တိုင်းဥပဒေချုပ်အပါအဝင် ဥပဒေအရာရှိကြီးငါးဦးနှင့် စခန်းမှူးတစ်ဦးတို့ကို အဂတိလိုက်စားမှုဖြင့် ဖမ်းဆီး

ဒီချုပ်အစိုးရလက်ထက် တရားရေးမဏ္ဍိုင်မှ ရာထူးအမြင့်ဆုံးဥပဒေအရာရှိတစ်ဦး အရေးယူခံရခြင်းဖြစ်

တိုင်းဥပဒေချုပ်အပါအဝင် ဥပဒေအရာရှိကြီးငါးဦးနှင့် စခန်းမှူးတစ်ဦးတို့ကို အဂတိလိုက်စားမှုဖြင့် ဖမ်းဆီး



ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုကို ရုပ်သိမ်းခွင့်ပြုခဲ့သည့် ရန်ကုန်တိုင်းဥပဒေချုပ် ဦးဟန်ထူးအပါအဝင် ဥပဒေအရာရှိကြီး ငါးဦးနှင့် ရဲစခန်းမှူးတစ်ဦးတို့ကို အဂတိလိုက်စား မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ကာ သက်ဆိုင်ရာနယ်မြေရဲ စခန်းတွင် ဖမ်းဆီးထိန်းသိမ်းထား ကြောင်း အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်က အတည်ပြု သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုကို ရုပ်သိမ်းခွင့်ပြုခဲ့သည့် ရန်ကုန်တိုင်းဥပဒေချုပ် ဦးဟန်ထူးအပါအဝင် ဥပဒေအရာရှိကြီး ငါးဦးနှင့် ရဲစခန်းမှူးတစ်ဦးတို့ကို အဂတိလိုက်စား မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ကာ သက်ဆိုင်ရာနယ်မြေရဲ စခန်းတွင် ဖမ်းဆီးထိန်းသိမ်းထား ကြောင်း အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်က အတည်ပြု သည်။

ယခုအရေးယူမှုသည် ဒီချုပ် အစိုးရလက်ထက် တရားရေး မဏ္ဍိုင်အတွင်း အမြင့်ဆုံးရာထူး အဆင့်အဖြစ် ဥပဒေချုပ်အပါအ ဝင် အဆင့်မြင့်တရားရေးအရာရှိ ငါးဦးကို ပထမဆုံး အရေးယူမှု ဖြစ်သည်။

တိုင်းဥပဒေချုပ် ဦးဟန်ထူး ကို ဖမ်းဆီးခဲ့ပုံကို ရန်ကုန်တိုင်းဒေ သကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ် ဦးက ‘‘လူကုန်ကူးပွဲ (လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အခမ်းအနား) ကနေ ပြန်လာမှ ဖမ်းတာ။ အဲဒီပွဲမှာတော့ မဖမ်းဘူး။ လူကြီးပိုင်းဆိုတော့ သိက္ခာအရပေါ့’’ ဟု 7Day Daily သတင်းစာအား ပြောသည်။

ဦးဟန်ထူးအပါအဝင် ငါးဦး နှင့်ယခင်သုဝဏ္ဏနယ်မြေစခန်းမှူးရဲအုပ် ချစ်ကိုကိုတို့ကို ဖမ်းဆီးပြီးဖြစ်ကာ သက်ဆိုင်ရာမြို့နယ်ရဲစခန်းများတွင် ထိန်းသိမ်းထားသည်ဟု အထက်ပါရဲအရာရှိက အတည်ပြုသည်။

ကော်မရှင်က ၎င်းတို့ခြောက် ဦးကို သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်း သို့ ခေါ်ဆောင်လာ၍ အမှုဖွင့်ပြီး တရားရုံးတွင် ရမန်ယူပြီးနောက်  အခြားစခန်းသို့ ကားဖြင့် ခေါ် ဆောင်သွားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောသည်။

စုစုပေါင်းကျပ်သိန်း ၇၂၀ ကျော် အသီးသီး လာဘ်ယူခဲ့ကြောင်း ပေါ်ပေါက်
လူသတ်မှုကျူးလွန်သူ၏မိဘများထံမှ အထက်ပါဥပဒေချုပ် အပါအဝင် ဥပဒေအရာရှိငါးဦး နှင့် ရဲအရာရှိတို့သည် စုစုပေါင်း ကျပ်သိန်း ၇၂၀ ကျော် လာဘ်ယူခဲ့သည်ဟု ကော်မရှင်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးဥပ ဒေချုပ် ဦးဟန်ထူးက ကျပ်သိန်း ၁၅၀၊ Blue Label အရက်တစ်ပု လင်းနှင့် အင်္ကျီတစ်ထည်၊ ရန်ကုန် တိုင်းဒေသကြီးဥပဒေအရာရှိ ဦး သိန်းဇော်က ကျပ်သိန်း ၅၀၊ ရန် ကုန်အရှေ့ပိုင်းခရိုင်ဥပဒေအရာ ရှိ ဦးကိုကိုလေးက ကျပ်သိန်း ၁၃၀၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်က ကျပ်သိန်း ၃၀ နှင့် ပါတိတ်လုံချည်တစ်ထည်၊ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်က ကျပ်သိန်း ၃၃၀ နှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ရွှေပေါက်ကံနယ်မြေစခန်း မှူး (ယခင်သုဝဏ္ဏနယ်မြေစခန်း မှူး) ရဲအုပ်ချစ်ကိုကိုက ကျပ်သိန်း ၃၀ လာဘ်စားကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ပြန်ကြားရေးတာဝန်ခံ ဦးကျော်စိုးက ပြောသည်။

လာဘ်ပေးသူကို  အရေးမယူ၊ တရားလိုပြသက်သေအဖြစ် စစ် ဆေးမည်
ကော်မရှင်က လာဘ်ပေးသူ များကိုပါ အရေးယူမည်ဟု မကြာမီရက်ပိုင်းက ကြေညာသော်လည်း ယခုအမှုတွင် လာဘ်ပေးသူများကို အရေးမယူခြင်းသည် အမှုတည်ဆောက်ရာ၌ မခိုင်လုံမည်စိုးသောကြောင့် ၎င်းတို့ကို တရားလိုပြ သက်သေအနေဖြင့်သာ စစ်ဆေးဆောင်ရွက်မည်ဟု ကော်မရှင်အဖွဲ့ဝင် ပြန်ကြားရေးတာဝန်ခံ ဦးကျော်စိုးက ရှင်းပြသည်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က လာဘ်ပေးသူတရား လိုများကိုပါ အရေးယူပါက အမှု စစ်ရာတွင် အခက်တွေ့နိုင်ကြောင်း ရှင်းပြသည်။

လူမြင်ကွင်းတွင် ဖြစ်ပွား သည့် ယင်းလူသတ်မှုကို နစ်နာသူ မိသားစုက ကျေအေးလွှာရုပ်သိမ်း သည်ဆိုကာ ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးက ဆက်လက်စစ် ဆေးခြင်းမရှိဘဲ အမှုရုပ်သိမ်းပြီး တရားခံသုံးဦးစလုံးကို လွှတ်ပေး သည့်အပေါ် သမ္မတက ထောက် ပြဝေဖန်ပြီးနောက် ရန်ကုန်တိုင်း တရားလွှတ်တော်က ပြန်လည် စစ်ဆေးရန် ဆုံးဖြတ်ခဲ့သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတက ပြည်ထောင် စုတရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌကို ခေါ်ယူတွေ့ ဆုံ၍ ယင်းအမှုရုပ်သိမ်းခြင်းအ ပေါ် နောက်ခံအကြောင်းအရာ များနှင့် ပတ်သက်ဆက်နွှယ်မှုများ ကို စုံစမ်း၍ ဥပဒေအတိုင်း ဆောင် ရွက်ရန် ညွှန်ကြားခဲ့သည်။

