တာမွေမဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အပြတ်သတ်အနိုင်ရ

တာမွေမဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အပြတ်သတ်အနိုင်ရ

နိုဝင်ဘာ ၃ ။ ။ နိုင်ငံတော်သမ္မတ ကိုယ်တိုင် လာရောက် မဲထည့်ခဲ့သော တာမွေမဲဆန္ဒနယ်တွင် ၈၈. ၄ ရာခိုင်နှုန်းဖြင့် မဲအပြတ်အသတ်အနိုင်ရရှိခဲ့သည်ဟု NLD တာမွေမြို့နယ်ရွေးကောက်ပွဲသတင်းထုတ်ပြန်ရေးမှ ထုတ်ပြန်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နိုဝင်ဘာ ၃ ။            ။ နိုင်ငံတော်သမ္မတ ကိုယ်တိုင် လာရောက် မဲထည့်ခဲ့သော တာမွေမဲဆန္ဒနယ်တွင် ၈၈. ၄ ရာခိုင်နှုန်းဖြင့် မဲအပြတ်အသတ်အနိုင်ရရှိခဲ့သည်ဟု NLD တာမွေမြို့နယ်ရွေးကောက်ပွဲသတင်းထုတ်ပြန်ရေးမှ ထုတ်ပြန်သည်။ 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် တာမွေမဲဆန္ဒနယ်တွင် NLD ကိုယ်စားလှယ်လောင်း ဦးတိုးဝင်း အနိုင်ရရှိခဲ့ခြင်း ဖြစ်ပြီး အာဏာရပါတီအနေဖြင့် ဆိပ်ကမ်းမြို့နယ်တွင်မူ USDP ကို ရှုံးနိမ့်ခဲ့သည်။ 

ယနေ့ တာမွေ အမှတ် ၃ မဲရုံသို့ မွန်းလွဲပိုင်းတွင် သမ္မတ လာရောက်မဲထည့်ခဲ့ပြီး တာမွေတွင် မဲရုံပေါင်း ၁၃၀ နှင့် မဲဆန္ဒရှင် တစ်သိန်း ဝန်းကျင်ရှိသည်။

ထိုသို့ အနိုင်ရသော်လည်း လာရောက်မဲပေးသူဦးရေ ၃ သောင်းကျော် ဝန်းကျင်သာရှိသည်ဟု စာရင်းများအရ သိရပြီး  တာမွေမြို့နယ်တွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်း ၈ ဦး ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြခြင်း ဖြစ်သည်။   

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်လာရောက်မဲပေးခဲ့သည့် တာမွေမြို့နယ်မှ မဲရုံအမှတ် ၃ သို့ နိုဝင်ဘာလ ၃ ရက် နံနက် ၁၀ နာရီ ဝန်းကျင်ခန့်က အမေရိကန်သံအမတ်ကြီး စကော့မာစီရယ် လာရောက်ကြည့်ရှုခဲ့သည်။

တာမွေ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်း ၈ ဦးမှာ ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီမှ ဦးစီစီနော်ဂျာ၊ မြန်မာ့လူဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ဦးဇင်အောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးတိုးဝင်း၊ ပြည်သူ့အလုပ်သမားပါတီမှ ဦးထွန်းထွန်းဝင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးမျိုးဝင်းကျော်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဦးမြင့်ကြည်၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီမှ ဦးမြင့်ဆန်းထွန်း၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါ်သက်သက်အေး တို့ ဖြစ်သည်။

နိုင်ငံတော်သမ္မတ တာဝန်ယူထားသည့် ဦးဝင်းမြင့်၏ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နေရာ အပါအဝင် ပြည်သူ့လွှတ်တော် ၄ နေရာ ၊ အမျိုးသားလွှတ်တော် ၁ နေရာနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ၇ နေရာ၊ ရှမ်းတိုင်းရင်းသား ဝန်ကြီး ၁ နေရာ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်နေ့တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky