တာဝန်မှ နုတ်ထွက်ပေးရန် အသင့်ရှိဟု ၀န်ကြီးဆလိုင်းအိုက်ဇက်ခင်ပြောကြား

တာဝန်မှ နုတ်ထွက်ပေးရန် အသင့်ရှိဟု ၀န်ကြီးဆလိုင်းအိုက်ဇက်ခင်ပြောကြား

ချင်းပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးတာဝန်မှ ရုပ်သိမ်းခံရန် အဆင်သင့်ရှိနေကြောင်း ချင်းပြည်နယ် စည်ပင်သာယာရေး၊လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ချင်းပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးတာဝန်မှ ရုပ်သိမ်းခံရန်  အဆင်သင့်ရှိနေကြောင်း ချင်းပြည်နယ် စည်ပင်သာယာရေး၊လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

 ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးသုံးဦး အပြောင်းအလဲပြုလုပ်ရန် စီစဉ်နေသည်ဟုသတင်းများ ထွက်ပေါ်နေခြင်းအပေါ်ဝန်ကြီးက ပြန်လည်ပြောဆိုခြင်းဖြစ်သည်။

‘‘တာဝန်က ရုပ်သိမ်းမယ်ဆို လည်း စိတ်ထဲမှာဘာမှမရှိပါဘူး။ ကျွန်တော်က အစကတည်းက လူကြီးတွေစကားနားထောင်ပြီး တာဝန်ထမ်းဆောင်တယ်။ အခု
လည်း လူကြီးတွေစကားနား ထောင်ဖို့အဆင်သင့်ရှိပါတယ်’’ ဟု ၀န်ကြီးကပြောသည်။

၎င်းသည် ရွေးကောက်ခံအ မတ်မဟုတ်ဘဲ တိုက်ရိုက်ခန့်အပ်ခံရခြင်းဖြစ်ပြီး အကူအညီတောင်း ခဲ့သည့်အတိုင်းကူညီဆောင်ရွက် ပေးခြင်းသာဖြစ်၍  ဆက်လက် တာဝန် ယူရန်မလိုအပ်တော့ဟုဆိုပါက နုတ်ထွက် ပေးမည်ဟု၎င်းကဆိုသည်။

လုပ်ငန်းတာဝန်များပြီးစီး အောင် ဆောင်ရွက်နိုင်ခြင်းမရှိ သောကြောင့် ချင်းပြည်နယ်အစိုး ရအဖွဲ့မှ ၀န်ကြီးသုံးဦးကိုအပြောင်းအလဲလုပ်ရန် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက စီစဉ်နေသည်။  ပြောင်းလဲမည့်ဝန်ကြီးများသည် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးရွှေထီးအို၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင်းထန်နှင့် စည်ပင်သာယာရေး၊လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဆလိုင်းအိုက်ဇက်ခင်တို့ဖြစ်သည်ဟု ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးဇိုဘွေကပြောသည်။

‘‘လွှတ်တော်ကတော့ ရာထူး  အပြောင်းအလဲပဲ လုပ်ဖို့ပဲစီစဉ် တာပါ။ သူတို့တွေက အလုပ်တွေ ပြီးမြောက်အောင် မလုပ်နိုင်လို့’’ ဟု ဦးဇိုဘွေကပြောသည်။

ဦးရွှေထီးအိုက အဆိုပါဝန် ကြီး အပြောင်းအလဲနှင့် ပတ် သက်၍ မှန်ကန်သော်လည်း ၎င်း အနေဖြင့်ရာထူးမှ နုတ်ထွက်ရန်ရှိ၊ မရှိ မပြောနိုင်သေးဟုဆိုသည်။

========================
251 / End
 


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky