တိုင်းပြည်တွင် လိုချင်သည့်ကိစ္စများနှင့်အပြောင်းအလဲများကို ၂ နှစ်ခွဲအတွင်း ဖြစ်ရန် မလွယ်ကူဟု ဆို

တိုင်းပြည်တွင် လိုချင်သည့်ကိစ္စများနှင့်အပြောင်းအလဲများကို ၂ နှစ်ခွဲအတွင်း ဖြစ်ရန် မလွယ်ကူဟု ဆို


နေပြည်တော်၊ အောက်တိုဘာလ ၁၉ ။ ။ မြန်မာနိုင်ငံကို လွတ်လပ်ရေး ရသည့်နေ့မှစပြီး နှစ်ပေါင်း ၇၀ အတွင်း လိုချင်သည့် အပြောင်းအလဲများနှင့် လိုချင်သည့် ကိစ္စရပ်များအားကို လက်ရှိအစိုးရအနေဖြင့် တိုင်းပြည်တွင် တာဝန်ယူရသည့် ၂ နှစ်ခွဲ ကာလ အတွင်းမှာ အားလုံးဖြစ်နိုင်ရန် ကိစ္စမှာ မလွယ်ကူနိုင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နေပြည်တော်၊ အောက်တိုဘာလ ၁၉ ။ ။ မြန်မာနိုင်ငံကို လွတ်လပ်ရေး ရသည့်နေ့မှစပြီး နှစ်ပေါင်း ၇၀ အတွင်း လိုချင်သည့် အပြောင်းအလဲများနှင့် လိုချင်သည့် ကိစ္စရပ်များအားကို လက်ရှိအစိုးရအနေဖြင့် တိုင်းပြည်တွင် တာဝန်ယူရသည့် ၂ နှစ်ခွဲ ကာလ အတွင်းမှာ အားလုံးဖြစ်နိုင်ရန် ကိစ္စမှာ မလွယ်ကူနိုင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းဆိုတာ အင်မတန်မှ ရှည်ပါတယ်။ ကျွန်မတို့ နိုင်ငံကို လွတ်လပ်တဲ့နိုင်ငံတစ်ခုအနေရဲ့ သမိုင်းအနေနဲ့ပဲ တွက်တယ်ဆိုလို့ရှိရင် နှစ် ၇၀ ၊ ဒီနှစ် ၇၀ဆိုတာဟာ လွတ်လပ်ရေးနေ့က ဇန်န၀ါရီတုန်း ကဆိုရင် နှစ် ၇၀ ပြည့်တယ်ပေါ့။ ဒီနှစ် ၇၀ထဲမှာ ၂ နှစ်ခွဲ ဆိုတဲ့ ကာလဟာဘယ်လောက်မှ မများပါဘူး။ ၂ နှစ်ခွဲ ကာလအတွင်းမှာ နှစ် ၇၀ တစ်လျှောက်လုံးရခဲ့တဲ့ သင်ခန်းစာတွေအပေါ်မှာ အခြေခံပြီးတော့ ကျွန်မတို့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ဆိုတာကလည်း တော်တော်မှ ခက်ခဲပါတယ် ” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သို့ရာတွင် အဆိုပါ ခက်ခဲသည့် တာဝန်များကို မထမ်းဆောင်နိုင်ဘူးဟု မပြောသော်လည်း တာဝန်တစ်ခုစီတိုင်း ကို တတ်နိုင်သမျှ ရုန်းကန်နိုင်သည့် အရည်အချင်းရှိရန်လိုပြီး မှားသည့်အရာများတွင် အမှားကို ရင်ဆိုင်ရဲသည့် အရည်အချင်းသည် အစိုးရအဖွဲ့သားတိုင်းတွင်သာမက ပြည်သူပြည်သား တိုင်းတွင်လည်း ရှိရန် လိုသည်ဟု ၄င်းက တိုက်တွန်းပြောကြားခဲ့သည်။

ယနေ့ အောက်တိုဘာ ၁၉ ရက်နေ့က မြစ်ကြီးနားမြို့ ပလနကျေးရွာရှိ စိန့်ဂျိုးဇက်ကက်သလစ်အသင်းတော်၊ နေရပ်စွန့်ခွာပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းသို့ ထောက်ပံ့ပစ္စည်းများကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပေးအပ်သည့်အခမ်းအနားတွင် အဖွင့်အမှာစကားအဖြစ် ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတွင်းရှိပြည်သူများ အားလုံးသည် အစိုးရအဖွဲ့ဝင်အားလုံးနှင့် တစ်ယောက်ချင်းစီ ထိတွေ့မှု ရှိနိုင်ရန်မှာ လက်တွေ့တွင် မဖြစ်နိုင်ပေမယ့်လည်း ပြည်သူများ၏ အသံကို တတ်နိုင်သမျှ သိနိုင်အောင် လမ်းဖော်ပေးရန် ၀န်ကြီးဌာနများနှင့် ပြည်နယ်တိုင်းအစိုးရများကို ပြောထားကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

သို့ရာတွင် ပြောသည့် အသံတိုင်းကို မှန်သလား၊ မှားသလားဆိုသည့်ကိစ္စကိုလည်း ခွဲခြားပြီးသိနိုင်ရန်လည်း လိုကြောင်းလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

“၅၅ သန်းလုံးရဲ့ အသံတစ်ခုခြင်း တစ်ခုခြင်းရဲ့ လိုအပ်ချက်ကိုတော့ဖော်ထုတ်ပေးဖို့ ဆိုတာတော့ မလွယ်ပါဘူး။ အမှန်ပြောရရင် လက်တွေ့ကျကျတော့ မဖြစ်နိုင်ပါဘူး။ အများစုအတွက် သာယာမဲ့၊ အများစုအတွက် လုံခြုံတဲ့ လူ့အသိုင်းအ၀ိုင်းတစ်ခုကို ဖန်တီးဖို့ ၊ ပြုစုပျိုးထောင်ဖို့ ဒါကို ကျွန်မတို့ ဦးတည်ရမယ်”ဟု ၄င်းက ဆက်လက်ပြောကြားသည်။

ကချင်ပြည်နယ် အချို့ဒေသများတွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ် KIA တို့ကြား တိုက်ပွဲများ ဖြစ်ပွားတတ်ပြီး စစ်ရှောင်စခန်းများ ဖွင့်လှစ်ထားရသော ဒေသဖြစ်သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky