အီရန်သမ္မတအားအိုမန်ဘုရင်မှထွေးထွေးနွေးနွေးကြိုဆို+ ဓာတ်ပုံများ

အီရန် အစ္စလာမ်မစ်သမ္မတနိုင်ငံ ၏ သမ္မတ ဟွဂ်ျဂျသိုလ်အစ္စလာမ် ဒေါက်တာ ဟစန် ရူဟာနီ မှ နိုင်ငံတော်ခရီးစဉ်အဖြစ် အိုမန် နိုင်ငံ သို့ ရောက်ရှိခဲ့ပါတယ်။ အိုမန် ဘုရင် ကာဗူစ် မှ ထွေးထွေးနွေးနွေး ကြိုဆို လက်ခံ ခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၏သမ္မတဟွဂ်ျဂျသိုလ်အစ္စလာမ်ဒေါက်တာဟစန်ရူဟာနီအားတရားဝင်ကြိုဆိုမှုအခမ်းအနား

တွင်နှစ်နိုင်ငံဆိုင်ရာနိုင်ငံတော်သီချင်းများ

ကိုသီဆိုခဲ့ကြပါတယ်။ဂုဏ်သရေရှိအစောင့်တပ်များ၏   အရိုအသေအလေးပေးမှုကိုလည်းပြုခဲ့ကြပါတယ်။

အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၏သမ္မတဟွဂ်ျဂျသိုလ်အစ္စလာမ်ဒေါက်တာဟစန်ရူဟာနီအနေဖြင့်အိုမန် ဘုရင်ကာဗူစ်၏ဖိတ်ခေါ်မှုကြောင့်ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့

မနက်ပိုင်းတွင်အိုမန်နိုင်ငံသို့အရေးကြီးအဖွဲ့ဝင်များနှင့်အတူရောက်ရှိခဲ့ပါတယ်။ အိုမန် လေဆိပ်တွင် အိုမန် အိမ်ရှေ့ မင်းသားမှ ကြိုဆို ဧည့်ခံခဲ့ပါတယ်။

ပြီး နောက် သမ္မတ ဒေါက်တာ ဟစန်ရူဟာနီနှင့် အိုမန် ဘုရင် တို့မှ မိမိတို့နိုင်ငံဆိုင်ရာ ထိပ်တန်း အရာ ရှိများ ကို တစ်ဦးချင်း မိတ်ဆက်ပေးခဲ့ကြပါတယ်။

ဤ တရားဝင် ကြိုဆိုသည့်အခမ်းအနား တွင် နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ် အဖြစ် အမြောက် ၂၁ ချက် ပစ်ဖောက် ခဲ့ပါတယ်။

ကြိုဆိုမှု အခမ်းအနား အပြီး အီရန်သမ္မတ နှင့် အိုမန် ဘုရင် တို့ အကြား တရားဝင် ဆွေးနွေး မှု ကိုပြုလုပ်ခဲ့ကြပါတယ်။ ဆွေးနွေးမှု ပြုရာတွင် အရေးအကြီးဆုံး ကိစ္စ ဖြစ်သည့်

မိမိတို့ ဒေသဆိုင်ရာ ကိစ္စ နှင့် နိုင်ငံတကာ ကိစ္စ ကို ဦးစားပေး အပြန်အလှန် ဆွေးနွေးခဲ့ပါတယ်။

ပြီးနောက် နှစ်နိုင်ငံ အကြီးအကဲများ အကြား တီဟီရန် နှင့်မစ်ကတ်သ် ဆက်သွယ် မှု ပိုမိုကောင်းမွန် ခိုင်ခံ့လာစေရန် လမ်းများ ပေါ်ထွက်လာဖို့ ဆွေးနွေးခဲ့ကြပါတယ်။

အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၏သမ္မတဟွဂ်ျဂျသိုလ်အစ္စလာမ်ဒေါက်တာဟစန်ရူဟာနီအနေဖြင့်အိုမန် ခရီးစဉ်ပြီးနောက် ညနေခင်းပိုင်းတွင် ကူဝိတ် နိုင်ငံသို့ ဆက်လက် သွား ရောက်မည် ဖြစ်ပါတယ်။

====================
251/End

လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Arba'een
Mourining of Imam Hossein
We are All Zakzaky