တပ်မတော်ထောက်ခံပွဲများ ဆက်လက်ပြုလုပ်ရန် ဗိုလ်ချုပ်မှူးကြီးမီးစိမ်းပြ

တပ်မတော်ထောက်ခံပွဲများ ဆက်လက်ပြုလုပ်ရန် ဗိုလ်ချုပ်မှူးကြီးမီးစိမ်းပြ


"မျိုးချစ်စိတ်ဓာတ်ထက်သန်သည့် ပြည်သူများ" ပြုလုပ်သည့် တပ်ထောက်ခံပွဲတို့ကို တပ်ခေါင်းဆောင်က ချီးကျူးလိုက်သည်

နိုင်ငံ၏ အဓိကကျသည့် မြို ့ကြီးများတွင် ပြုလုပ်နေသည့် တပ်မတော် ထောက်ခံပွဲများကိုဆက်လုပ်ပြုလုပ်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့က ပြောကြားလိုက်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

"မျိုးချစ်စိတ်ဓာတ်ထက်သန်သည့် ပြည်သူများ" ပြုလုပ်သည့် တပ်ထောက်ခံပွဲတို့ကို တပ်ခေါင်းဆောင်က ချီးကျူးလိုက်သည်

နိုင်ငံ၏ အဓိကကျသည့် မြို ့ကြီးများတွင် ပြုလုပ်နေသည့် တပ်မတော် ထောက်ခံပွဲများကိုဆက်လုပ်ပြုလုပ်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့က ပြောကြားလိုက်သည်။

တပ်မတော် ခေါင်းဆောင်သည် ယမန်နေ့ကနေပြည်တော်တွင် ကျင်းပသည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂ဝ၁၈) ဒုတိယနေ့ အစည်းအဝေးမိန့်ခွန်းတွင် သူ၏ သဘောထားကို လူသိရှင်ကြား ထုတ်ပြောခဲ့ခြင်းဖြစ်သည်။

တပ်မတော် ထောက်ခံပွဲများသည် “နိုင်ငံတော်နှင့် ပြည်သူအပေါ်ထားရှိသည့် တပ်မတော်၏ စစ်မှန်သောသဘောထားများကို သိရှိပြီး တပ်မတော်နှင့် ပြည်သူတစ်သားတည်းရှိသည်ဆိုသည့် ပြယုဂ်” ဟုလည်းဗိုလ်ချုပ်မှူးကြီးက တင်စားခဲ့ပြီးအဆိုပါထောက်ခံပွဲ ပြုလုပ်သူများအားလည်း “အမျိုးသားရေးနှင့် မျိုးချစ်စိတ်ဓာတ်ထက်သန်သည့် ပြည်သူများ” ဟုချီးကျူးလိုက်ပြီး ဤ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကြရမည်ဟု သူက ဆိုသည်။

အချို ့သော ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို မျက်ကွယ်ပြုပြီး ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေကြောင်းလည်း တပ်မတော်ခေါင်းဆောင်ကသူ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သော်လည်းမည်သည့် နိုင်ငံနှင့် အဖွဲ့အစည်းဆိုသည်ကိုတော့ ထုတ်ဖော်ပြောခဲ့ခြင်းမရှိပါ။

အာဏာရ NLD ပါတီပြောခွင့်ရပုဂ္ဂိုလ်ဒေါက်တာမျိုးညွန့်က တပ်မတော်သည် အစိုးရ၏ အစိတ်အပိုင်းတစ်ခုဖြစ်နေချိန်တွင် တစ်ခုချင်းစီအားခွဲခြားထောက်ခံသည့် ဆန္ဒပြပွဲများ ပြုလုပ်နေခြင်းသည် တပ်မတော်နှင့် အစိုးရအကြား အမြင်ကွဲပြားမှုများ ဖြစ်လာနိုင်သည်ဟုဆိုသည်။

“ဖြစ်နိုင်ရင်တော့ တစ်ခုချင်းကွဲပြားတဲ့ ထောက်ခံပွဲတွေထက်စာရင် အစိုးရကိုထောက်ခံမှုအနေနဲ့ လုပ်တာက ပိုပြီးတော့ ရေရှည်အကျိုးများစေလိမ့်မယ်လို့ ထင်ပါတယ်” ဟု ၄င်းကဆိုသည်။

“ ကျွန်တော်တို့ကတော့ တပ်မတော်နဲ့ ပြည်သူကိုတစ်သားထဲဖြစ်စေချင်ပါတယ်။ ပြည်သူကရွေးချယ်ထားတဲ့ အစိုးရနဲ့ တပ်မတော်ကို တစ်သားတည်းဖြစ်စေချင်ပါတယ်”

၂ဝ၁၆ နှောင်းပိုင်းမှစတင်ပြီးရန်ကုန် နှင့် မန္တလေးကဲ့သို့သော မြို ့ကြီးများတွင် ကျင်းပခဲ့သည့် လူရာနှင့် ချီတက်ရောက်သောတပ်မတော် ထောက်ခံပွဲများကို ယခုနှစ်တွင် နိုင်ငံအနှံ့ပိုမိုတွေ့လာရသည်။

မြို ့တော်ဟောင်းရန်ကုန်တွင် ၂ဝ၁၆ ဒီဇင်ဘာ မှ ၂ဝ၁၈ အောက်တိုဘာလလယ်အထိမြို ့တော်ခန်းမရှေ ့ ကဲ့သို့သော အထင်ကရနေရာများတွင် လူရာနှင့်ချီပါဝင်သည့် ထောက်ခံပွဲငါးကြိမ်ထက် မနည်း ပြုလုပ်ခဲ့သည်။ ယင်းတို့အနက်မှ တစ်ကြိမ်သည် အများပြည်သူကိုလူစုလူဝေး ပြုလုပ်ခွင့် ကန့်သတ်ထားသည့် ဒဂုံမြို ့နယ်အတွင်း ခွင့်ပြုခဲ့ခြင်း ဖြစ်သောကြောင့် ရန်ကုန်လွှတ်တော် အမတ်များကဝေဖန်ခဲ့ကြသည်။

ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသတချို့တွင် ပြုလုပ်သည့် စစ်ဆင်ရေးများတွင် တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်ကြောင်း စွပ်စွဲချက်များ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် စစ်ဘက် Facebook အကောင့်များ ပိတ်ပင်ခံရမှုကို ဆန့်ကျင်ကြောင်း ထောက်ခံသူတို့က မကြာခဏ ကြွေးကြော်ကြသည်။

မန္တလေးမြို ့တွင် စက်တင်ဘာလအတွင်း ထောက်ခံပွဲနှစ်ခုကိုတစ်ရက်ခြားပြုလုပ်ခဲ့ရာ ၁၅ ရက်နေ့ ထောက်ခံပွဲ တက်ရောက်လာသူများထဲတွင် ပြည်ကြီးတံခွန်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးဟောင်းအောင်စိုးလည်း ပါဝင်သည်။

"နိုင်ငံတကာက မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လို့၊ လုံးဝမကျေနပ်လို ့ ဒီလို ဆန္ဒထုတ်ဖော်ရခြင်းဖြစ်တယ်"ဟု ဗိုလ်မှူးဟောင်းအောင်စိုးက ပြောသည်။

စစ်မှုထမ်းဟောင်းအဖွဲ့ဝင်လည်းဖြစ်၊ NLD ၏ ရန်ကုန်တိုင်းလွှတ်တော် ဒဂုံမြို ့နယ်အမတ် တစ်ဦးလည်းဖြစ်သည် ့ ဦးကျော်ဇေယျက ထောက်ခံပွဲများ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ယနေ့ မေးခွန်းထုတ်လိုက်သည်။ မည်သူကမျှတပ်မတော်ကို ဆန့်ကျင်ကြောင်း မပြောသည့် အခြေအနေတွင် တပ်မတော်ထောက်ခံပွဲလုပ်နေခြင်းမှာ မလိုအပ်ဟု သူကဆိုသည်။

“တပ်မတော်နေ့ရှိတာပဲ။ တော်လှန်ရေးနေ့ကို တပ်မတော်နေ့လို့သတ်မှတ်ထားတာပဲ။ အဲ့ဒီမှာ အကြီးအကျယ်လုပ်ပေါ့” ဟု တပ်မတော်အရာရှိဟောင်းဦးကျော်ဇေယျက Myanmar Now ကိုပြောသည်။

တပ်မတော်ထောက်ခံပွဲများတွင် ထင်ရှားသည့် တိုက်ပွဲဝင် စစ်သည်တို့က အတွေ့အကြုံထုတ်ဖော် ပြောကြားခြင်း မဟုတ်ဘဲ အငြင်းပွားဖွယ် ဟောပြောသူများကို စင်ပေါ်တက်ပြောဆိုခွင့် ပြောခြင်းမှာ တပ်မတော်သားဟောင်းတစ်ယောက်အနေဖြင့် သဘောမကျဟုလည်း သူက ဆိုသည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky