ရှစ်လသက်တမ်းရှိ တံတားနှစ်စင်းနှင့် မြေထိန်းနံရံပျက်စီးမှု ဆောက်လုပ်သည့် ကုမ္ပဏီကို အရေးယူနိုင်ရန် စီစဉ်

ရှစ်လသက်တမ်းရှိ တံတားနှစ်စင်းနှင့် မြေထိန်းနံရံပျက်စီးမှု ဆောက်လုပ်သည့် ကုမ္ပဏီကို အရေးယူနိုင်ရန် စီစဉ်


ကချင်ပြည်နယ် ဆော့ လော်မြို့နယ်တွင် ရှစ်လခန့် အသုံးပြုရသေးသည့် တံတားနှစ် စင်းနှင့် မြေထိန်းနံရံ ပျက်စီးသ ဖြင့် သတ်မှတ်ချက်စံချိန်စံညွှန်း အတိုင်း တည်ဆောက်ခြင်းမရှိဟု သုံးသပ်ပြီး ဆောက်လုပ်သည့် ကုမ္ပဏီကို ပြင်းထန်စွာအရေးယူ ရန် လွှတ်တော်၌ ကြယ်ပွင့်ပြမေး ခွန်းမေးမြန်းမည်ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်က ပြော ကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကချင်ပြည်နယ် ဆော့ လော်မြို့နယ်တွင် ရှစ်လခန့် အသုံးပြုရသေးသည့် တံတားနှစ် စင်းနှင့် မြေထိန်းနံရံ ပျက်စီးသ ဖြင့် သတ်မှတ်ချက်စံချိန်စံညွှန်း အတိုင်း တည်ဆောက်ခြင်းမရှိဟု သုံးသပ်ပြီး ဆောက်လုပ်သည့် ကုမ္ပဏီကို ပြင်းထန်စွာအရေးယူ ရန် လွှတ်တော်၌ ကြယ်ပွင့်ပြမေး ခွန်းမေးမြန်းမည်ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်က ပြော ကြားသည်။

ဆော့လော်မြို့နယ် လန် ဆယ်ရွာနှင့် မော်ဝေရွာကိုဆက် သွယ်ထားသည့် ပေ ၂၀၀ ခန့် ရှည်သော လန်ဆယ်တံတားနှင့် ထန်ဒန်မှလကင်ရွာသို့ ဆက် သွယ်ထားသော ထန်ဒန်တံတား သည် အောက်ခံကွန်ကရစ်တိုင် များရွဲ့စောင်းနေသကဲ့သို့ ရေ တိုက်စားမှုကြောင့် ကွန်ကရစ် တိုင်အောက်ခြေအထိ ပေါ်နေပြီ ဖြစ်ကြောင်း ဆော့လော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလာမာလေးက ပြောသည်။

‘‘လာမယ့် ၁၂ ရက်မှာလွှတ် တော်ပြန်စမယ်။ ဒီတံတားနှစ်စင်း နဲ့မြေထိန်းနံရံကိစ္စကို ကြယ်ပွင့်ပြ မေးခွန်းမေးမယ်’’ ဟု ဦးလာမာ လေးက ပြောသည်။

ကြယ်ပွင့်ပြမေးခွန်း မေးပါ က သက်ဆိုင်ရာဝန်ကြီးဌာနတာ ၀န်ရှိသူက လွှတ်တော်သို့လာ ရောက်ဖြေဆိုရသည်။

ဦးလာမာလေးသည် လန် ဆယ်ချောင်းကို ဖြတ်ဖောက်ထား သော လန်ဆယ်တံတားနှင့် ထန် ဒန်တံတားကို သွားရောက်လေ့ လာပြီး လန်ဆယ်တံတားသည် တစ်ဖက်သို့ အနည်းငယ်နိမ့်ကျ နေကာ တစ်ဖက်တွင်နှစ်ပေခန့် မြင့်တက်နေသည်ဟုဆိုသည်။

ထန်ဒန်တံတားမှာမူ အသုံးပြုသူနည်းပါးသော်လည်း ပျက်စီးနေသည်ဟု ပြောသည်။တံတားနှစ်စင်းစလုံးကို ၂၀၁၈ မတ်လက ဖွင့်လှစ်ခဲ့ပြီး တံတားနှစ်စင်းနှင့် သက်ဆိုင်သည့် အချက်အလက် များသည် နေပြည်တော်၌ ကျန် နေခဲ့၍ အသေးစိတ် မပြောနိုင် သေးဟုဆိုသည်။

ဆော့လော်မြို့နယ် နယ်စပ် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ နမှ တာဝန်ရှိသူတစ်ဦးထံ ဆက် သွယ်မေးမြန်းရာ အထက်ဌာန၏ ခွင့်ပြုချက်မရသေးခြင်းနှင့် ခရီး လွန်နေသည်ဆိုကာ တံတားနှစ် စင်းအကြောင်း ပြန်လည်ဖြေကြား ခြင်းမပြုပေ။

ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးထံ ဖုန်းဖြင့် ဆက်သွယ်ရာ ဖြေကြားခြင်း မရှိပေ။ တည်ဆောက်သည့်ကုမ္ပဏီ အမည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။

 လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသတွင် ရှားရှားပါး ပါးရှိသည့်တံတားများ ယခုကဲ့သို့ မြန်ဆန်စွာ ပျက်စီးသည့်အပေါ် စိတ်ပျက် ၀မ်းနည်းရကြောင်း ဒေသခံများက ညည်းတွားသည်။

‘‘တောင်ကျရေရှိတယ်။ အဲ ဒီလိုဆောက်လို့ ဘယ်လိုလုပ်ခံနိုင် မှာလဲ။ တာဝန်ရှိသူတွေ ဘာတွေ ဆက်လုပ်ကြမှာလဲ’’ ဟု ဆော့ လော်မြို့ခံ တစ်ဦးက မေးခွန်း ထုတ်သည်။

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးဝမြို့တွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် တည် ဆောက်သော ကြိုးတံတားတစ် စင်းသည် ၂၀၁၇ က ဖွင့်လှစ်ပြီး လေးလအကြာ၌ ပျက်စီးခဲ့၍ စစ် ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ က စစ်ဆေးဖူးသည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky