အီရန်သမ္မတ ရုရှားသမ္မတ ပူတင်၏ ဖိတ်ခေါ် မှုကြောင့် ရုရှား သို့ ခရီးထွက်

အီရန်သမ္မတ ရုရှားသမ္မတ ပူတင်၏ ဖိတ်ခေါ် မှုကြောင့် ရုရှား သို့ ခရီးထွက်


အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ၏ သမ္မတ H.I ဒေါက်တာ ဟစန်ရှုဟာနီ အနေဖြင့် ရုရှား ဖက်ဒရေးရှင်း သမ္မတ ဝလာဒီမာပူတင်၏ တရားဝင်ဖိတ်ခေါ် မှု ကြောင့် အဆင့်မြင့် နိုင်ငံရေး ၊စီပွားရေး အကြီးအကဲများ ပါဝင်သည့် အဖွဲ့ တစ်ဖွဲ့ နှင့်အတူ တနင်းလာနေ့ က ရုရှား နှိင်ငံသို့ ထွက်ခွာ ခဲ့ကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၏သမ္မတ H.I ဒေါက်တာဟစနှ်ုဟာနီ အနေဖြင့် ရုရှား ဖက်ဒရေးရှင်း သမ္မတ ဝလာဒီမာပူတင်၏ တရားဝင်ဖိတ်ခေါ် မှု ကြောင့် အဆင့်မြင့် နိုင်ငံရေး ၊စီပွားရေး အကြီးအကဲများ ၊ နိုင်ငံတကာဆိုင်ရာ ရဲဟ်ဗရ် ၏  အကြံပေး အတိုင်ပင်ခံ အလီအက္က်ဗဲရ် ဝေလာယသ်သီ ပြီးနောက် အစိုးရအဖွဲ့ဝင်များ  ဖြင့် တနင်းလာနေ့ က ရုရှား နှိင်ငံသို့ ထွက်ခွာ ခဲ့ကြောင်း သိရှိရပါတယ်။

နေဟာဝမ်ဒီယာန် အီရန်သမ္မတရုံး ဥက္ကဋ္ဌ ၊ဝါအေဇီး ဆက်သွယ်ရေး နှင့် သတင်းအချက် အလက် နည်းပညာ ဆိုင်ရာ ဝန်ကြီး ၊ ဈန်ကီနေ ရေနံဝန်ကြီး ၊နေအ်မသ် ဇာဒေ စက်မှု ၊သတ္တုတွင်း နှင့် ကုန်သွယ်ရေး ဆိုင်ရာဝန်ကြီး ၊ ဇရီးဖ် နိုင်ငံခြားရေး ဝန်ကြီး ၊ ဆိုက်ဖ် ဗဟိုဘဏ် ဥက္ကဋ္ဌ ၊ ပီရိုဇ်ဗခ်သ် အမျိုးသားရေး ဥက္ကဋ္ဌ နှင့်အခြား တာဝန်ခံ ရာထူးကြီး ပုဂ္ဂိုလ်များ ၊ သမ္မတ၏ အထူး ကိုယ်စားလှယ်များ အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ၏ သမ္မတ H.I ဒေါက်တာ ဟစန်ရှုဟာနီ နှင့်အတူ လိုက်ပါခဲ့ကြပါတယ်။

နှစ်နိုင်ငံဆိုင်ရာ သမ္မတ နှင့် အဖွဲ့ဝင်များ အနေဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး တိုးချဲ့ ဖို့ ၊ နှစ်နိုင်ငံ မဟာဗျူဟာများ ကို အောင်မြင် အောင်ဆောင်ရွက်ဖို့ ၊ နှစ်နိုင်ငံဒေသနှင့် အမျိုးသားရေး ကိစ္စ များ အပြန်အလှန် ဆွေးနွေးကြမည် ဖြစ်ပါတယ်။ နိုင်ငံရေး ၊ စီးပွားရေး၊ တရားမျှတရေး ၊ဥပဒေရေး မြို့ ပြတည်ဆောက်ရေး သတင်းအချက်အလက်ဆိုင်ရာ နည်းပညာ ၊ နျူကလီးယား ကိစ္စ ၊ စံသတ်မှတ်ရေး၊ နှစ်နိုင်ငံ အကြား အားကစားကိစ္စ တို့ကို  နှစ်ဖက်သဘောတူ လက်မှတ် ရေးထိုး ကြမည် ဖြစ်ပြီး အီရန်သမ္မတ ၏ ဤခရီးစဉ် အတွင်း အရေး အကြီးတကာ အကြီးဆုံး အစီ အစဉ်များ ဖြစ်ပြီး  ရုရှ နိုင်ငံ တွင် ၂ရက်တာ ဧည့်သည် အဖြစ် ရှိနေမည် ဖြစ်ပါတယ်။

နှစ်နိုင်ငံ စီးပွားရေး ကဏ္ဍ တွင်  နှစ်ဦး သဘောတူ လက်မှတ်ရေးထိုး ရာတွင် တစ်နှစ်တာ အတွက် ခန့်မှန်း ခြေ ၂ ဘီလီယံ နှင့် သန်း၂၀၀ ဒေါ်လာ ရှိခဲ့ပြီး ၁၀ဘီလီယံ  ကျော်အထိ တိုးလာ နိုင်ကြောင်း သိရှိခဲ့ရပါတယ်။  

အီရန် နှင့်ရုရှား ဆိုင်ရာအီရန်သံ အမတ်  မဲဟ်ဒီစနာရီ ၏ ပြောပြချက်အရ အီရန်နှင့်ရုရှားဆိုင်ရာ ကုန်သွယ်မှုနှင့်စီးပွားရေး ကိစ္စ တွင် ၂၀၁၆ခုနှစ်တွင် ၇၀ % တိုးလာပြီး ၂ ဘီလီယံ နှင့် သန်း၂၀၀ ဒေါ်လာ အထိရောက်ရှိခဲ့ကြောင်း သိရှိ ရပါတယ်။

ရုရှားဝန်ကြီးချုပ်နှင့် အစည်းအဝေး ၊ရုရှာ နေ အီရန် လူမျိုးများ နှင့်တွေ့ဆုံပွဲ ၊မော်စကို တက္ကသိုလ်မှ အီရန် သမ္မတ အား ဂုဏ်ပြုလက်မှတ်ချီးမြှင့်ပွဲ စသည်ဖြင့် လည်းအစီအစဉ်များ ရှိကြောင်း သိရှိခဲ့ ရပါတယ်။

အီရန်သမ္မတရုံး လက်ထောက်ပြန်ကြားရေးတာဝန်ခံ ပရ်ဝေးဇ် အစ်မာအီလီ ၏ ပြောပြချက်အရ ၊ဒေသဆိုင်ရာ နှင့်နိုင်ငံတကာဆိုင်ရာ အရ အီရန်နှင့်ရုရှား နှစ်နိုင်ငံဆိုင်ရာ စိစစ်မှုများ ၊ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ ဖို့ နှစ်နိုင်ငံ ဒေသဆိုင်ရာ အတွက် အပြန်အလှန် အင်အားများ ဖလှယ်ကြရန်၊ ဒေသဆိုင်ရာလုံခြုံရေး ၊နိုင်ငံတကာ အဆင့် အကြမ်းဖက်သမားများကတို ပူးပေါင်း တိုက်ထုတ်ရေး စသည်ဖြင့် သက်ဆိုင်ရာ နှစ်ဖက် မှ တာဝန်ခံများ ဆွေးနွေးကြမည်  ဖြစ်ကြောင်း သိရှိရပါတယ်။

===============================

251 /End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky