မြိတ်တက္ကသိုလ် ၃ ခုက ကျောင်းသားများကို ထိုင်းနိုင်ငံက ပညာသင်ဆုများပေးမည်

မြိတ်တက္ကသိုလ် ၃ ခုက ကျောင်းသားများကို ထိုင်းနိုင်ငံက ပညာသင်ဆုများပေးမည်

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာရှိတဲ့ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နဲ့ မြိတ်တက္ကသိုလ်တွေအတွက် ထိုင်းနိုင်ငံက ပညာသင်ဆုတွေ ချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တနင်္သာရီတိုင်း၊ မြိတ်မြို့မှာရှိတဲ့ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နဲ့ မြိတ်တက္ကသိုလ်တွေအတွက် ထိုင်းနိုင်ငံက ပညာသင်ဆုတွေ ချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံက ဘုရင့်တက္ကသိုလ် King Mongkut’s of Technology အနေနဲ့ မြိတ်မြို့မှာရှိတဲ့ တက္ကသိုလ်တွေ ကျောင်းသူ/သားတွေကို ပညာသင်ဆုပေးဖို့ ဇွန် ၇ ရက်နေ့က မြိတ်မြို့၊ ဂရင်းဂျိတ်ဟိုတယ်မှာ လာရောက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မြိတ်မြို့ရဲ့ စီးပွားရေး၊ ပညာရေး တိုးတက်စေဖို့ ရည်ရွယ်ပြီး အခုလို ပညာသင်ဆုတွေ လာရောက်ချီးမြှင့်တာလို့ AKM Tourism မှ ဦးအောင်ကြည်မြင့်က ပြောပါတယ်။

အဲဒီတက္ကသိုလ်က အစိုးရတက္ကသိုလ်ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ အဓိက တက္ကသိုလ်ဖြစ်တဲ့ အပြင် ကမ္ဘာ့အဆင့်ကို တက်လှမ်းနေပြီ ဖြစ်ပါတယ်။

တက္ကသိုလ်ကျောင်း ၃ ကျောင်းက ကျောင်းသား ၂ ဦးစီ Beachlor အတန်းအတွက် တက်ခွင့်ရမှာဖြစ်ပြိး Master တန်းအတွက် ၁ ဦး၊ Ph.D တန်းအတွက် ၁ ဦးလည်း တက်ခွင့်ရမယ်လို့ ဆိုပါတယ်။

Bachelor တန်းအတွက် ၄ နှစ်အတွက် ကျောင်းလခလွတ်ငြိမ်းခွင့် ၁ လ ထောက်ပံ့ကြေး ဘတ် ၁ သောင်းခွဲ ရရှိမှာ ဖြစ်ပြီး Master တန်း စာသင်နှစ် ၄ နှစ်အတွက် ဘတ် ၃၂၀၀၀၀၊ ထောက်ပံ့ကြေး လစဉ် ဘတ် ၁ သောင်းခွဲ နဲ့ နေစရာ စီစဉ်ပေးမယ်လို့ သိရပါတယ်။

Ph.D တန်း စာသင်နှစ် ၃ နှစ်အတွက် ဘတ် ၇ သိန်း ၂ သောင်း၊ လစဉ်ထောက်ပံ့ကြေး ဘတ် ၁ သောင်းခွဲနဲ့ နေရာထိုင်ခင်းစီစဉ်ပေးမှာဖြစ်ပြီး ပညာသင်ဆု ရရှိသူတိုင်း သင်တန်း ၁ နှစ်အတွက် အသွားအပြန် လောယာဉ်လက်မှတ် အခမဲ့ရမယ်လို့ ဦးအောင် ကြည်မြင့်က ပြောပါတယ်။

“စာချုပ်ထဲမှာတော့ပညာသင်ဆုရပြီး ဘွဲ့ရလာတဲ့ သူက မြိတ်ခရိုင်မှာ ၂ နှစ် အလုပ်အကျွေးပြုရမယ်။ မြိတ်တက္ကသိုလ် ၃ ခုမှာ ပညာသင်နေတဲ့ကျောင်းသူ/ သားများဆိုပေမယ့် တခြားမြို့ကနေလာရောက်ကျောင်းတက်တဲ့ သူတွေလည်း ၀င်ရောက်ရွေးချယ်ခွင့်ရှိပါတယ်။ တခြားချုပ်ခြယ်မှုတွေ မရှိပါဘူး။ Masterတန်းအတွက် အသက် ၃၅ နှစ် အောက်နဲ့ Ph.D တန်းအတွက် အသက် ၄၀ ထက်မကြီးတဲ့ သူတွေဖြစ်ရပါမယ်။”

ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှ တက္ကသိုလ် ကျောင်းသားတွေကို ပညာသင်ဆုပေးဖို့ အစီအစဉ်တွေ ရှိပေမယ့် MOU ထိုးဖို့ နှောင့်နှေးတာတွေ ရှိနေကြောင်း သိရပါတယ်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Quds cartoon 2018
We are All Zakzaky