စပါးတင်း ၁၀၀ လျှင် အခြေခံဈေး ကျပ်ငါးသိန်းဖြင့် ၀ယ်ယူရန် သတ်မှတ်

စပါးတင်း ၁၀၀ လျှင် အခြေခံဈေး ကျပ်ငါးသိန်းဖြင့် ၀ယ်ယူရန် သတ်မှတ်


၂၀၁၈ နွေစပါးနှင့် မိုး စပါးအသစ်ပေါ်ချိန်တွင် စပါး တင်း ၁၀၀ လျှင် ကျပ် ငါးသိန်းဈေးနှုန်းကို အခြေခံ၍ ၀ယ်ယူရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသင်းဝင်ဆန်စက်များ၊ စပါးကုန်သည်များ၊ အကျိုးဆောင်များနှင့် ပုဂ္ဂလိကကုမ္ပဏီများအား ကြေညာချက်ထုတ်ပြန်အသိပေး သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


၂၀၁၈ နွေစပါးနှင့် မိုး စပါးအသစ်ပေါ်ချိန်တွင် စပါး တင်း ၁၀၀ လျှင် ကျပ် ငါးသိန်းဈေးနှုန်းကို အခြေခံ၍ ၀ယ်ယူရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသင်းဝင်ဆန်စက်များ၊ စပါးကုန်သည်များ၊ အကျိုးဆောင်များနှင့် ပုဂ္ဂလိကကုမ္ပဏီများအား ကြေညာချက်ထုတ်ပြန်အသိပေး သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြား သည့် မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှီးနှောဖလှယ်ပွဲတွင် ဆန်စပါးအသင်းချုပ်က ထိုသို့ ထုတ်ပြန်ခဲ့ပြီး စပါးဈေးနှုန်းကျ ဆင်းမှုကြောင့် လယ်သမားများ ငွေကြေးဆုံးရှုံးမှုများ ကာကွယ်ရန် ရည်ရွယ်သည်ဟု ဆိုသည်။

အခြေခံရည်ညွှန်းစပါးဈေး နှုန်းသတ်မှတ်နိုင်ခြင်းသည် လယ် ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အစိုးရဌာနများ၊ ပုဂ္ဂလိကလုပ်ငန်း ရှင်များနှင့် တောင်သူလယ်သမား များပူးပေါင်းဆောင်ရွက်မှုစတင် ခြင်းဟု မြင်စေလိုကြောင်း နိုင်ငံ တော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားသည်။

‘‘ကျွန်မက မထုတ်ပြန်ရင် မတက်ဘူးလို့ ပြောထားတာ’’ဟု ဒေါ်အောင်ဆန်းစုကြည်က မိန့် ခွန်းတွင် ထည့်သွင်းပြောသည်။

ပေါ်ဆန်း၊ အထူးဧည့်မထ အုပ်စုစသော အချို့သောအဆင့် မြင့်စပါးအုပ်စုတို့သည် တင်း ၁၀၀လျှင် ကျပ် ခုနစ်သိန်း၊ ရှစ်သိန်းမှ ၁၀ သိန်းကျော်အထိ ဈေးကောင်း ရရှိနေပြီဖြစ်၍ အဆိုပါစပါးများ ကို ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းဝယ်ရန်ဖြစ်ကြောင်း၊ တောင်သူလယ်သမားအများစုစိုက်ပျိုး သော သာမန်စပါးများသည် စပါး ပေါ်ချိန်တွင် ဈေးကျလေ့ရှိသော ကြောင့် တောင်သူလယ်သမား များ၏ အကျိုးစီးပွားအတွက် အ ခြေခံဈေးနှုန်းသတ်မှတ်ခြင်းဖြစ် ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အခြေခံရည်ညွှန်းဈေးနှုန်း သတ်မှတ်ဝယ်ယူရာတွင် စပါး အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိသော အရည်အသွေးကောင်း စပါးတစ် တင်းလျှင် ၄၆ ပေါင်နှုန်းဖြင့် ၀ယ် ယူရန် စီစဉ်ထားကြောင်း ထုတ်ပြန်ထားသည်။

ဈေးကွက်ပေါက်ဈေး မြင့် ချိန်တွင် ဈေးကွက်ပေါက်ဈေးအ တိုင်းဝယ်ယူပြီး ဈေးကွက်ပေါက် ဈေးက အခြေခံဈေးနှုန်းထက် နိမ့် ပါက အခြေခံဈေးနှုန်းဖြင့် ၀ယ်ယူ မည် ဖြစ်သည်။ အခြေခံရည်ညွှန်းစပါးဈေးနှုန်း သတ်မှတ်ရခြင်းသည် လုပ်ကွက်ငယ်တောင်သူလယ်သမားများအတွက် စိုက်ပျိုးစရိတ်ထက်ကျော်လွန်ပြီး အကျိုးအမြတ် အထိုက်အလျောက်ရှိသည့် ဈေးနှုန်းတစ်ခုကို အာမခံ ချက်ပေးထားခြင်းဖြစ်ကြောင်း၊ ယင်းဈေးဖြင့် ပုဂ္ဂလိကကဏ္ဍမှ ၀ယ်ယူမှုမရှိလျှင် မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်က ၀ယ်ယူမည်ဖြစ်ကြောင်း အသင်းချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။

လက်ရှိတွင် ဆန်ကြမ်းစပါး တင်းတစ်ရာလျှင် ကျပ် ငါးသိန်းခွဲ မှ ခြောက်သိန်းခွဲကြားဈေးရှိနေ၍ အခြေခံဈေးနှုန်းကို လယ်သမားများ စိတ်ဝင်စားမှုနည်းကြောင်း ကျောင်းကုန်းမြို့နယ်မှ လယ်သမား ဦးပြူးက ပြောသည်။

========================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky