အလ်အဝါမီယာ မြို့ တွင် ဆော်ဒီ စစ်တပ် ၏ တိုက်ခိုက်မှု ဆက်လက် ဖြစ်ပွားနေ

  • News Code : 846838
  • Source : ABNA
Brief


ဆော်ဒီ စစ်တပ် အနေဖြင့် ဆော်ဒီ နိုင်ငံ အရှေ့ ပိုင်းရှိ အလ်အဝါမီယာ မြို့ တွင် နောက်ထပ် တစ်ကြိမ် ထပ်မံ၍ တိုက်ခိုက်မှု များကို ပြုလုပ်လာပါတယ်။ ဤ အတွက် ကြောင့် ၎င်း မြို့နေ တစ်ဦးလည်း ရှဟီးဒ် ဖြစ်ခဲ့ရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အလ်မီနာ သတင်းဌာန ၏ သတင်းအထောက်အထား အရ ဆော်ဒီ စစ်တပ် အနေဖြင့် ဆော်ဒီ နိုင်ငံ အရှေ့ ပိုင်းရှိ လူဦးရေ ၃သောင်း ရှိ အလ်အဝါမီယာ မြို့ တွင် နောက်ထပ် တစ်ကြိမ် ထပ်မံ၍ တိုက်ခိုက်မှု များကို ပြုလုပ်လာပါတယ်။

ဤ အတွက် ကြောင့် ၎င်း မြို့နေ တစ်ဦးလည်း ရှဟီးဒ် ဖြစ်ခဲ့ရပြီး အချို့ ဒဏ်ရာ ရရှိခဲ့ ပါတယ်။

ဆော်ဒီ စစ်တပ်မှ အနည်းဆုံး မြို့ နေ တစ်ဦးကို လည်းဖမ်းဆီးပြီး ခေါ်ဆောင်သွားခဲ့ပါတယ်။ ဆော်ဒီ စစ်တပ် အနေဖြင့် အလ်အဝါမီယာ မြို့ တစ်မြို့လုံးကို ဝိုင်းရံ ပိတ်ဆို့ ထားပါတယ်။

သတင်းထောက်များ နှင့် ကမ္ဘာ့ အဖွဲ့အစည်းများ ၏ကိုယ်စားလှယ်တော်များ ကို အခင်း ဖြစ်ပွားနေသည့် မြို့ အတွင်း ဝင်ရောက်ခွင့်မပြု ကြောင်း သတင်းရရှိပါတယ်။

အမေရိကန် သမ္မတ ဒေါနယ်ထရန့်ဗ် သည် ဆော်ဒီ နိုင်ငံ ရေယာဇ်မြို့ သို့ အလည်အပတ် နှစ်နိုင်ငံ ချစ်ကြည်ရေး ခရီး ရောက်ပြီးနောက်ပိုင်း ဆော်ဒီ ဘုရင် အာဏာပိုင်များ မှ အလ်အဝါမီယာ မြို့ ကို စနစ်တကျ စစ်တပ်လွတ်၍ မတရား ညှဉ်းပန်းရက်စက် သတ်ဖြတ်မှု ကို စတင်ခဲ့ခြင်း ဖြစ်ပါတယ်။

ယခုထိ ဆက်လက် ပြုနေဆဲ ဖြစ်ပါတယ်။

ဗြိတိန် ဂျာနယ် အား အလ်အဝါမီယာနေ မြို့ နေပြည် သူများ၏ သတင်းပေးမှု ဖြင့် ဆော်ဒီ စစ်တပ်၏ ပစ်ခတ် တိုက်ခိုက်မှု ကြောင့် မြို့နေ သူ ၂၅ ယောက် ရှဟီးဒ် ဖြစ်သွား ပြီး ဖြစ်ကြောင်း သိရှိ ခဲ့ရပါတယ်။
===========
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Mourining of Imam Hossein
မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky