တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်သော ညီလာခံခေါ်ယူဆွေးနွေးရန် အပစ်ရပ်အဖွဲ့များဆုံးဖြတ်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်သော ညီလာခံခေါ်ယူဆွေးနွေးရန် အပစ်ရပ်အဖွဲ့များဆုံးဖြတ်


တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA)အရဆောင်ရွက်နေ သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင် အခက်အခဲများကြုံနေရ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးမှ ထိပ်သီးခေါင်းဆောင် များပါဝင်သည့်ညီလာခံတစ်ရပ် ခေါ်ယူဆွေးနွေးရန် NCA လက်မှတ်ထိုးအဖွဲ့များက ဆုံးဖြတ်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA)အရဆောင်ရွက်နေ သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင် အခက်အခဲများကြုံနေရ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးမှ ထိပ်သီးခေါင်းဆောင် များပါဝင်သည့်ညီလာခံတစ်ရပ် ခေါ်ယူဆွေးနွေးရန် NCA လက်မှတ်ထိုးအဖွဲ့များက ဆုံးဖြတ်သည်။

ထိုင်းနိုင်ငံချင်းမိုင်၌ မေလ ၉ ရက်မှ ၁၁ ရက်ထိသုံးရက်ကြာ ကျင်းပခဲ့သော NCA လက်မှတ် ထိုးအဖွဲ့ထိပ်သီးခေါင်းဆောင် များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)အစည်း အဝေးတွင် တိုင်းရင်းသားညီလာခံ တစ်ရပ်ကို ဇွန်လ(သို့မဟုတ်)ဇူ လိုင်အတွင်းခေါ်ယူရန် ဆုံးဖြတ်ခဲ့သည်ဟု PPST အဖွဲ့ဝင်များက ပြောသည်။

‘‘ငြိမ်းချမ်းရေးလုပ်ငန်းစဉ် က NCA စာချုပ်အတိုင်းဖြစ်မလာ တဲ့ပုံစံမျိုးတွေရှိနေတယ်။ အဲဒီ အပေါ်မှာ ကျွန်တော်တို့ကပြန်သုံး သပ်ရမယ်။ အထူးသဖြင့် တပ်မ တော်က လူတွေ NCA စာချုပ်အ တိုင်းအကောင်အထည်ဖော်တာ အားနည်းတယ်။ ဆိုလိုတာက အ မျိုးသားအဆင့်ဆွေးနွေးပွဲတွေ လုပ်ခွင့်မရဘူး။ အဲဒီအပေါ်မှာ တိုင်းရင်းသားညီလာခံမှာ ဆွေးနွေးမယ်။ မရရင် ဘယ်လိုလုပ်မလဲ။ဆက်သွားမလား၊ ဆက်မသွားဘူးလားပေါ့’’ ဟု PPST အဖွဲ့ဝင်ခိုင်စိုးနိုင်အောင်က ပြောသည်။

NCA အကောင်အထည်ဖော် ခဲ့မှုအခြေအနေများကို တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များညီ လာခံတွင် ဆွေးနွေးပြီးပြည်သူများ နှင့်နိုင်ငံတကာသိရှိစေရေးချပြ ရန် ရည်ရွယ်ထားသည်ဟု ရခိုင် လွတ်မြောက်ရေးပါတီ(ALP) ဒုဥက္ကဋ္ဌလည်းဖြစ်သူ ခိုင်စိုးနိုင် အောင်က ဆိုသည်။

 ‘‘ငြိမ်းချမ်းရေးသွားနေတာ ကျွန်တော်တို့ဘက်က လွန်သ လား၊ အစိုးရဘက်ကလွန်သ လား၊ တပ်မတော်ဘက်ကလွန် သလားဆိုတာ အဲဒီအစည်းအဝေး မှာ ဆွေးနွေးပြီးတော့ပြည်သူကို ချပြမယ်’’ ဟု ၎င်းကဆိုသည်။

အဆိုပါတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အားလုံး၏ ထိပ် သီးခေါင်းဆောင်များညီလာခံကို မေလကုန်တွင် ကျင်းပရန်စီစဉ် ထားသည့် ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-၂၁ ရာစုပင်လုံအ စည်းအဝေးအပြီး ဇွန်လ (သို့မ ဟုတ်) ဇူလိုင်အတွင်း ထိုင်းနိုင်ငံ ချင်းမိုင်၌ ကျင်းပဖွယ်ရှိသည်ဟု PPST အဖွဲ့ဝင်ဗိုလ်မှူးကြီးခွန် ဥက္ကာက ပြောသည်။

 တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များညီလာခံကို ၂၀၁၅ အောက်တိုဘာ NCA မထိုးမီက ကချင်ပြည်နယ်လိုင်ဇာ၌ နှစ် ကြိမ်၊ ကရင်ပြည်နယ်လော်ခီးလာ၌ နှစ်ကြိမ်ကျင်းပခဲ့သည်။ NCA ရေးထိုးပြီးနောက် ၂၀၁၆ ဇူလိုင် တွင် ကချင်ပြည်နယ်မိုင်ဂျာယန် ဒေသ၌ ကျင်းပခဲ့ပြီး လက်မှတ်ထိုး အဖွဲ့နှင့် မထိုးရသေးသည့်အဖွဲ့ များအကြား ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာများ ဆွေးနွေးသည်။

========================
251 / End
 


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Quds cartoon 2018
We are All Zakzaky