ကျင်းပဆဲ ကေအင်န်ယူ ညီလာခံတွင် ထိပ်ပိုင်းခေါင်းဆောင် ငါးဦးရွေးမည်

  • News Code : 818784
  • Source : 7days
Brief


ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ (၁၆) ကြိမ် မြောက် ညီလာခံကို ကရင်ပြည် နယ်ရှိ KNU ဌာနချုပ် လော်ခီးလာ ဒေသတွင် မတ်လ ၁၄ ရက်က စတင်ကျင်းပနေပြီး ဗဟိုကော်မ တီ ၄၅ ဦးအနက် ထိပ်ပိုင်းခေါင်း ဆောင် ငါးဦးရွေးချယ်မည် ဖြစ် ကြောင်း KNU အထွေထွေအတွင်းရေးမှူးချုပ် ဖဒိုစောကွယ်ထူးဝင်း က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ (၁၆) ကြိမ် မြောက် ညီလာခံကို ကရင်ပြည် နယ်ရှိ KNU ဌာနချုပ် လော်ခီးလာ ဒေသတွင် မတ်လ ၁၄ ရက်က စတင်ကျင်းပနေပြီး ဗဟိုကော်မ တီ ၄၅ ဦးအနက် ထိပ်ပိုင်းခေါင်း ဆောင် ငါးဦးရွေးချယ်မည် ဖြစ် ကြောင်း KNU အထွေထွေအတွင်းရေးမှူးချုပ် ဖဒိုစောကွယ်ထူးဝင်း က ပြောသည်။

ညီလာခံကို သုံးပတ်ကြာ ကျင်းပရန် သတ်မှတ်ထားရာ မတ်လ ၁၄ ရက်မှ ၁၇ ရက်အထိ လေး ရက်အတွင်း KNU ဌာနဆိုင်ရာ လုပ်ငန်းအစီရင်ခံစာများတင်ပြမှု နှင့် နိုင်ငံရေး အစီရင်ခံစာ သုံးသပ်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

‘‘အခုက ရွေးကောက်ပွဲအ ပိုင်း မရောက်သေးတော့ ဘယ်သူ က အရွေးခံမယ်၊ အရွေးမခံဘူးလဲ ဆိုတာ မရှိသေးဘူးပေါ့။ အခု နိုင် ငံရေးအစီရင်ခံစာပြီးလို့ရှိရင် KNU ဖွဲ့စည်းပုံကို ပြန်လည်သုံးသပ်မယ်။ ရှေ့လုပ်ငန်းစဉ်တွေ ပြန်လည်သုံး သပ်ပြီးမှ ရွေးကောက်ပွဲလာမယ် ဆိုတော့ အခုလာမယ့် တစ်ပတ်ရဲ့ နောက်ဆုံးရက်လောက်မှာ လုပ် ဖြစ်မယ်ထင်တယ်’’ဟု ဖဒိုစော ကွယ်ထူးဝင်းက ပြောသည်။

ရွေးကောက်ပွဲတွင် ဗဟို ကော်မတီ ၄၅ ဦးကို ဦးစွာရွေး ချယ်ကာ ယင်းဗဟိုကော်မတီများ ထဲမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေအ တွင်းရေးမှူးချုပ်၊ တွဲဖက်အတွင်း ရေးမှူး (၁)၊ (၂) တို့ကို ရွေးချယ် မည်ဟု ၎င်းက ပြောသည်။

ညီလာခံရက်သတ်မှတ်ထား မှုနှင့် ပတ်သက်၍ ဖဒိုစောကွယ် ထူးဝင်းက ‘‘ရက်ကတော့ ကျွန် တော်တို့ သတ်မှတ်ချက်က သုံး ပတ်လောက်ကြာမယ်။ ဒီလကုန် နီးပါးလောက်မှ ပြီးမယ်။ စနေ၊ တနင်္ဂနွေက ကျွန်တော်တို့နားတာ ကိုး။ ဗဟိုကော်မတီ ငါးဦးလောက်မတက်ရောက်နိုင်ဘူး။ ကျန်းမာ ရေးအခြေအနေကြောင့်ပါ။ ကျန် တာ အကုန်တက်ပါတယ်’’ ဟု ပြောသည်။

KNU ညီလာခံကို လေးနှစ် တစ်ကြိမ် ကျင်းပရန် သတ်မှတ် ထားရာ ယခု ကျင်းပသည့် ညီ လာခံသို့ KNU ခရိုင်နှင့် တပ်မဟာ ခုနစ်ခုမှ ကိုယ်စားလှယ် ၂၂၂ ဦးအ နက် ၂၁၇ ဦးတက်ရောက်ကြောင်းKNU မှ သိရသည်။

KNU ကို ၁၉၄၇ ဖေဖော်ဝါရီ ၅ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးအပါအ၀င် KNU တွင် ဥက္ကဋ္ဌ ကိုးဦးအစဉ်အဆက် တာဝန်ထမ်းဆောင်ပြီးဖြစ်ကြောင်း  သိရသည်။ ဗိုလ်ချုပ်ကြီး  စောမူတူးစေးဖိုးအနေဖြင့် ယခု ကျင်းပနေသည့် ညီလာခံတွင် တာဝန်ပေးအပ်ပါက ဥက္ကဋ္ဌတာဝန်ဆက်လက်ထမ်းဆောင်မည် ဖြစ်ကြောင်း ဖဒိုစောကွယ်ထူးဝင်းက ပြောကြားထားသည်။

===================
251/End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky