အေမာမ်ဂျအ်ဖရ်ဆွာဒီ (အ.စ) ဟဒီးစ်တော် အချို့

အေမာမ်ဂျအ်ဖရ်ဆွာဒီ (အ.စ) ဟဒီးစ်တော် အချို့

ယနေ့ ရှောင်ဝါလ ၂၅ ရက်နေ့ သည် အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံတွင် အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) ၏ ရှဟာဒသ်နေ့ ဖြစ်ပါတယ်။ မနက်ဖန်ဆိုလျှင်အမိ မြန်မာ နိုင်ငံတွင် ဖြစ်ပါတယ်။ အေမာမ် (အ.စ)၏ရှဟာဒသ် အချိန် အခါတွင် အထူးဝမ်းနည်းကြောင်းပြောကြားရင်း အေမာမ် (အ.စ) ၏ ဟဒီးစ်တော် ၅ ပါးကို အဗ်နာ ချစ်ပရိတ်သတ်ကြီးအတွက် ဖော်ပြလိုက်ပါတယ်။

 

အေမာမ်ဂျအ်ဖရ်ဆွာဒီ (အ.စ) ဟဒီးစ်တော် အချို့

ယနေ့ ရှောင်ဝါလ ၂၅ ရက်နေ့ သည် အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံတွင် အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) ၏ ရှဟာဒသ်နေ့ ဖြစ်ပါတယ်။ မနက်ဖန်ဆိုလျှင်အမိ မြန်မာ နိုင်ငံတွင် ဖြစ်ပါတယ်။  အေမာမ် (အ.စ)၏ရှဟာဒသ် အချိန် အခါတွင်  အထူးဝမ်းနည်းကြောင်းပြောကြားရင်း အေမာမ် (အ.စ) ၏ ဟဒီးစ်တော် ၅ ပါးကို အဗ်နာ ချစ်ပရိတ်သတ်ကြီးအတွက် ဖော်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

بسم الله الرحمن الرحیم

အေမာမ်ဂျအ်ဖရ်ဆွာဒီက် (အ.စ) သခင်မိန့်တော်မူ၏။

ကျွန်ုပ်၏ ဟဒီးစ်သည် ကျွန်ုပ်ဖခင်၏ ဟဒီးစ် ဖြစ်ပါတယ်။ကျွန်ုပ်ဖခင်၏ဟဒီးစ်တော် သည် ကျွန်ုပ်၏ အဖိုး၏ ဟဒီးစ်တော်ဖြစ်ပါတယ်။ ကျွန်ုပ် အဖိုး ၏ ဟဒီးစ်တော် သည် အေမာမ် ဟို စိုင်း (အ.စ) ၏ ဟဒီးစ်တော် ဖြစ်ပါတယ်။ အေမာမ် ဟိုစိုင်း (အ.စ)၏ ဟဒီးစ်တော် သည် အေမာမ်ဟစန် အ.စ ၏ ဟဒီးစ်တော် ဖြစ်ပါတယ်။ အေမာမ် ဟစန် (အစ) ၏ ဟဒီးစ်တော် သည် အမီးရွလ် မိုအ်မေနီ (အ.စ) ၏ ဟဒီးစ်တော်ဖြစ်ပါတယ် ။ အမီးရွလ် မိုအ်မေနီ (အ.စ) ၏ ဟဒီးစ်တော်သည် ရစူလ်လေခိုဒါ (ဆွ) ၏ ဟဒီးစ်တော် ဖြစ်ပါတယ်။ ရစူလ်လေခိုဒါ (ဆွ) ၏ ဟဒီးစ်တော် သည် အလ္လာဟ် ဟို အရှင်မြတ် ၏ စကားဖြစ်ပါသည်။

ကျမ်းကိုး

جامع الاحادیث الشیعہ : ج 1 ص 127 ح 102، بحارالا نوار: ج 2، ص 178، ح 28.

==================

2 قالَ عليه السلام: مَنْ حَفِظَ مِنْ شيعَتِنا ارْبَعينَ حَديثا بَعَثَهُ اللّهُ يَوْمَ الْقيامَةِ عالِما فَقيها وَلَمْ يُعَذِّبْهُ

အေမာမ်ဂျအ်ဖရ်ဆွာဒီက် (အ.စ) သခင်မိန့်တော်မူ၏။

ကျွန်ုပ်တို့၏ ရှီအာ မှ အကြင်မည်သူမဆို ဟဒီးစ်တော် အပါး ၄၀ အား အာဂုံဆောင်မည်ဆိုလျှင်  အလ္လာဟ်ဟိုအရှင် သခင်သည် ကေယာမသ်နေ့ တွင် ၎င်းအား အာလင်မ် နှင့် ဖေက်ပညာရှင် အဖြစ် ပြန်လည် ထစေတော်မူမည်။ ၎င်းကို ပြစ်ဒဏ် ပေးမည် မဟုတ်ချေ။

ကျမ်းကိုး

امالی الصدوق : ص 253

==================

3قالَ عليه السلام: قَضاءُ حاجَةِ الْمُؤْمِنِ افْضَلُ مِنْ الْفِ حَجَّةٍ مُتَقَبَّلةٍ بِمَناسِكِها وَ عِتْقِ الْفِ رَقَبَةٍ لِوَجْهِ اللّهِ وَ حِمْلانِ الْفِ فَرَسٍ فى سَبيلِ اللّهِ بِسَرْجِها وَ لَحْمِها

အေမာမ်ဂျအ်ဖရ်ဆွာဒီက် (အ.စ) သခင်မိန့်တော်မူ၏။

မိုအ်မင်၏လိုအပ်ချက်များကိုဖြည့်စီးပေးခြင်းသည် (အလ္လာဟ် ) လက်ခံပြီးသာဟဂ်ျပေါင်း  ၁၀၀၀ပြုခြင်း၊ကျွန်ပေါင်း၁၀၀၀ကိုလွတ်ပေးခြင်းနှင့်  မြင်းအကောင်ရည်၁၀၀၀ကိုအလ္လာဟ်ဟိုအရှင်မြတ်၏လမ်းတွင်လွတ်ပေးခြင်းထက်ပို၍သာလွန်မြင့်မြတ်ပေသည်။

ကျမ်းကိုး

امالی الصدوق : ص 197.

==================

4 قالَ عليه السلام: اوَّلُ مايُحاسَبُ بِهِ الْعَبْدُالصَّلاةُ، فَانْ قُبِلَتْ قُبِلَ سائِرُ عَمَلِهِ وَ اذارُدَّتْ، رُدَّ عَلَيْهِ سائِرُ عَمَلِهِ

အေမာမ်ဂျအ်ဖရ်ဆွာဒီက် (အ.စ) သခင်မိန့်တော်မူ၏။

အလ္လာဟ်ဟို အသျှင်မြတ် ထံတော်တွင် ပထမဦးစွာ နမာဇ် နှင့်ပတ်သက်ပြီး စာရင်း ရှင်းရပါမည်။ ပြီးနောက် အကယ်၍ မနုဿ လူသား၏ နမာဇ် အား လက်ခံသဘောတူမှု ရမည်ဆိုလျှင် အခြား အလုပ်များလည်း လက်ခံ သဘောတူခြင်းခံရပေမည်။ အကယ်၍ နမာဇ် ပယ်ချခံရမည်ဆိုလျှင် အခြား အလုပ်များလည်း ပယ်ချခံရပေမည်။

ကျမ်းကိုး  

وسائل الشیعہ : ج 4 ص 34 ح 4442

==================

5 قالَ عليه السلام: اذا فَشَتْ ارْبَعَةٌ ظَهَرَتْ ارْبَعَةٌ: اذا فَشاالزِّناكَثُرَتِ الزَّلازِلُ وَ اذاامْسِكَتِ الزَّكاةُ هَلَكَتِ الْماشِيَةُ وَ اذاجارَ الْحُكّامُ فِى الْقَضاءِ امْسِكَ الْمَطَرُ مِنَ السَّماءِ وَ اذا ظَفَرَتِ الذِّمَةُ نُصِرُ الْمُشْرِكُونَ عَلَى الْمُسْلِمينَ

အေမာမ်ဂျအ်ဖရ်ဆွာဒီက် (အ.စ) သခင်မိန့်တော်မူ၏။

ထို ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင် ၄ခု သော်အရာများ ကို ဘုံ(လူအများလုပ်လာမည်) နှင့် လူသိ ရှင်ကြား ဖြစ်လာပြီးဆိုလျှင် ၄ ခုသော် ဘေးဒုက္ခ သည်လည်း ပတ်ဝန်းကျင် အသိုင်းအဝိုင်း ကို ဝိုင်း လိုက်လေသည်။

ဇေနာ (လိင်ဖောက်ပြာခြင်း) သည် ဘုံဖြစ်လာမည် (လူအများလုပ်လာမည်) ဆိုလျှင် ငလျင် နှင့် ရုတ်တရက် သေဆုံးခြင်းများ ၊များပြားလာပါမည်။

ဇကားသ် နှင့် ခွမ်းစ်ပေးဆောင်ခြင်းကို ငြင်းဆိုလာမည်ဆိုလျှင် အိမ်မွေးတိရိစ္ဆာန်များ သေကျေ ပျက်စီး လာပေ မည်။

အာဏာပိုင်များ ၊ တရားသူကြီးများ မတရား သည့်နည်းလမ်းကိုရွေးလာလျှင် အလ္လာဟ်ဟို အရှင် မြတ် ရဲဟ်မသ်တော် မိုးရွာသွန်းခြင်း ရပ်သွားပေမည်။

ကာဖေရ်ဇစ်မီ ကို အားသာမှု ရလာလျှင် မိုရှ်ရေက်များ အနေဖြင့် မွတ်စလင်များအပေါ် လွှမ်းမိုး လာ ပေမည်။

ကျမ်းကိုး  

وسائل الشیعة : ج 8 ص 13.

 

 

==================


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky