NCA လက်မှတ်ထိုး ၁၀ ဖွဲ့ထိပ်သီးအစည်းအဝေးသို့ NCA မထိုးရသေးသည့်အဖွဲ့များကို ဖိတ်ကြား

NCA လက်မှတ်ထိုး ၁၀ ဖွဲ့ထိပ်သီးအစည်းအဝေးသို့ NCA မထိုးရသေးသည့်အဖွဲ့များကို ဖိတ်ကြား


တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA)လက်မှတ်ထိုးတိုင်း ရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များအစည်း အဝေးတက်ရောက်ရန် NCA မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဖိတ် ကြားထားကြောင်း ကရင်အမျိုး သားအစည်းအရုံး(KNU)ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြော သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA)လက်မှတ်ထိုးတိုင်း ရင်းသားလက်နက်ကိုင်  ၁၀ ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များအစည်း အဝေးတက်ရောက်ရန် NCA မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဖိတ် ကြားထားကြောင်း ကရင်အမျိုး သားအစည်းအရုံး(KNU)ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြော သည်။

ပြည်ထောင်စုနိုင်ငံရေးဆွေး နွေးမှုညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင်များဖြစ်သည့် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ များနှင့် ကရင်နီအမျိုးသားတိုး တက်ရေးပါတီ(KNPP) တို့ကို စက်တင်ဘာ ၇ ရက်တွင်ဖိတ် ကြားခဲ့သည်ဟု ၎င်းကဆိုသည်။

သို့ရာတွင် စက်တင်ဘာ ၈ ရက်၌ စတင်သည့်ထိပ်သီးအ စည်းအဝေးပထမနေ့တွင် ယင်း အဖွဲ့များမှ ခေါင်းဆောင်ကိုယ်စား လှယ်များတက်ရောက်နိုင်ခြင်း မရှိသေးပေ။

‘‘ကျွန်တော်တို့ ဆောင်ရွက် မှုတွေကို သူတို့သိသွားနိုင်ဖို့အ တွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှာ သူတို့ပါလာနိုင်ဖို့အတွက်ပေါ့။ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ၊ ကျွန်တော်တို့ ပူးပေါင်းဆောင် ရွက်မယ့်အနေအထားတွေ သူ တို့သိသွားနိုင်ဖို့အတွက်ပါ’’ ဟု ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။

NCA လက်မှတ်ထိုးအဖွဲ့ အစည်းအဝေးကို စက်တင်ဘာ ၁၁ ရက်အထိ လေးရက်ကြာ ကျင်းပမည်ဖြစ်ရာ နောက်ပိုင်း ရက်များတွင် အဖွဲ့အချို့မှ ခေါင်း ဆောင်ကိုယ်စားလှယ်များတက် နိုင်မည့်အလားအလာရှိကြောင်း ၎င်းကဆိုသည်။ ထိပ်သီးအစည်းအဝေး ပထမနေ့တွင် NCA လက်မှတ်ထိုးအဖွဲ့များမှ ကိုယ်စားလှယ်များဖြင့် စုဖွဲ့ထားသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၊ NCAလက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မ တီ (NCA-S EAO UPDJC)နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (NCA-S EAO JMC)တို့က လုပ်ငန်းဆောင်ရွက် မှုအခြေအနေများနှင့်ကြုံတွေ့ရသည့်အခက်အခဲများ တင်ပြခဲ့သည်။

ထို့အပြင် ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံကျင်းပသည့်ပုံစံ အပေါ် တစ်ဖွဲ့ချင်းစီက သုံးသပ် မှုများကို အစည်းအဝေးသို့ တင်ပြ ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်ဆိုင်ရာဆွေး နွေးခြင်းကို လာမည့်အစည်းအ ဝေးရက်များတွင် ပြုလုပ်မည်ဖြစ် ကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

ယင်းထိပ်သီးအစည်းအဝေး တွင် ၂၁ ရာစုပင်လုံတတိယအ စည်းအဝေးနှင့် နိုင်ငံရေးဆွေးနွေး မှုဆိုင်ရာမူဘောင်ပြန်လည်သုံး သပ်ခြင်းအပါအ၀င် အပစ်ရပ်အ ဖွဲ့များ၏ ရှေ့ဆက်ဆောင်ရွက် မည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ နှင့်ပတ်သက်သည့်ကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်သည်။ ယင်းအ စည်းအဝေးတွင် ၂၁ ရာစု ပင်လုံ ညီလာခံသုံးကြိမ် ကျင်းပရေး ကိစ္စ၊ NCA လက်မှတ်ရေးထိုး ခြင်းသုံးနှစ်ပြည့်ပွဲ ကျင်းပခြင်း ပြု၊မပြုကိစ္စကို ဆွေးနွေးဆုံးဖြတ် ဖွယ်ရှိသည်။

ယခုအစည်းအဝေးသို့ ဖေ ဖော်ဝါရီတွင် NCA လက်မှတ်ထိုး သည့် မွန်နှင့်လားဟူအဖွဲ့မှခေါင်း ဆောင်များ ပထမအကြိမ် တက်ရောက်ခဲ့သည်။

တိုင်းရင်းသားအဖွဲ့အစည်း များ၏ ရည်မှန်းချက်အောင်မြင် ရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သာ တစ်ခုတည်းသော လမ်းစဖြစ် သည်ဟု ကရင်အမျိုးသားအစည်း အရုံး (KNU)ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ညီလာခံအ ဖွင့်မိန့်ခွန်းတွင် ပြောကြားသည်။

သို့ရာတွင် ဆယ်စုနှစ်များစွာ ဖြတ်သန်းခဲ့ရသည့် စနစ်အမျိုးမျိုး ၏ ပုံဖော်မှုများကြောင့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ရှုမြင်ရာ၌ တစ် ဖက်နှင့်တစ်ဖက်အကြား နက်ရှိုင်း သည့်ကွာဟမှုများရှိနေကြောင်း KNU ဥက္ကဋ္ဌကပြောသည်။

‘‘ဒါကြောင့် ဒီကွာဟမှုကို ဖြေရှင်းနိုင်ဖို့အတွက် သဘော ထားကြီးမှု၊ အမြင်ကျယ်မှုနဲ့ အ မျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံတဲ့စိတ်ဓာတ်တွေမွေးမြူ ဖို့လိုပါတယ်’’ ဟု ၎င်းကဆိုသည်။

လက်ရှိတွင် နိုင်ငံရေးဆိုင် ရာသဘောတူညီချက်များမရှိ၍ NCA အရကျင်းပနေသည့် နိုင်ငံ ရေးဆွေးနွေးပွဲများ၌ အခက်အ ခဲများကြုံနေရသည်ဟု ဗိုလ်ချုပ် ကြီးစောမူတူးစေးဖိုးက ဆိုသည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky