှင့် ဆန္ဒထုတ်ဖော် သည့် လူငယ်များ တွေ့ဆုံညှိနှိုင်း ပြီးနောက် မေလ ၄ ရက်တွင် ပြည်နယ်အစိုးရ တာဝန်ရှိသူများ၊ ဆန္ဒထုတ်ဖော်နေသည့် ကချင် လူငယ်အဖွဲ့၊ ဘာသာရေးအဖွဲ့ နှင့် အရပ်ဘက်အဖွဲ့မှ ကိုယ်စား လှယ်များသည် လိုင်နောင်ခူး (မံဝယ်)ဒေသရှိ ပြည်သူများကို ကယ်ထုတ်ရန် ကြိုးစားရာ တပ် မတော်တာဝန်ရှိသူများက ခေါ် ဆောင်ခွင့်မပြုခဲ့ဟု ကချင်လူငယ် အဖွဲ့က မေလ ၆ ရက်တွင် သတင်းထုတ်ပြန်သည်။

ပိတ်မိစစ်ရှောင်များ လွတ် မြောက်ရေးကို တပ်မတော်ကတားဆီးပိတ်ပင်သည်ဟူသော ထုတ်ပြန်ချက်နှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့ အရာရှိတစ်ဦးက ‘‘တိုင်းရင်းသားတွေရဲ့ ဆန္ဒသဘောထား အတိုင်း ဆောင်ရွက်ပေးပါတယ်။ ဘာမှ ပိတ်ပင်ထားခြင်းမရှိပါဘူး။ လွတ်လွတ်လပ်လပ် ဆောင်ရွက် လို့ရအောင် လုပ်ဆောင်ပေးထား ပါတယ်။ လိုအပ်တာတွေကို လည်း တတ်နိုင်သလောက် ဖြည့် ဆည်း ဆောင်ရွက်ပေးထားပါ တယ်’’ဟု မေလ ၆ ရက်တွင် ပြောသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများ အား ထောက်ပံ့ကူညီနေကြောင်း သတင်းထုတ်ပြန်ထားသည်။

========================
251 / End
 


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Arba'een
Mourining of Imam Hossein
We are All Zakzaky