ယင်းသတင်းကို အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မ ရှင်က ကျော်စောသတင်းအဖြစ် သတ်မှတ်၍ အမှုတွင် ပါဝင်ပတ် သက်သူများကို အဂတိလိုက်စားမှု ရှိ၊ မရှိ စုံစမ်းစစ်ဆေး၍ လာဘ်နှင့် တံစိုးရယူခဲ့ကြောင်း ပေါ်ပေါက်၍ တရားရေးဝန်ထမ်း ငါးဦးနှင့် ရဲအရာရှိတစ်ဦးကို အဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခြင်းဖြစ်ကြောင်း စက်တင်ဘာ ၁၃ ရက်တွင် ကော်မရှင်က သတင်းထုတ်ပြန်သည်။

အမှုတွင် သက်သေများကို တမင် ပေါ့လျော့စွာ စစ်ဆေးခဲ့
အမှုကို စုံစမ်းစစ်ဆေးရာ တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဥပ ဒေရုံးမှ ဒုခရိုင်အရာရှိ ဒေါ်သစ် သစ်ခင်သည် အောင်ရဲထွေးအမှု ၏ တရားလိုပြသက်သေများကို တမင်ပေါ့လျော့စွာ စစ်ဆေးပြီး တရားခံများ ပြစ်မှုကျူးလွန် ကြောင်း တရားလိုပြသက်သေ များက ထွက်ဆိုနိုင်ခြင်းမရှိဆို သည့် အခြေအနေဖြစ်ပေါ်အောင် ဖန်တီးကာ တရားခံများ၏မိဘ များထံမှ လာဘ်ငွေနှင့် တံစိုးလက်ဆောင်များရယူခဲ့ကြောင်း ပေါ် ပေါက်သည်ဟု ကော်မရှင် ထုတ်ပြန်ချက်၌ ပါရှိသည်။

ဒေါ်သစ်သစ်ခင်က လာဘ် ယူကာ တင်ပြလာမှုများကို ရန် ကုန်အရှေ့ပိုင်းခရိုင်ဥပဒေအရာ ရှိ ဦးကိုကိုလေး၊ ရန်ကုန်တိုင်း ဒေသကြီးဥပဒေအရာရှိ ဦးသိန်း ဇော်တို့က ဆက်လက်စိစစ်ရာ သေချာစွာ စိစစ်ခြင်း မပြုဘဲ တရားခံသန်းထွဋ်အောင်၏ဖခင် ဦးခင်မောင်လေးထံမှ လာဘ်ငွေ နှင့် တံစိုးလက်ဆောင်များ ရယူ ကာ ထောက်ခံတင်ပြခဲ့ကြောင်း ဆက်လက်ဖော်ပြထားသည်။

ထို့နောက် အမှုရုပ်သိမ်းခွင့် ချမှတ်ခဲ့သည့် ရန်ကုန်တိုင်းဒေသ ကြီးဥပဒေချုပ် ဦးဟန်ထူးသည် ၎င်းထံ ဒေါ်သစ်သစ်ခင်က စတင် ၍ အဆင့်ဆင့် စိစစ်တင်ပြလာ သည့် အမှုရုပ်သိမ်းခွင့်ကို သုံးသပ် ဆုံးဖြတ်မိန့်ချမှတ်ရာတွင် ပြည့်စုံ စွာ သုံးသပ်ခြင်းမပြုဘဲ တရားခံ သန်းထွဋ်အောင်၏ဖခင် ဦးခင် မောင်လေးထံမှ လာဘ်ငွေနှင့် တံစိုးလက်ဆောင်များရယူကာ အမှုရုပ်သိမ်းခွင့်ချမှတ်ခဲ့ကြောင်း ကော်မရှင် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

