ရှိက်္ခအီဆာ ကာစင်မ် အား ထောက်ခံသည့် ဆန္ဒပြပွဲ ကို ကျယ်ပြန့်စွာ ပြုနိုင်ရန် ဘာရိန်း အိုလမာ မေတ္တာ ရပ်ခံ

  • News Code : 816524
  • Source : ABNA
Brief

အာယာသွလ္လာဟ်ရှိက်္ခအီဆာကာစင်မ်အားထောက်ခံသည့်ဆန္ဒပြပွဲကိုကျယ်ပြန့်စွာ မတ်လ ၉ ရက်နေ့ မှ ၁၄ ရက်နေ့ အထိ ပြုကြရန် ဘာရိန်းအိုလမာ အနေဖြင့် ဘာရိန်း ပြည်သူ လူထု အား မေတ္တာရပ်ခံ သည့် ကြေညာချက် တစ်စောင် ကို ထုတ်ပြန့်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘာရိန်း အိုလမာ အနေဖြင့် ဘာရိန်းပြည်သူ လူထု အား အာယာ သွလ္လာဟ် ရှိက်္ခ အီဆာ ကာစင်မ် အား ကာကွယ် ရန် ရည်ရွယ်ချက် ဖြင့် ဆန္ဒပြ သပိတ်မှောက် ပွဲ ကို ကျယ်ပြန့်စွာ

မတ်လ ၉ ရက်နေ့ မှ ၁၄ ရက်နေ့အထိ ပြုလုပ်ကြရန် ကြေညာချက် တစ်စောင် ကိုထုတ်ပြန်ခဲ့ပါတယ်။

ဘာရိန်း အိုလမာ ၏ ကြေညာချက် စာစောင်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ် ။

بسم الله الرحمن الرحیم

)قُلْ إِنَّمَا أَعِظُكُمْ بِوَاحِدَةٍ أَنْ تَقُومُوا لِلَّهِ مَثْنَى وَفُرَادَى(

ဧကန်မုချ ပြုပြင်တည်းမတ် ပေးမှု ကို မြေပထဝီများ အပေါ် တည်ဆောက်ရန် အဖန်ဆင်းခံများ အနေဖြင့် အလ္လာဟ်ဟိုအရှင်မြတ် အတွက် တော်လှန်ရေး မလုပ်ဘဲ အလ္လာဟ် ဟိုအရှင်မြတ် ၏လမ်းစဉ်တွင် စတေးမှု မပြုဘဲ မဖြစ်နိုင်ချေ။

ဤသည်အလ္လာဟ်ဟို အရှင်မြတ် သခင်၏ နှုတ်ကပတ်တော် ဖြစ်ပါတယ်။ အလ္လာဟ်ဟို အရှင်မြတ် အတွက် (မတရားမှုဆိုင်ရာ ) တော်လှန်ရေးကိုပြုလုပ်ပါ။ ဤ အာယာသ်တော် နှုတ်ကပတ်တော် သည် အောင်မြင်မှု အတွက်သော့ချက် ဖြစ်ပါတယ်။အလ္လာဟ် ဟို အရှင်မြတ် သခင်သည် အန်ဗီယာ များ (အ.စ) ၊ တမန်တော်များ (အ.စ) ၊အောင်လီယာများ (အ.စ) ၏   နှုတ်တော်ဖြင့် မိမိ ပြုပြင်တည်းမတ် ပေး မှတ်မှု ကို ဖော်ထုတ်ခဲ့ပါတယ်။

အိုအမှန်တရားကို လိုလားသူများ တရားမျှတမှု ကိုလိုလားသူများ ၊သာသနာနှင့် နိုင်ငံအတွက် ဂုဏ်သိက္ခာ ရှင်များ ၊အို ကျနော်တို့ နိုင်ငံ၏ သားကောင်း ရတနာများ ယနေ့ အသင်တို့ အသင်တို့တောင်းဆိုသည့် အရာများ ကို ဆွတ်ခူး နိုင်ဖို့ အခွင့်ရသည့်နေ့ ဖြစ်ပါတယ်။ အလ္လာဟ် ဟို အရှင်မြတ် အတွက် (မတရားမှုဆိုင်ရာ ) တော်လှန်ရေးကိုပြုလုပ်ပါ။ အလ္လာဟ်ဟိုအရှင်မြတ် သခင်၏ ရဲဟ်မသ်တော်ရရှိလိမ့်မည် ဖြစ်ပါတယ်။

ကျနော်တို့ (ဘာရိန်း အိုလမာ ) အနေဖြင့် မိုအ်မင် လူထု အား ၊ အလ္လာဟ် ဟို အရှင်မြတ် အပေါ် အားကိုးသူများ ၊၎င်းတို့သည် မလွဲမသွေ အလ္လာဟ်ဟို အရှင်မြတ်၏ ကတိသစ္စာ အပေါ် ယုံကြည် စိတ်ချ ရပြီး သက်ဝင်ယုံကြည်ကြပါတယ်။ ၎င်းတို့ကို မတ်လ ၉ ရက်နေ့ မှ ၁၄ ရက်အထိ ဘာသာရေး နှင့် အမျိုးသားရေး ကိစ္စကိုတရားစီရင်မည့်နေ့ တနည်းအားဖြင့် ဟဇရသ် အာယာ သွလ္လာဟ် ရှိက်္ခ အဲဟ်မဒ် အီဆာ ကာစင်မ် ကိုတရား   စီရင်မည့်နေ့ ကို သမိုင်းထွင်ပြောင်းနိုင်ရန် တက်ရောက်နေရာယူကြပေးရန် ၊ကျယ်ပြန်စွာ ဆန္ဒပြ သပိတ်မှောက် ကြပြီး (( ကျွန်ုပ်တို့၏အိမ် ကို ပြန်မလှည့်ရေး )) (( နောက်ဆုံးထွက်သက်အထိ အသက်ပေးရေး )) ဆိုသည့် ညာသံများ ကိုတိုင်ပြီး သာသနာ၊ နိုင်ငံ ၊ ဂုဏ် သိက္ခာကို ကာကွယ်ရန် မတရားမှု ရက်စက်မှု ၊ကျူးကျော်မှုကို ဇွဲရှိစွာ ခုခံပေးရန် မေတ္တာ ရပ်ခံ အပ်ပါတယ်။

﴿ومن يخرج من بيته مهاجراً الى الله ورسوله ثم يدركه الموت فقد وقع أجره على الله﴾

ဘာရိန်း အိုလမာ

ဂျမဒီယိုလ်အာခေရဟ် ၉ ရက် ဟီဂျရီ ၁၄၃၈ ခုနှစ်

မတ်လ ၈ ရက်နေ့ ၂၀၁၇ခုနှစ်


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky