ငြိမ်းချမ်းရေးကော်မရှင်နှင့် တရုတ်အထူးကိုယ်စားလှယ်တို့ မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေး

ငြိမ်းချမ်းရေးကော်မရှင်နှင့် တရုတ်အထူးကိုယ်စားလှယ်တို့ မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေး


ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံ ခြားရေးဝန်ကြီးဌာန၏အာရှရေး ရာအထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်းတို့ တွေ့ဆုံ၍ မြန် မာနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြောင်း အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန(NRPC)က သတင်း ထုတ်ပြန်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံ ခြားရေးဝန်ကြီးဌာန၏အာရှရေး ရာအထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်းတို့ တွေ့ဆုံ၍ မြန် မာနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြောင်း အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန(NRPC)က သတင်း ထုတ်ပြန်သည်။

နေပြည်တော်၌ နိုဝင်ဘာ ၈ ရက်က ကျင်းပသည့် အဆိုပါတွေ့ ဆုံပွဲတွင် ငြိမ်းချမ်းရေးကော်မရှင်အတွက် တရုတ်နိုင်ငံက လှူဒါန်း သည့် ကန်ဒေါ်လာသုံးသိန်းကို တရုတ် အထူးကိုယ်စားလှယ်က ပေးအပ်လှူဒါန်းခဲ့ကြောင်းလည်း ဖော်ပြထားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ငြိမ်း ချမ်းရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် နှစ်ဖက်တာဝန်ရှိ သူများ တက်ရောက်သည်။

တရုတ် အထူးကိုယ်စား လှယ်သည် မြန်မာ-တရုတ်နယ် စပ်အခြေပြုတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နိုင် ရေး ကြားဝင်ညှိနှိုင်းနေသူဖြစ် သည်။

အောက်တိုဘာလကုန်က မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ သော မစ္စတာ ဆွန်ကော်ရှန်းအနေ ဖြင့် ၎င်း၏နေပြည်တော်ခရီးစဉ်၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံနိုင်ဖွယ်ရှိကြောင်း တိုင်း ရင်းသားအရေးလေ့လာသူ ဦး မောင်မောင်စိုးက ပြောသည်။

‘‘မစ္စတာ ဆွန်ကော်ရှန်းနဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ တွေ့တဲ့ ဟာက အဓိကအားဖြင့် မြောက် ပိုင်းခုနစ်ဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မ ရှင်နဲ့ တွေ့ဆုံဆွေးနွေးရေးမှာ တော့ အရေးပါပါတယ်။ ဘာလို့ လဲဆိုရင် တရုတ်ရဲ့ ညှိနှိုင်းပေးမှု က အရေးပါတဲ့ အနေအထားရှိ တာကိုး။ မြောက်ပိုင်းခုနစ်ဖွဲ့နဲ့ အခြေအနေတိုးတက်မှုရှိအောင် ဘယ်လောက်စွမ်းဆောင်နိုင်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ပေါ့’’ဟု ၎င်းကပြောသည်။

နိုဝင်ဘာ ၆ ရက်ကလည်း တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတ ကာဆက်ဆံရေးဝန်ကြီး မစ္စတာ ဆွန်ထောင်ကို ဒေါ်အောင်ဆန်းစု ကြည်က နေပြည်တော်ရှိ ၎င်း၏ နေအိမ်၌ လက်ခံတွေ့ဆုံခဲ့ ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန် သည်။ တွေ့ဆုံစဉ် ဆွေးနွေးသည့် အကြောင်းအရာများကို ထုတ်ပြန် ခြင်းမပြုပေ။

အောက်တိုဘာ ၃၁ ရက်က လည်း တရုတ်နိုင်ငံ၏ကူညီမှုနှင့် ပင် မြောက်ပိုင်းလက်နက်ကိုင်အ ဖွဲ့များဖြစ်သော တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရခိုင်အဖွဲ့ (AA)နှင့် ငြိမ်းချမ်းရေး ကော်မရှင်တို့ တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းဆွေးနွေးပွဲတွင် ‘ဝ’ အဖွဲ့ (UWSA)နှင့် ကချင်အဖွဲ့ (KIO)တို့လည်း တက်ရောက်သည်။

အဆိုပါအဖွဲ့ငါးဖွဲ့နှင့် ရှမ်း အဖွဲ့ (SSPP)၊ မိုင်းလားအဖွဲ့ (NDAA)တို့ ပူးပေါင်း၍ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖြစ် စုဖွဲ့ကာ အစိုးရနှင့်တွေ့ဆုံဆွေးနွေး ရန် မြောက်ပိုင်းခုနစ်ဖွဲ့ကလိုလား နေသည်။

FPNCC သည် အောက်တို ဘာက နေပြည်တော်၌ ကျင်းပခဲ့ သည့် အစိုးရ၊ တပ်မတော်နှင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအ ဝေးကို ကြိုဆိုကြောင်း ထုတ်ပြန် ထားပြီး ၎င်းတို့အနေဖြင့်လည်းအစိုးရ၊ တပ်မတော်နှင့် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးလိုကြောင်း သဘောထားဖော်ပြခဲ့သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky