ဆီးရီးယား အစိုးရ အနေဖြင့် မည်သည့်အခါမှ ဓာတု လက်နက်များ ကို မသုံးခဲ့သလို သုံးမှာလည်း မဟုတ်ချေ / ဝလီးဒ် အလ်မိုအလင်မ်

  • News Code : 822421
  • Source : ABNA
Brief

ဆီးရီးယား နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဝလီးဒ် အလ်မိုအလင်မ် အနေဖြင့် ဆီးရီးယား အစိုးရ အနေဖြင့် မည်သည့်အခါမှ ဓာတု လက်နက်များ ကို မသုံးခဲ့သလို သုံးမှာလည်း မဟုတ် ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးဆော်ဒီ နိုင်ငံ၏ လုပ်ရပ်မှန် သမျှသည် မွတ်စလင်မ် အွန်မသ် အတွင်း မစည်းလုံးအောင် ဂိုဏ်းကွဲအောင် ပြုခြင်း နှင့် အမေရိကန် နှင့်အစ္စရေး တို့၏ အကျိုး အမြတ် အတွက် သာ ကူညီနေတာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဲဟ်သတင်းဌာန၏ သတင်းအထောက် အထားများ အရ ဆီးရီးယား နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဝလီးဒ် အလ်မိုအလင်မ် အနေဖြင့် ဆီးရီးယား အစိုးရ အနေဖြင့် မည်သည့်အခါမှ ဓာတု လက်နက်များ ကို မသုံးခဲ့သလို သုံးမှာလည်း မဟုတ် ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဆော်ဒီ နိုင်ငံ၏ လုပ်ရပ်မှန် သမျှသည် မွတ်စလင်မ် အွန်မသ် အတွင်း မစည်းလုံး အောင် ဂိုဏ်း ကွဲအောင် ပြုခြင်း နှင့် အမေရိကန် နှင့်အစ္စရေး တို့၏ အကျိုး အမြတ် အတွက် သာ ကူညီ နေတာ ဖြစ် ကြောင်းလည်း ပြောကြား ခဲ့ကြောင်း သိရှိ ခဲ့ရပါတယ်။

ဆီးရီးယား နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး အနေဖြင့် အဲဒ်လစ်ဗ် (အီလစ်) တွင် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှု ကို ပြစ်တင်ဝေဖန် ရှုံချ ခဲ့ပါတယ်။ ပြီးနောက် အဲဒ်လစ်ဗ် (အီလစ်) တွင် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှု မှာ အမေရိကန် နှင့် ၎င်း ၏ မဟာမိတ် နိုင်ငံများ ဘက်မှ ဆီးရီးယား အစိုးရ ကို ဆန့်ကျင် ဖို့ တမင် ပူးပေါင်းကြံစည် လုပ်ကြံ မှုတစ်ခု ဖြစ်ကြောင်း အကြမ်းဖက် အစွန်းရောက် အဖွဲ့များ ကို ဆီးရီးယား မြေ မှ မစွန့် ခွာသွားစေရန် ဓာတု လက်နက် တိုက်ခိုက်မှု ကို အကြောင်းပြ ပေးနေကြောင်း ၊ ဆီးရီးယား အနေဖြင့် ဓာတု လက်နက်များ မသုံးစွဲ မှု နှင့် ပတ် သက်ပြီး ကုလ သမဂ္ဂ ကို အသိပေး တင်ပြ ထားပြီး ဖြစ် ကြောင်း ပြော ကြားခဲ့ပါတယ်။

ဆီးရီးယား နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဝလီးဒ် အလ်မိုအလင်မ် အနေဖြင့် ဆီးရီးယား အစိုးရအနေဖြင့် ယုတ်စွ အကြမ်းဖက် သမားများ ကို ပင် သုတ်သင် တိုက်ခက်မှု ပြုရာတွင် ဓာတု လက် နက်များ အသုံးမပြု ခဲ့ကြောင်း အဲဒ်လစ်ဗ် (အီလစ်) တွင် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှု သည် အကြမ်းဖက် အစွန်းရောက်သူပုန်များ အမေရိကန် နှင့် ၎င်း ၏မဟာမိတ် များ တို့၏ ထင်ရှား သည့် လုပ်ကြံမှု တစ်ခုဖြစ်ပီး အတိတ်ကာလ ကဲ့သို့ပင် ဆီးရီးယား အစိုး ကို ဆန့်ကျင်သည့် အမေရိကန် နှင့် ၎င်း ၏မဟာမိတ် များ၏ အကြံအစည် များ ဖြစ်ကြောင်း ၎င်းလုပ်ရပ်များသည် အတိတ်ကကဲ့သို့ ပင် အောင်မြင် လိမ့်မည် မဟုတ် ကြောင်း ပြောကြားခဲ့ပါတယ်။

============

251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Mourining of Imam Hossein
မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky