ပြည်တွင်းစစ်ရပ်တန့်ရန် ဆန္ဒဖော်ထုတ်မှုမှ ဦးဆောင်သူအချို့အမှုဖွင့် ခံရ

ပြည်တွင်းစစ်ရပ်တန့်ရန် ဆန္ဒဖော်ထုတ်မှုမှ ဦးဆောင်သူအချို့အမှုဖွင့် ခံရ

ရန်ကုန်နှင့် မန္တလေး တွင် ပြည်တွင်းစစ်ရပ်တန့်ရေးနှင့် ပိတ်မိစစ်ရှောင်များ ကယ် ထုတ်ပေးရန် ဆန္ဒထုတ်ဖော်သူ များအနက် ဦးဆောင်သူအချို့ကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့်အာ ဏာပိုင်များက အမှုဖွင့်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ရန်ကုန်နှင့် မန္တလေး တွင် ပြည်တွင်းစစ်ရပ်တန့်ရေးနှင့် ပိတ်မိစစ်ရှောင်များ   ကယ် ထုတ်ပေးရန် ဆန္ဒထုတ်ဖော်သူ များအနက် ဦးဆောင်သူအချို့ကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့်အာ ဏာပိုင်များက အမှုဖွင့်ခဲ့သည်။

ရန်ကုန်တွင် လူ့ဘောင် သစ်လူငယ်အဖွဲ့၊ဗကသကျောင်း သားများ သမဂ္ဂအဖွဲ့ချုပ်နှင့် ကချင်လူငယ်များက  ပြည်တွင်း စစ်ရပ်တန့်ရေး၊ ကချင်ပြည်နယ် တွင်ဖြစ်ပွားနေသောတိုက်ပွဲတွင်း ပိတ်မိနေသည့် စစ်ရှောင်ပြည်သူ များ ဘေးကင်းလွတ်မြောက်ရေး တို့ကိုလမ်းလျှောက်  ဆန္ဒထုတ် ဖော်ခဲ့သည်။

ထိုသို့ ဆန္ဒထုတ်ဖော်သူ ၅၀ ကျော်အနက် ဦးဆောင်သူများဖြစ် သည့် လူ့ဘောင်သစ်လူငယ်အဖွဲ့ မှ ကိုမျိုးစော့၊ ကိုရဲအောင်အေး နှင့် ဗကသကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်မှ ကိုဇေယျ၊ ကို ကောင်းထက်ကျော်တို့ကိုကျောက် တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးယာ ယီရဲမှူးမျိုးသက်က တရားလိုပြု လုပ်၍ အမှုဖွင့်ခြင်းဖြစ်သည်။

အမှုဖွင့်ခံရသူ လူ့ဘောင် သစ်လူငယ်အဖွဲ့မှ ကိုမျိုးစော့က ‘‘ငြိမ်းစုစီကိစ္စအကြောင်းကြားရင် လည်းသူတို့က ပေးမှာလားပေါ့။  ဟိုတစ်နေ့က စစ်ဘေးရှောင်ပြည် သူတွေအတွက် အလှူခံတာ တောင်မှ တရားစွဲတာမျိုးတွေ လုပ်တော့မယ်။ စစ်ဘေးသင့် ပြည်သူတွေအတွက် ဆုတောင်း  ရင်တောင်မှ တရားစွဲမယ်လို့သူ တို့ပြောထားတာတွေရှိတယ်။ ဆို တော့ ဒီအတွက် စာတင်ရင်ကော  ခွင့်ပြုချက်ရမှာလား၊ ကျွန်တော် တို့မယုံကြည်ပါဘူး’’ ဟု ရှင်းပြ သည်။

၎င်းတို့အဖွဲ့သည်  မေလ ဆန်းကလည်း ကမာရွတ်မြို့နယ် လှည်းတန်းနှင့် စမ်းချောင်းမြို့ နယ်၌စစ်ဘေးသင့် ပြည်သူများ အတွက် သီချင်းဆိုကာ အလှူခံ ခြင်း၊ ဖယောင်း တိုင်မီးများထွန်း၍ ဆုတောင်းခြင်းပြုလုပ်ခဲ့သည်။

ထို့အပြင် ပြည်မြို့တွင် လည်း တိုက်ပွဲတွင်း ပိတ်မိပြည်သူ များ လွတ်မြောက်ရေး ပြည်မြို့မှ  ကချင်ပြည်နယ်သို့ လမ်းလျှောက် တောင်းဆိုသူနှစ်ဦးကို အောင်လံ မြို့နယ်တွင် ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ဖြင့် အရေးယူခဲ့သည်။

 ထို့အပြင် မန္တလေးတွင် တိုင်းရင်းသားဒေသများ၌  ထိုးစစ် များ အမြန်ဆုံးရပ်ဆိုင်းရေးနှင့် ကချင်ပြည်နယ်အတွင်း ပိတ်မိ ပြည်သူများ အမြန်ဆုံးလွတ် မြောက်ရေး ဆန္ဒပြတောင်းဆို သူများအနက် ဦးဆောင်သူ သုံးဦး ကိုချမ်းအေးသာစံမြို့နယ် ရဲတပ် ဖွဲ့မှူးက တရားလိုပြုလုပ်ကာ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ဖြင့်အမှု ဖွင့်ထားသည်။မန္တလေးမြို့ ဈေးချိုတော်အ  နီးတွင် ဆန္ဒပြသူများသည် ငြိမ်း ချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့် လည်ခြင်းကို သက်ဆိုင်ရာရဲတပ် ဖွဲ့ထံအသိပေးတင်ပြခြင်း မရှိဘဲ စုဝေး၊ စီတန်းလှည့်လည်ဆန္ဒ ထုတ်ဖော်ခဲ့သဖြင့် အမှုဖွင့်ခြင်း ဖြစ်ပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေသည်ဟု ရဲမှတ် တမ်းတွင်ဖော်ပြထားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများ အားထောက်ပံ့ကူညီနေကြောင်း သတင်းထုတ်ပြန်ထားသည်။

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်လို ပါက ငြိမ်းစုစီဥပဒေအရ ကြွေး ကြော်သံ၊ ရည်ရွယ်ချက်နှင့် ပြု လုပ်လိုသည့် အချိန်အပိုင်းအခြား၊  ဦးဆောင်သူတို့အကြောင်းကို သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ထံ ၄၈ နာရီကြိုတင် အသိပေး အကြောင်းကြားရမည်ဖြစ်သည်။  ငြိမ်းစုစီပုဒ်မ ၁၉သည် ပြစ်မှု ထင် ရှားပါက သုံးလထက်မပိုသော  ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံး သောင်းထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်။ ထိုပြစ်မှုကို   ထပ်မံကျူးလွန်ကြောင်း ထင် ရှားပါက တစ်နှစ်ထက်မပိုသော  ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ် သိန်းထက်မပိုသော ငွေဒဏ်ဖြစ် စေ၊  ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်။

========================
251 / End
 


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Arba'een
Mourining of Imam Hossein
We are All Zakzaky