မန္တလေး ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ပြည်ပစီးပွားရေးလုပ်ငန်းရှင် ၂၀၀ ခန့်ကို ဖိတ်ခေါ်ရှင်းလင်းမည်

မန္တလေး ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ပြည်ပစီးပွားရေးလုပ်ငန်းရှင် ၂၀၀ ခန့်ကို ဖိတ်ခေါ်ရှင်းလင်းမည်

မန္တလေး ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ၂၀၁၈ တွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုအဖွဲ့များနှင့် စီးပွား ရေးလုပ်ငန်းရှင် ၂၀၀ ခန့်ကို ဖိတ် ခေါ်ရှင်းလင်းပြသမည်ဟု မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အ တွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 မန္တလေး ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ၂၀၁၈ တွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုအဖွဲ့များနှင့် စီးပွား ရေးလုပ်ငန်းရှင် ၂၀၀ ခန့်ကို ဖိတ် ခေါ်ရှင်းလင်းပြသမည်ဟု မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အ တွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုကော် မရှင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မန္တလေးတိုင်း ကုန် သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်း၊ New Star-light ကုမ္ပဏီတို့ ပူးပေါင်း၍ နိုဝင် ဘာ ၉ ရက်နှင့် ၁၀ ရက်တွင် မန္တလေး ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပမည်ဖြစ်သည်။

 မန္တလေးတိုင်းအတွင်း ရင်းနှီးမြှုပ်နှံနိုင်သော အခွင့်အလမ်းများနှင့် ပရောဂျက်များပြုလုပ်နိုင် သည့် နေရာများ ပိုမိုသိရှိရန်ယင်းဖိုရမ်ကို ပြုလုပ်ခြင်းဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ဆိုသည်။

‘‘မန္တလေးတိုင်းအတွင်းမှာ မကြာခင် အကောင်အထည်ဖော် မယ့် စီမံကိန်းတွေက ဘာတွေရှိ မယ်၊ အနာဂတ်မှာ ဘာတွေရှိမယ် ဆိုတာကို ပြည်တွင်း၊ ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေသိအောင် ဖိတ်ခေါ်ပြီး ရှင်းလင်းပြသသွားမှာ ဖြစ် ပါတယ်’’ဟု ၎င်းက ပြောသည်။

ထို့အပြင် ယင်းဖိုရမ်သို့ တက် ရောက်ရန် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင် ၅၀၀ ခန့်ကို ဖိတ်ခေါ်မည်ဟု ဦးအောင်နိုင်ဦးက ပြော သည်။

ဖိုရမ်၌ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲများအပြင် မန္တလေး တိုင်းရှိ စီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပြခန်း ၂၀၀ ခန့်ဖြင့် နိုဝင်ဘာ ၉ ရက်မှ ၁၁ ရက်အထိ သုံးရက်ကြာ ပြသရန် စီစဉ် ပေးထားကြောင်း New Starlightကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်း က ပြောသည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Arba'een
Mourining of Imam Hossein
We are All Zakzaky