စက်သုံးဆီတန်ချိန်သန်းချီသိုလှောင်ကန်များတည်ဆောက်ကာ ဆီဈေးကျအောင်လုပ်မည်ဟု ဦးဖြိုးမင်းသိန်းဆို

စက်သုံးဆီတန်ချိန်သန်းချီသိုလှောင်ကန်များတည်ဆောက်ကာ ဆီဈေးကျအောင်လုပ်မည်ဟု ဦးဖြိုးမင်းသိန်းဆို


မြန်မာနိုင်ငံ စီးပွားရေး မြို့တော်၏ဝန်ကြီးချုပ်တစ်ဦးဖြစ် သော ဦးဖြိုးမင်းသိန်းက ပြည်ပမှ တင်သွင်းသုံးစွဲနေရသည့် ဒီဇယ်၊ ဓာတ်ဆီအပါအဝင် စက်သုံးဆီ ဈေးနှုန်းများ လျော့ကျအောင် ဆောင်ရွက်မည်ဟု ဒုတိယသမ္မတ နှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မြန်မာနိုင်ငံ စီးပွားရေး မြို့တော်၏ဝန်ကြီးချုပ်တစ်ဦးဖြစ် သော ဦးဖြိုးမင်းသိန်းက ပြည်ပမှ တင်သွင်းသုံးစွဲနေရသည့် ဒီဇယ်၊ ဓာတ်ဆီအပါအဝင် စက်သုံးဆီ ဈေးနှုန်းများ လျော့ကျအောင် ဆောင်ရွက်မည်ဟု ဒုတိယသမ္မတ နှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောကြားသည်။

တစ်လလျှင် ဒီဇယ်၊ ဓာတ်ဆီတန်ချိန်ခြောက်သိန်းခန့် ပြည်ပမှ တင်သွင်းနေရသော မြန်မာနိုင်ငံ တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်း သည် နိုင်ငံတကာဈေးနှုန်းထက် ပိုများနေကြောင်း မတ်လ ၇ ရက် က ရန်ကုန်တိုင်းတွင် ပြုလုပ်သော အထက်ပါတွေ့ဆုံပွဲတွင် ဝန်ကြီး ချုပ်က ပြောသည်။

ထိုအခြေအနေကို ကုစားရန် တန်ချိန် သန်းချီစက်သုံးဆီသို လှောင်နိုင်သော သိုလှောင်ကန် များတည်ဆောက်ပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှစတင်၍ စက်သုံးဆီ ကဏ္ဍတွင် ပြုပြင်ပြောင်းလဲ၍ ဈေးကျစေရန် ဆောင်ရွက်မည်ဟု ဝန်ကြီးချုပ်က ပြောသည်။

‘‘အစိုးရကိုယ်တိုင်က မမြင် ရတဲ့လက်နဲ့ ထိန်းဖို့ ပြင်ဆင်နေပါ တယ်။ ကျွန်တော်တို့ ကုမ္ပဏီထူ ထောင်ဖို့လည်း ကြိုးစားနေပါ တယ်။ စက်သုံးဆီသိုလှောင်မှုက ခြောက်လစာလောက်အထိ ထိန်း ထားနိုင်ရင် ဈေးကို လျှော့ချလို့ ရပါမယ်’’ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

မြန်မာနိုင်ငံ၏ စက်သုံးဆီ ဈေးနှုန်းသည် သိုလှောင်ခွင့်ရှိသူ များ၏ ထိန်းချုပ်မှုအောက်တွင် သာရှိနေသည်ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

စက်သုံးဆီဈေးနှုန်းကို နေ့စဉ် ပေါက်ဈေးဖြင့် တွက်ချက် ရောင်းချနေခြင်းထက် ခြောက်လ၊ တစ်နှစ်အထိ အသုံးပြုနိုင်ရန် ဈေးနိမ့်ချိန်တွင် ဝယ်ယူသိုလှောင်ပြီး ပြန်လည်ရောင်းချနိုင်မည့် သိုလှောင်ရုံကန်များဖြင့် ထားသည့် ပုံစံမျိုး ဝန်ကြီးချုပ်က လိုလားနေ သည်။

အရေးပေါ်အခြေအနေတစ် ခုခုတွင် စက်သုံးဆီကို ကာလကြာ ရှည်စွာ ထိန်းသိမ်းနိုင်မှသာ နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုကို ပိုမိုထိန်းနိုင်မည်ဟု ဝန်ကြီးချုပ်က ဆိုသည်။

‘‘သိုလှောင်ကန်ရှိနေတဲ့သူ တွေက ဈေးကွက်ကို လက်ဝါးကြီး အုပ်ထားတာမျိုးမရှိပါဘူး။ ယှဉ် ပြိုင်ပြီး ရောင်းနေရတာပဲ၊ အကျိုး အမြတ်ကလည်း ခပ်ပါးပါးပဲရပါ တယ်’’ဟု မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချသူများအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့် က ပြောသည်။

ရန်ကုန်တိုင်းတွင် လက်ရှိ စက်သုံးဆီသိုလှောင်ရေးလုပ်ငန်း ကို ကုမ္ပဏီလေးခုက လုပ်ဆောင် နေကြောင်း၊ စက်သုံးဆီသိုလှောင် ခြင်းလုပ်ငန်းကို ကုမ္ပဏီ ၁၅ ခု ကို ခွင့်ပြုထားသော်လည်း ကျန် ကုမ္ပဏီများက လက်ရှိအချိန်ထိ လုပ်ဆောင်မှုမရှိကြောင်း ဒေါက် တာဝင်းမြင့်က ဆိုသည်။

ထို့အပြင် ရန်ကုန်တိုင်းတွင် စက်သုံးဆီဆိုင်ဖွင့်လှစ်ခွင့်ပြုရန် ကြန့်ကြာနေမှုများက လုပ်ထုံးလုပ်နည်းအရ ပတ်ဝန်းကျင်ခွင့်ပြုချက် များ ရယူရခြင်းကြောင့် ဖြစ် ကြောင်း ဝန်ကြီးချုပ်က ပြော သည်။

========================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Mourining of Imam Hossein
We are All Zakzaky