ကချင် နေရပ်စွန့်ခွာ ဒုက္ခသည်များအတွက် တရုတ်သံရုံး သိန်း ၄၀၀ လှူဒါန်း

ကချင် နေရပ်စွန့်ခွာ ဒုက္ခသည်များအတွက် တရုတ်သံရုံး သိန်း ၄၀၀ လှူဒါန်း

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာဒုက္ခသည်တွေ စားဝတ်နေရေးအတွက် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ငွေကျပ် သိန်း ၄၀၀ ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာဒုက္ခသည်တွေ စားဝတ်နေရေးအတွက် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ငွေကျပ် သိန်း ၄၀၀ ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။

ဇွန် ၁ ရက်နေ့က ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) မှာ လှူဒါန်းခဲ့တာပါ။

တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က လတ်တလော ကချင်ပြည်နယ်မှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် ရွာသူ/သား အချို့ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရတဲ့အတွက် ဝမ်းနည်းမိကြောင်း၊ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာဒုက္ခသည်တွေ စားဝတ်နေရေး အတွက် အထောက်အကူပြုစေဖို့ အခုလို လှူဒါန်းရတာဖြစ်ပြီး အကူညီတွေ ဆက်လက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

ဒ့ါအပြင် ပစ်ခတ်တိုက်ခိုက်မှုတွေဟာ အမုန်းတရားတွေကိုသာ တိုးပွားလာစေလို့ တွေ့ဆုံညှိနှိုင်းရေးနည်းကသာ ငြိမ်းချမ်းရေးရမှာဖြစ်ကြောင်း၊၊ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေက မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအား ထိခိုက်စေတဲ့အပြင် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်းအေးချမ်းမှုကိုလည်း ဆိုးရွားစွာ ထိခိုက်စေကြောင်း တရုတ်သံအမှတ်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တရုတ်အစိုးရအနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကို ထောက်ခံပြီး အောင်မြင်မှုရရှိဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံက ထဲထဲဝင်ဝင် ဆောင်ရွက်ပေးနေတာနဲ့ အခုလို လှူဒါန်းငွေ ပေးတာတွေအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Quds cartoon 2018
We are All Zakzaky