တရားရုံးတွင် စွပ်စွဲခံရသူ သုံးဦးကို တရားရှင်လွှတ်မိန့်ချ မှတ်သည့် ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးမှ ဒုတိယခရိုင် တရားသူကြီး ဦးအောင်ကြည် သည်လည်း တရားလိုဥပဒေအရာ ရှိဒေါ်သစ်သစ်ခင်က တင်ပြလာ သည့် အမှုရုပ်သိမ်းခွင့်ကို သုံးသပ် ဆုံးဖြတ်ရာတွင် တရားခံသန်း ထွဋ်အောင်၏ဖခင် ဦးခင်မောင် လေးထံမှ လာဘ်ငွေရယူကာ အမှု ကို ပြည့်စုံစွာ သုံးသပ်ခြင်းမပြုဘဲ အမှုရုပ်သိမ်းခွင့်ပြုပြီး တရားခံ များကို တရားရှင်လွှတ်ခဲ့ကြောင်း ဆက်လက်ဖော်ပြထားသည်။

ထို့ပြင် ရဲအုပ်ချစ်ကိုကိုသည် ယင်းအမှုတွင် အမှုစစ်အဖြစ် ဆောင်ရွက်ရာ၌ ရဲလုပ်ငန်းကုန် စင်အောင် ဆောင်ရွက်ခြင်းမရှိ သည့်အပြင် မိမိ၏ရာထူးတာဝန် ကို အလွဲသုံးစားပြုပြီး တစ်စုံတစ် ရာ ပြုလုပ်ရန် တရားခံ သန်း ထွဋ်အောင်၏ဖခင်ထံမှ လာဘ် ငွေနှင့် တံစိုးလက်ဆောင် လက် ခံရယူခဲ့ကြောင်းလည်း ဖော်ပြ ထားသည်။

ရန်ကုန်တိုင်းဥပဒေအရာရှိ ချုပ်ကဲ့သို့ အမြင့်ဆုံးရာထူးရှိသည့် တရားရေးဝန်ထမ်းများ အဂတိ လိုက်စားမှုဖြင့် အရေးယူခံရ သည့်အပေါ် ဝါရင့်တရားလွှတ် တော်ရှေ့နေ ဦးကြီးမြင့်က လက် ရှိ တရားရေးလောက၏အခြေအ နေသည် အမှုသည်က စ၍ ရဲ၊ ရှေ့နေ၊ ဥပဒေအရာရှိ၊ တရားသူကြီး၊ ဥပဒေအရာရှိချုပ်အထိ ချွတ်ယွင်း ပျက်စီးနေကြောင်း ဆိုသည်။

အမှုသည်များသည် ရှေ့နေ များ၏ ဥပဒေကျွမ်းကျင်မှုကို ဦး စားပေး မရွေးချယ်ဘဲ တရားသူ ကြီး၊ ဥပဒေအရာရှိများနှင့် လက် ပွန်းတတီးရှိသည့် ရှေ့နေများကို သာ ငှားရမ်းကြောင်း၊ ရှေ့နေ များကလည်း ရဲ၊ ဥပဒေအရာရှိ၊ တရားသူကြီး စသူတို့ကို လာဘ် ပေးနိုင်ရန် စီစဉ်ပေးလေ့ရှိသည် ဟုဆိုသည်။
ယခုကဲ့သို့ အရေးယူမှုကြောင့် တရားစီရင်ရေးမဏ္ဍိုင် တိုးတက်ရန် အနည်းငယ်သာ အထောက်အကူပြုကြောင်း ဦးကြီးမြင့်က မှတ်ချက်ပြုသည်။

‘‘တစ်တိုင်းတစ်ပြည်လုံး နှစ်သုံးဆယ် ပျက်လာတာ။ မရဘူး။ အခြေခံဥပဒေကို ပြင်ပြီးတော့ ပြည်ထဲရေးက သမ္မတ လက်အောက်ကို ရောက်လာရမယ်’’ ဟု ဦးကြီးမြင့်က သုံးသပ်သည်။

မြန်မာ့နိုင်ငံရေးလေ့လာသုံး သပ်သူ ဦးဇေယျသူက ‘‘အဂတိ လိုက်စားမှုဆိုရင် များသောအားဖြင့် အသေးလေးတွေကိုပဲ လုပ်တာများတယ်လေ။ ခပ်ကြီးကြီးသမားတွေကိုလုပ်မှပဲ အမြစ်က ပြတ်သွားမှာ၊ တဖြည်းဖြည်းနဲ့ လျော့သွားမှာ။ လူသိများ ထင်ရှားတဲ့အမှုမှာ ဒါမျိုးတွေ တွေ့ရတယ်ဆိုတော့ ပေါ်ပေါ်တင်တင်အရေးယူလိုက်တယ် ဆိုတဲ့အတွက် ကောင်းပါတယ်’’ဟု မှတ်ချက်ပြုသည်။

တရားရေးဝန်ထမ်းများနှင့် အမှုစစ်ရဲအရာရှိကို လာဘ်ထိုးကြောင်း အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်သည့်အပေါ် စွပ်စွဲခံရသူများ၏ တရားလွှတ်တော်ရှေ့ နေ ဦးချစ်ကိုကိုကို ဆက်သွယ်မေးမြန်းရာ ‘‘ငါမဖြေဘူး၊ အဲဒါကို’’ဟု ပြန်လည်ဖြေကြားသည်။

တပ်ထားသည့် ပုဒ်မများနှင့် ပြစ်မှု ပြစ်ဒဏ်များ
ရန်ကုန်တိုင်းဒေသကြီးဥပ ဒေချုပ် ဦးဟန်ထူးကို အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နှင့် ကျန်ငါးဦးကို ပုဒ်မ ၅၆ ဖြင့် သုဝဏ္ဏနယ်မြေရဲစခန်းတွင် အမှုဖွင့်ပြီး တရားစွဲဆိုနိုင်ရန် ဆောင်ရွက်နေသည်။

အဂတိလိုက်စားမှု တိုက် ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ နိုင် ငံရေးရာထူးလက်ရှိဖြစ်သူ (သို့မ ဟုတ်) နိုင်ငံရေးရာထူးလက်ရှိဖြစ် ခဲ့စဉ်က မည်သူမဆို အဂတိလိုက် စားမှုကျူးလွန်ကြောင်း ပြစ်မှုထင် ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဖော်ပြထား သည်။  

ပုဒ်မ ၅၆ အရ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့်အာဏာရှိသူ (သို့မဟုတ်)လုပ်ပိုင်ခွင့်အာဏာရှိစဉ်က မည်သူမဆို အဂတိလိုက်စားမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်းဖော်ပြထားသည်။  ၎င်းတို့ကို စက်တင်ဘာ ၂၇ ရက်အထိ ချုပ်ရက်ရမန်နှစ်ပတ် ယူထားပြီး ယင်းနေ့တွင် ရန်ကုန် တိုင်းတရားရုံးလွှတ်တော်၌ ရုံး ထုတ်စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

လက်ရှိတွင် အောင်ရဲထွေး အသတ်ခံရမှုကို တိုင်းတရားလွှတ်တော်တွင် သြဂုတ်လဆန်းပိုင်းက စတင်၍ ပြန်လည်စစ်ဆေးနေပြီး သြဂုတ် ၂၉ ရက်၌ နှစ်ဖက်လျှောက်လဲချက်ကြားနာခဲ့ကာ လာမည့်ရုံး ချိန်းတွင် ပြန်စစ်ရန် သင့်၊ မသင့် အမိန့်ချမှတ်မည်ဖြစ်သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky