တရားမဝင်မြေချပါမစ်ထုတ်ပေးခဲ့သော မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနဝန်ထမ်းများကို စိစစ်အရေးယူမည်ဟုဆို

တရားမဝင်မြေချပါမစ်ထုတ်ပေးခဲ့သော မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနဝန်ထမ်းများကို စိစစ်အရေးယူမည်ဟုဆို



တရားမဝင်မြေချပါမစ် များထုတ်ပေးသည့်မြို့ပြနှင့် အိမ် ရာဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်း များကို စိစစ်အရေးယူမည်ဟု ရန် ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တရားမဝင်မြေချပါမစ် များထုတ်ပေးသည့်မြို့ပြနှင့် အိမ် ရာဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်း များကို စိစစ်အရေးယူမည်ဟု ရန် ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနသည် မြေချပါမစ်ထုတ် ပေးခြင်းကို ၂၀၁၂ က ရပ်ဆိုင်း ထားပြီးဖြစ်သော်လည်း ၂၀၁၇ အထိ ယင်းဌာနထံမှ မြေချပါမစ် ရယူခြင်းများရှိနေကြောင်း ဒဂုံမြို့ သစ်(အရှေ့ပိုင်း)မြို့နယ် မဲဆန္ဒ နယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်က ဆိုသည်။

ဖေဖော်ဝါရီ ၉ ရက်က ပြု လုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ထိုသို့ မြေချပါမစ်များထုတ်ပေး ထားခြင်းသည် မှန်ကန်မှုမရှိသဖြင့် ပြန်လည်စိစစ်အရေးယူ ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိ ဦးကျော်ကျော်မောင်က မေးမြန်းခဲ့ သည်။

‘‘ဒီကိစ္စကို ပြန်လည်စိစစ်ပြီး တော့ တကယ် ထိထိရောက် ရောက် အရေးယူဆောင်ရွက်ရ မယ့်ကိစ္စဖြစ်ပါတယ်။ ဒီမြေကိစ္စ တွေက အတော်လည်း ရှုပ်ထွေး ပါတယ်။ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနကနေ စည်ပင်သာယာ ကို လွှဲပြောင်းတဲ့အချိန် စပ်ကူး မပ်ကူးကာလတွေမှာ၊  ဘယ်သူ ဌာနက တာဝန်ရှိတယ်ဆိုတာ သဲ သဲကွဲကွဲမရှိတဲ့အချိန်မှာ ဒီလိုမျိုး ကိစ္စတွေက အများကြီးဖြစ်ပေါ် တဲ့အတွက် ကျွန်မတို့ရန်ကုန်တိုင်း ဒေသကြီးအစိုးရကနေ တာဝန်ယူ ပြီးတော့ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီရော အားလုံးပေါင်းစပ်ပြီး စိစစ်ဆောင် ရွက်အရေးယူသွားပါမယ်’’ ဟု ဝန်ကြီး ဒေါ်နီလာကျော်က ပြန် လည်ဖြေကြားခဲ့သည်။ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက မြေ ပါမစ်ထုတ်ပေးခြင်းကို ၂၀၁၂ တွင်ရပ်ဆိုင်းခဲ့ပြီး စည်ပင်သာယာဦးစီး ဌာနသို့ လွှဲပြောင်းခဲ့ခြင်း ဖြစ် သည်။ ထိုသို့ မြေချပါမစ်များတွင် အထောက်အထား အချက်အ လက်များကို မမှန်မကန် ဖြည့်သွင်း ခြင်း၊ ဓာတ်ပုံများ ပြုပြင်ထားခြင်း စသည့်မသမာမှုများ ရှိနေပြီး ကျွမ်းကျင်သူအချို့က ပါမစ်အတုများ ဖြစ်သည်ဟု  မှတ်ချက်ပြုထား ကြောင်း  ဦးကျော်ကျော်မောင်က ဆိုသည်။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသည် မြေချပါမစ်ထုတ်ပေး ခြင်းလုပ်ငန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံ လွှဲပြောင်းထားပြီး ဖြစ်သည်ဟု ဒေါ်နီလာကျော်က ပြောသည်။အချို့သောမြေပိုင်ရှင်များ သည် မြေချပါမစ်ကို အဆင့်ဆင့် လွှဲပြောင်းရောင်းချမှုများ ပြုလုပ် ရာမှ ပါမစ်အတုများ ထွက်ပေါ် လာခြင်းဖြစ်ကြောင်း  ၎င်းက မှတ် ချက်ပြုသည်။

========================
251 / End




လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky