တရုတ်ရေတပ်သင်္ဘောအုပ်စု မြန်မာနိုင်ငံသို့ ငါးကြိမ်မြောက်လာရောက် နှစ်နိုင်ငံပူးတွဲလေ့ကျင့်ခြင်း၊ စစ်ရေးဖလှယ်ခြင်းများ ပြုလုပ်ရန်ရှိ

  • News Code : 830596
  • Source : 7days
Brief



တရုတ်ရေတပ်သည် မြန်မာ့တပ်မတော်(ရေ)နှင့်အတူ လက်တွဲလုပ်ဆောင်မည်ဖြစ်ပြီး တရုတ်ရေတပ် သင်္ဘောအုပ်စု လာရောက်ခြင်းသည် နှစ်နိုင်ငံဒေ သငြိမ်းချမ်းရေး အကျိုးပြုနိုင် ကြောင်း တရုတ်ပြည်သူ့ လွတ် မြောက်ရေးတပ်၏ရေတပ်၊ အ ရှေ့ပင်လယ်ရေယာဉ်စု ဒုတိယတပ်မှူး၊ အမှုဆောင်အဖွဲ့တပ်မှူး ဗိုလ်ချုပ်ကြီး ရှန်ဟိုက ပြောကြား သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တရုတ်ရေတပ်သည် မြန်မာ့တပ်မတော်(ရေ)နှင့်အတူ လက်တွဲလုပ်ဆောင်မည်ဖြစ်ပြီး တရုတ်ရေတပ် သင်္ဘောအုပ်စု လာရောက်ခြင်းသည် နှစ်နိုင်ငံဒေ သငြိမ်းချမ်းရေး အကျိုးပြုနိုင် ကြောင်း တရုတ်ပြည်သူ့ လွတ် မြောက်ရေးတပ်၏ရေတပ်၊ အ ရှေ့ပင်လယ်ရေယာဉ်စု ဒုတိယတပ်မှူး၊ အမှုဆောင်အဖွဲ့တပ်မှူး ဗိုလ်ချုပ်ကြီး ရှန်ဟိုက ပြောကြား သည်။

တရုတ်ရေတပ် East Sea သင်္ဘောအုပ်စုမှ Destroyer, Chang Chun & Frigate နှင့် JingZhou သင်္ဘောသုံးစီးသည် မေလ ၁၈ ရက်က ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းသို့  ဆိုက်ကပ်စဉ် သင်္ဘောအုပ်စု၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး ရှန်ဟိုက သတင်း ထောက်များအား အထက်ပါအ တိုင်း ပြောကြားသည်။

‘‘တရုတ်ရေတပ်လာရောက် ခြင်းဟာ နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက် လုပ်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေချင်သော ကြောင့် ဖြစ်ပါတယ်။ တရုတ်-မြန်မာနှစ်နိုင်ငံက ဆွေမျိုးပေါက် ဖော်ချစ်ကြည်ရေးအင်မတန်နက် ရှိုင်းပါတယ်။ သမိုင်းကြောင်း လည်း ရှည်ကြာပါတယ်။ နောက် ပြီးတော့ စီးပွားရေးဆက်ဆံမှု လည်း ကောင်းမွန်ပါတယ်။ နှစ် နိုင်ငံ ရေတပ်ဆက်ဆံမှုမှာလည်း အင်မတန်ရင်းနှီးပါတယ်။ တရုတ် -မြန်မာရေတပ်နှစ်ဦးနှစ်ဖက်ရဲ့ ချစ်ခင်ရင်းနှီးမှုဟာ နှစ်နိုင်ငံအ တွက် ဒေသငြိမ်းချမ်းရေးအတွက် လည်း အကျိုးပြုနိုင်ပါတယ်’’ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့သို့ ရောက်ရှိလာ သည့် တရုတ်ရေတပ်သင်္ဘောများ သည် တိုက်ချင်းပစ် ဒုံးတင်စစ်ရေ ယာဉ်များဖြစ်ပြီး ဒုံးကျည် ၄၈ လုံး အထိ တစ်ပြိုင်တည်း ပစ်ခတ်နိုင် ကြောင်း တရုတ်ရေတပ် အရာရှိ တစ်ဦးက ပြောသည်။

တရုတ်ရေတပ်သင်္ဘောအုပ် စု၏ခရီးစဉ်အတွင်း တရုတ်-မြန် မာနှစ်နိုင်ငံ သက်ဆိုင်ရာ ပုဂ္ဂိုလ် များ အပြန်အလှန်တွေ့ဆုံခြင်း၊ ပူးတွဲလေ့ကျင့်ခြင်းများနှင့် စစ်ရေးဖလှယ်မှုများ ပြုလုပ်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တ ရုတ်သံရုံးက မေလ ၁၈ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ရေတပ်သင်္ဘော သည် ရန်ကုန်မြို့တွင် လေးရက် ကြာ ဆိုက်ကပ်ထားမည်ဖြစ် သည်။ ယင်းသင်္ဘောအုပ်စုသည် မြန်မာနိုင်ငံသို့ ငါးကြိမ်မြောက် လာရောက်ခြင်းဖြစ်ပြီး ဗီယက် နမ်၊ ဖိလစ်ပိုင်နှင့် မလေးရှားနိုင်ငံ များသို့လည်း သွားရောက်လည် ပတ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ၂၀၁၃ က လာရောက်ချိန်တွင် ပြည်သူ ၆,၀၀၀ ကျော်အား အခမဲ့ဆေးကုပေးခဲ့ကြောင်း ဗိုလ်ချုပ်ကြီး ရှန်ဟိုက ပြောသည်။

တရုတ်ရေတပ်သင်္ဘောအုပ် စုကို ရန်ကုန်မြို့၌ နေထိုင်ကြသော တရုတ်နိုင်ငံသားဦးရေ ၅၀၀ ကျော်က လာရောက်ကြိုဆိုခဲ့ကြသည်။

===================
251/End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Mourining of Imam Hossein
မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky