IS အဖွဲ့ နှင့် တာလီဘန်အဖွဲ့ တို့ မှ ရက်ရက်စက်စက်ရင်နာဖွယ် ရှီအာမွတ်စလင်မ် များ ကို အစုလိုက် သတ်ဖြတ် အာဖဂန်နစ္စတန် + ဓာတ်ပုံများ

  • News Code : 847160
  • Source : ABNA
အာဖဂန် နစ္စတန် နိုင်ငံ စဲရ်ပူလ်ပြည်နယ် ရှိ ရှီအာမွတ်စလင်မ်များနေထိုင်သည့် မေရ်ဇာ ဝဲလက်ဂ် ဒေသရှိ ရှီအာမွတ်စလင်မ် များကို IS အဖွဲ့ နှင့် တာလီဘန် အဖွဲ့ မှ အစုလိုက် အုပ်လိုက် လူမဆန်စွာ ရက်ရက်စက်စက် ရင်နာဖွယ် သတ်ဖြတ်ခဲ့ပါတယ်။ အယောက်၆၀ ရှဟီးဒ် ဖြစ်ခဲ့ပြီး ရှီအာမွတ်စလင် မိန်းကလေး ၄၇ယောက် ကိုလည်း IS အဖွဲ့ နှင့် တာလီဘန် အဖွဲ့ တို့ မှမိမိတို့ နှင့် အတူ ခေါ်ဆောင်သွား ခဲ့ကြောင်း သိရှိပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အာဖဂန် နစ္စတန် နိုင်ငံ စဲရ်ပူလ်ပြည်နယ် ရှိ ရှီအာမွတ်စလင်မ်များနေထိုင်သည့် မေရ်ဇာ ဝဲလက်ဂ် ဒေသရှိ ရှီအာမွတ်စလင်မ် များကို IS အဖွဲ့ နှင့် တာလီဘန် အဖွဲ့ မှ အစုလိုက် အုပ်လိုက် လူမဆန်စွာ ရက်ရက်စက်စက် ရင်နာဖွယ် သတ်ဖြတ်ခဲ့ပါတယ်။ အယောက်၆၀ ရှဟီးဒ် ဖြစ်ခဲ့ပြီး ရှီအာမွတ်စလင် မိန်းကလေး ၄၇ယောက် ကိုလည်း IS အဖွဲ့ နှင့် တာလီဘန် အဖွဲ့ တို့ မှမိမိတို့ နှင့် အတူ ခေါ်ဆောင်သွား ခဲ့ကြောင်း သိရှိပါတယ်။

ဒေသခံပြည်သူများ ပြောပြသည်မှာ - အကြမ်းဖက်အစွန်းရောက် အချို့ ၏ လက်ထဲတွင် IS အဖွဲ့၏ အလံ အနက်ရောက် ကိုကိုင်ထားပါတယ်။ အချို့ ကတော့ တာလီဘန် အဖွဲ့၏ အလံ ကို ကိုင်ထား ပါတယ်။ ပြီးတော့ ငယ်ရွယ် နုပျိုသည့် မိန်းကလေး ၄၇ ဦးကို သူတို့ နှင့် အတူ ခေါ်ဆောင်သွားခဲ့ပါတယ် လို့ ပြောပြခဲ့ပါတယ်။

ဒေသခံများမှ အစိုးကို ဝေဖန်မှု များကျယ်ပြန့်စွာ ပြုလုပ် လာကြပါတယ်။ဒေသခံများမှ အစိုးနှင့် နေတိုး တပ် ကို ဤ အစုလိုက်အုပ်စု ရှီအာမွတ်စလင်မ်များ သတ်ဖြတ်ခံရမှု အပေါ် နှုတ်ပိတ် နေကြောင်း ၊ အစိုးရ အရာရှိများ အနေဖြင့် ဤဒေသရှိ ပြည်သူလူထုကို ကယ်တင်ဖို့ မည်သည့် လှုပ်ရှားမှုများကို မလုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

စဲရ်ပူလ်ပြည်နယ် တာဝန်ခံ ပြည်နယ်ရေးမှူး မှ ပြီးခဲ့သည့်ရက်အနည်းငယ် အတွင်း တိုက်ခိုက်မှု များကြောင့် အိမ်ထောင်စုပေါင်း ၆၀၀ ကျော် အိုးမဲ့ အိမ်မဲ့ ဘဝရောက်သွားခဲ့ကြောင်း ပြောကြား ခဲ့ပါ တယ်။

ဝဲဟ်ဒသ် သတင်းဌာန၏ သတင်းထောက်မှ လည်း ယခုချိန်ထိ မေရ်ဇာ ဝဲလက်ဂ် ဒေသရှိ အစိုး ရကိုဆန့်ကျင်နေသည် လက်နက်ကိုင်များကို နိုင်နင်းရန်အစိုးရမှ စစ်တပ်ကို မလွတ် သေးကြောင်း မကြာမီစေလွတ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

စဲရ်ပူလ်ပြည်နယ် တာဝန်ခံ ပြည်နယ်ရေးမှူး မှ ဆက်လက်ပြီးမေရ်ဇာ ဝဲလက်ဂ် ဒေသ သည် IS အဖွဲ့ နှင့် တာလီဘန် အဖွဲ့ တို့စုဝေးသည့် ဗဟိုဌာန အသွင် ပြောင်းသွားပြီး ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

စဲရ်ပူလ်ပြည်နယ် ပြောရေး ဆိုခွင့်ရှိသူ စဘီးဟွလ္လာဟ် အမာနီ အနေဖြင့် စဲရ်ပူလ်ပြည်နယ် ရှိ နေရာအမြောက်အများ ယခုချိန်ထိ တာလီဘန် လက်ထဲတွင် ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

စဲရ်ပူလ်ပြည်နယ်တွင် တာလီဘန် ကို ခုခံဖို့ ရဲတပ်သား၂၅ ယောက်သာ ရှိနေကြောင်း စစ်ကူများ မရောက်လာသေးကြောင်း တာလီဘန်များ အနေဖြင့် စစ်သားမဟုတ်သူ အရပ်သား ၅၂ ဦး ကို ရက်ရက်စက်စက်လူမဆန်စွာ သတ်ဖြတ်ခဲ့ကြောင်း ကို သိရှိခဲ့ရပါတယ်။

အာဖဂန် နစ္စတန် သမ္မတ မိုဟမ္မဒ် အရှ်ရဖ် ဃနီအနေဖြင့် မေရ်ဇာ ဝဲလက်ဂ် ဒေသရှိ အစုလိုက်အုပ်လိုက် အသတ်ခံရမှုကို လက်စားချေသွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

သမ္မတ အနေဖြင့် အခမ်းအနားတစ်ခုတွင် သာသနာနှင့် တိုင်းပြည်၏ ရန်သူများသည် မည်သည့်နယ်နိမိတ် မျှမရှိ ကြောင်း မထားကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး သမ္မတ အနေဖြင့် အသတ်ခံခဲ့ရသည့် မိသားစု ဝင်များကို ဝမ်းနည်းကိုယ်ချင်းစာ ကြောင်း မိမိတို့၏ သားများဖြစ်သည့်ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လုံခြုံရေးတပ်သားများ အနေဖြင့် လက်စား ချေသွားမည် ဖြစ်ကြောင်း ကိုလည်းကတိပေး ပြောကြားခဲ့ပါတယ်။

မနေ့ကလည်း စဲရ်ပူလ်ပြည်နယ် ပြောရေး ဆိုခွင့်ရှိသူ စဘီးဟွလ္လာဟ် အမာနီ အနေဖြင့် တာလီ ဘန်များ အနေဖြင့် မေရ်ဇာ ဝဲလက်ဂ် ဒေသရှိ ရွာများ မှ အချို့ ကို သတ်ဖြတ်ခဲ့ကြောင်း အချို့ကို ခေါင်းဖြတ် သတ်ခဲ့ကြောင်း အချို့ ကို တောင်ပေါ်မှ အောက်သို့တွန်းချ၍ သတ်ဖြတ်ခဲ့ ကြောင်း အချို့ ကို ပစ်သတ် ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အချို့ သတင်းဌာန များမှလည်း မေရ်ဇာ ဝဲလက်ဂ် ဒေသရှိ လူမဆန်သည် သတ်ဖြတ်ခံရမှုကို ထုတ်ပြန်ထားကြောင်း သိရပါတယ်။




===========
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Mourining of Imam Hossein
မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky