ဆင်းရဲနွမ်းပါးမှုလျော့ချရေးအတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးမှာ ထိရောက်သည့် လုပ်ငန်းစဉ်ဟု ဒုသမ္မတ ပြောကြား

ဆင်းရဲနွမ်းပါးမှုလျော့ချရေးအတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးမှာ ထိရောက်သည့် လုပ်ငန်းစဉ်ဟု ဒုသမ္မတ ပြောကြား


ရန်ကုန်၊ စက်တင်ဘာလ ၂၇ ။ ။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းစဉ်အတွက် ထိရောက်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန်၊ စက်တင်ဘာလ ၂၇ ။        ။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းစဉ်အတွက် ထိရောက်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့သည်။

စက်တင်ဘာလ ၂၇ ရက်နေ့၊ နေပြည်တော်ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ ၂ဝ၁၈ အထိမ်းအမှတ်အခမ်းအနားတွင် အဖွင့်အမှာစကားပြောကြားရာ၌ ဒုတိယသမ္မတက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ တာဝန်ကိုလည်း ယူထားသူလည်း ဖြစ်သည်။

“ ခရီးသွားလုပ်ငန်းဟာ အားလုံးပါဝင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်မှာ အလျင်အမြန်ဖွံ့ဖြိုးတိုး တက်လာတဲ့ လုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။ ဒီနေ့ကာလမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းက တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေသာမက ဖွံ့ဖြိုးပြီးနိုင်ငံများအတွက်ပါ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ နိုင်ငံရဲ့ ဝင်ငွေ ရရှိမူကို ကြီးမားစွာအထောက်အပံ့ပေးတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာတာနဲ့ အမျှ လူမှုစီးပွားဘဝမြှင့်တင်ရေးနဲ့ ဆင်းရဲမွဲတေမှုလျော့ချရေးလုပ်ငန်းစဉ်အတွက်ကိုလည်း ထိရောက်တဲ့ လုပ်ငန်းစဉ် တစ်ခုဖြစ်ပါတယ်”ဟု ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း ကမ္ဘာ့လှည့်ခရီးသည်ဝင်ရောက်မှုသည် ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်အတွင်း ၃ ဒသမ ၄ သန်း ရှိပြီး ၂ဝ၁၈ ခုနှစ်၊ ဇူလိုင်လအထိ ကမ္ဘာ့လှည့်ခရီးသည် ၀င်ရောက်မှု ၁ ဒသမ ၉၃ သန်းရှိကြောင်း သိရသည်။

“ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေအပေါ် မီဒီယာတွေရဲ့ တစ်ဖက်စောင်းနင်း သတင်း အချက်အလက်တွေကို ဖော်ပြမှုနဲ့ ချဲ့ကားမှုတွေအပေါ် မူတည်ပြီး ခရီးသွားဧည့်သည်   လျော့နည်းသွားတာကို တွေ့ရပါတယ်။ အထူးသဖြင့် ဥရောပနဲ့ သြစတြေးလျဒေသက လာရောက်လည်ပတ်မှုက ဒီနှစ် ဇူလိုင်လအထိ ၂ ရာခိုင်နှုန်း လျော့နည်းသွားတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် ဈေးကွက်အလားအလာကောင်းတဲ့ အာရှနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်မှု   ပြန်လည်တိုးတက်လာဖို့ အတွက် မြှင့်တင်ဆောင်ရွက်နေတာကို တွေ့ရှိရပါတယ်။ တစ်ဖက်ကလည်း အနောက်နိုင်ငံတွေဆီကို ပကတိ သတင်းမှန်တွေ ဖြန့်ချိဖို့အတွက် လိုအပ်ပါတယ်”ဟု ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောသည်။

ခရီးသွားလုပ်ငန်းမှာ လွန်စွာထိခိုက်လွယ်သည့် သဘောသဘာဝရှိသဖြင့် ခရီးသွားလုပ်ငန်းကို ထိခိုက်နိုင်သည့် အခြေအနေတစ်ရပ်ရပ်ဖြစ်ပေါ်လာသည့်အခါ ချက်ချင်းတုန့်ပြန်ဆောင်ရွက်နိုင်မည့် အစီအမံများကို စနစ်တကျ ဆောင်ရွက်ထားရန်လိုပြီး ထိုသို့ ဆောင်ရွက်ရာတွင် အစိုးရနှင့် ပုဂ္ဂိလိက ကဏ္ဍလက်တွဲပြီး နည်းဗျူဟာများ ချမှတ်ဆောင်ရွက်ရန် အထူးလိုအပ်ကြောင်းလည်း ဒုတိယသမ္မတက ထည့်သွင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ထုတ်ပြန်ထားချက်အရ ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်တွင် ကမ္ဘာတဝှမ်းလုံးတွင် သွားလာသည့် ခရီးသွားအရေအတွက် သန်းပေါင်း ၁၃၂၃ သန်းရှိပြီး ယခင်နှစ်ထက် ၈၄ သန်းကျော်ပိုမိုတိုး တက်လာကြောင်းသိရသည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Arba'een
Mourining of Imam Hossein
We are All Zakzaky