မွန်အမျိုးသားနေ့ အခမ်းအနားသို့ လူသုံးသောင်းကျော် တက်ရောက် ဒေါ်အောင်ဆန်းစုကြည် မွန်အမျိုးသားနေ့သို့ သ၀ဏ်လွှာပေးပို့

မွန်အမျိုးသားနေ့ အခမ်းအနားသို့ လူသုံးသောင်းကျော် တက်ရောက် ဒေါ်အောင်ဆန်းစုကြည် မွန်အမျိုးသားနေ့သို့ သ၀ဏ်လွှာပေးပို့



ဖေဖော်ဝါရီ ၁ ရက် (တပို့တွဲလပြည့်ကျော် ၁ ရက်နေ့) တွင် ကျရောက်သည့် (၇၁) ကြိမ် မြောက် မွန်အမျိုးသားနေ့ ဗဟို အခမ်းအနားသို့ အနယ်နယ်အ ရပ်ရပ်က မွန်လူထု သုံးသောင်း ကျော်တက်ရောက်ကြောင်း မွန် အမျိုးသားနေ့ ဗဟိုအခမ်းအနား ကျင်းပရေးကော်မတီ ဒုဥက္ကဋ္ဌ(၁) နိုင်စိုးမြင့်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ဖေဖော်ဝါရီ ၁ ရက် (တပို့တွဲလပြည့်ကျော် ၁ ရက်နေ့) တွင် ကျရောက်သည့် (၇၁) ကြိမ် မြောက် မွန်အမျိုးသားနေ့ ဗဟို အခမ်းအနားသို့ အနယ်နယ်အ ရပ်ရပ်က မွန်လူထု သုံးသောင်း ကျော်တက်ရောက်ကြောင်း မွန် အမျိုးသားနေ့ ဗဟိုအခမ်းအနား ကျင်းပရေးကော်မတီ ဒုဥက္ကဋ္ဌ(၁) နိုင်စိုးမြင့်က ပြောသည်။

(၇၁)ကြိမ်မြောက် မွန်အမျိုး သားနေ့ ဗဟိုအခမ်းအနားကို ကရင်ပြည်နယ် ဘားအံမြို့နယ် ဇာသပြင်ကျေးရွာတွင် ကျင်းပခဲ့ ပြီး အခမ်းအနားသို့ မွန်တိုင်းရင်း သားများအပြင် ဖိတ်ကြားထား သည့် ကချင်၊ ကယား၊ ကရင်စသည့် ညီနောင်တိုင်းရင်းသား များလည်း တက်ရောက်ကြောင်း ၎င်းက ပြောသည်။

‘‘ဒီနှစ် ဗဟိုအခမ်းအနားက မနှစ်ကထက် ပိုစည်တယ်။ တက် ရောက်တဲ့လူတွေလည်း  အရမ်း များတယ်။ ခန့်မှန်းပေါ့။ သုံး သောင်းကျော်လောက်ရှိမယ်။ မွန်တွေသာမကဘူး၊ ဖိတ်ကြား ထားတဲ့ အခြားတိုင်းရင်းသားတွေ လည်း ၃၀ လောက် တက်ရောက် ကြတယ်’’ ဟု နိုင်စိုးမြင့်က ပြောသည်။

မွန်အမျိုးသားနေ့ကို ဗဟိုအခမ်းအနားအပြင် မြို့နယ်၊ ကျေးရွာအဆင့်တွင် မြို့နယ်၊ ကျေးရွာ တိုင်းကျင်းပသကဲ့သို့ မွန်လူမျိုးများနေထိုင်ရာ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီ၊ နယ်စပ်နှင့်  ပြည်ပနိုင်ငံတို့တွင် ကျင်းပခဲ့သည်။

‘‘ဒီနှစ်က ကရင်ပြည်နယ်မှာ ကျင်းပတယ်ဆိုပေမယ့် လူတွေ တော်တော်များတယ်။ ကျွန်မတို့ က ကိုယ့်ရွာ၊ ကိုယ့်မြို့နယ်မှာလည်းအခမ်းအနားကျင်းပတာပဲ။ ဒါပေမဲ့ ဗဟိုအခမ်းအနားကို တက်ရောက်ချင်လို့ ရောက်လာတာဖြစ် တယ်’’ဟု  အခမ်းအနားတက် ရောက်သူ မိသဇင်မော်က ပြော သည်။

မွန်ပြည်သစ်ပါတီ(NMSP) က တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ကို လက်မှတ်ရေးထိုးမည် ဟု ထုတ်ပြန်ခဲ့ခြင်းသည် ငြိမ်း ချမ်းရေးခြေလှမ်းတစ်လှမ်းဟု ဆို နိုင်ကြောင်း မွန်အမျိုးသားနေ့ အ ခမ်းအနားသို့ ဒေါ်အောင်ဆန်းစု ကြည်ပေးပို့သော သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

သထုံမြို့နယ် ဒင်္ဂါးဆိပ်ကျေးရွာတွင် ၂၀၁၈ ဖေဖော်ဝါရီ ၁ ရက်နံနက်က ပြုလုပ်သည့် မွန်အမျိုး သားနေ့အခမ်းအနားတွင် ကျင်းပရေးကော်မတီမှ ဦးမင်းတင်နွယ်က သ၀ဏ်လွှာကို ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။

မွန်ညီနောင် သမလမင်းနှင့် ၀ိမလမင်းနှစ်ပါးက ဟံသာဝတီမင်း နေပြည်တော်ကြီးကို တည် ထောင်သည့် သာသနာနှစ် ၁၁၁၆  တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ ကို မွန်အမျိုးသားနေ့အဖြစ် သတ် မှတ်ရန် ၁၉၄၆ ဒီဇင်ဘာ ၂ ရက် တွင် သံဖြူဇရပ်မြို့နယ် ပငကျေးရွာ၌ကျင်းပသော မွန်တိုင်းရင်း သားအစည်းအရုံး ပထမအကြိမ်ညီလာခံက ဆုံးဖြတ်ခဲ့ပြီးနောက် ၁၉၄၈ က စတင်ကာ မွန်အမျိုးသားနေ့ကို နှစ်စဉ်ကျင်းပကြောင်း ကျင်းပရေးကော်မတီ အဖွဲ့ဝင်အချို့က ပြောသည်။

သထုံမြို့နယ်တွင် မွန်အမျိုး သားနေ့ မြို့နယ်အဆင့်အခမ်းအ နား နှစ်စဉ်ပြုလုပ်ကာ ဗဟို အဆင့်အခမ်းအနားများကို ၁၉၉၇ ကစတင်ကာ မွန်ပြည်နယ်ရှိ မုဒုံ၊ ချောင်းဆုံ၊ သံဖြူဇရပ်၊ ရေးနှင့် ပေါင်မြို့နယ်များတွင်  အလှည့်ကျကျင်းပပြီးနောက်  ယခုနှစ် (၇၁)ကြိမ်မြောက် အခမ်းအနားကို  ကရင်ပြည်နယ် ဘားအံမြို့နယ်၌ ကျင်းပခြင်းဖြစ်သည်ဟု  ၎င်းကပြောသည်။

========================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky