ကရင်ပြည်နယ်တွင် သေနတ်သံများ တိတ်သလောက် ဖြစ်နေပြီဟု သမ္မတပြော အခက်အခဲနှင့် စိန်ခေါ်မှုမှန်သမျှကို အစိုးရနှင့်အတူ တိုင်းရင်းသား ပြည်သ

ကရင်ပြည်နယ်တွင် သေနတ်သံများ တိတ်သလောက် ဖြစ်နေပြီဟု သမ္မတပြော အခက်အခဲနှင့် စိန်ခေါ်မှုမှန်သမျှကို အစိုးရနှင့်အတူ တိုင်းရင်းသား ပြည်သ


ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရာ တွင် တွေ့ကြုံရမည့် အခက်အခဲ နှင့် စိန်ခေါ်မှုမှန်သမျှကို နိုင်ငံ တော်အစိုးရနှင့်အတူ တိုင်းရင်း သားပြည်သူအားလုံးက ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရာ တွင် တွေ့ကြုံရမည့် အခက်အခဲ နှင့် စိန်ခေါ်မှုမှန်သမျှကို နိုင်ငံ တော်အစိုးရနှင့်အတူ တိုင်းရင်း သားပြည်သူအားလုံးက ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းသည်။

နိုဝင်ဘာ ၇ ရက်တွင် ကျ ရောက်သည့် (၆၃)ကြိမ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနား သို့ ပေးပို့သော သဝဏ်လွှာ၌ နိုင်ငံတော်သမ္မတက ယင်းသို့ထည့် သွင်းတိုက်တွန်းခြင်းဖြစ်သည်။

မြန်မာနိုင်ငံ လျှောက်လှမ်း နေသော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးခရီးလမ်းတွင် ကရင် ပြည်နယ်မှ တိုင်းရင်းသားညီအစ် ကိုမောင်နှမများအားလုံးက အေး ချမ်းသာယာလှပပြီး ဖွံ့ဖြိုးတိုး တက်သည့် ပြည်နယ်ကြီးဖြစ်ပေါ် လာစေရေး ဆက်လက်စုစည်းညီ ညွတ်စွာ၊ တွဲလက်မြဲမြံစွာကြိုးပမ်း အကောင်အထည်ဖော်ရန် သမ္မတ က တိုက်တွန်းသည်။

‘‘ယခင်က ပြည်တွင်းလက် နက်ကိုင်ပဋိပက္ခဒဏ်ကို  ပြင်းပြင်း ထန်ထန်ခံစားခဲ့ရတဲ့ ကရင်ပြည် နယ်မှာဆိုရင်လည်း အခုဆိုရင် သေနတ်သံတွေ တိတ်သလောက် ဖြစ်နေပါပြီ’’ဟု သမ္မတ ဦးဝင်းမြင့် က သဝဏ်လွှာမှတစ်ဆင့် ပြော ကြားသည်။

 ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ၊ လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးက အစိုးရဦးဆောင်မှုနှင့်အတူ ပြည်နယ် ငြိမ်းချမ်းရေးအတွက် သတ္တိရှိရှိ ဆုံးဖြတ်လက်တွဲလာမှုနှင့် ဖွံ့ဖြိုး ရေးလုပ်ငန်းများတွင် အမြော်အ မြင်ရှိရှိ ပူးပေါင်းပါဝင်ဆောင်ရွက် မှုများကြောင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများ၏ အသီးအပွင့်များ ရရှိခံစားနေရပြီဖြစ် ကြောင်း အထက်ပါသဝဏ်လွှာ၌ ဖော်ပြသည်။

‘‘ကရင်ပြည်နယ်ဟာ သံလွင်မြစ်နဲ့ ရေတံခွန်၊ စိမ့်စမ်းများ၊ လိုဏ်ဂူများ၊ သဘာဝတောတောင်အလှအပများနဲ့ ပေါကြွယ်ဝပါတယ်။ ဒါဟာ ပြည်တွင်း၊ ပြည်ပခရီးသွားများအတွက် သဘာဝ ခရီးသွားလုပ်ငန်းများ မြှင့်တင်ပေးနိုင်ဖို့ အလားအလာကောင်းများပဲ ဖြစ်ပါတယ်’’ဟု သမ္မတက ဆိုသည်။

ထို့အပြင် မြန်မာ-ထိုင်းချစ် ကြည်ရေးတံတားနှစ်စင်းနှင့် နယ်  စပ်ကုန်သွယ်ရေးစခန်းများကို ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်တော့မည် ဖြစ်၍ ဒေသခံတိုင်းရင်းသားများ အတွက် အလုပ်အကိုင် အခွင့် အလမ်းများ ပိုမိုတိုးတက်ရရှိမည် ဖြစ်ကြောင်း သမ္မတဦးဝင်းမြင့်က ပြောသည်။

လက်ရှိတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရန် ရည်မှန်းချက်ချမှတ်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းနေပြီး တိုင်းရင်းသားအားလုံးက အတိတ်သမိုင်းမှ မလိုလားအပ်သည့် အတွေ့အကြုံများကို သင်ခန်းစာရယူကာ စုပေါင်း အင်အားဖြင့် တက်ညီလက်ညီ လက်တွဲလျှောက်လှမ်းရန် သမ္မတ က တိုက်တွန်းသည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky