ဒီချုပ်ဗဟိုလူငယ်တာဝန်ခံအဖြစ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏သမီး မမိုးဆန်းစုကြည်ရွေးချယ်ခံရ

ဒီချုပ်ဗဟိုလူငယ်တာဝန်ခံအဖြစ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏သမီး မမိုးဆန်းစုကြည်ရွေးချယ်ခံရ


အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီ၏ ဒုတိယအ ကြိမ် နိုင်ငံလုံးဆိုင်ရာလူငယ်ညီ လာခံကို ဧပြီ ၇ ရက်က နေပြည် တော်တွင် ကျင်းပခဲ့ပြီး ဗဟိုလူ ငယ်ဦးဆောင်အဖွဲ့တာဝန်ခံအ ဖြစ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ သမီး မမိုးဆန်းစုကြည်ရွေးချယ်ခံရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီ၏ ဒုတိယအ ကြိမ် နိုင်ငံလုံးဆိုင်ရာလူငယ်ညီ လာခံကို ဧပြီ ၇ ရက်က နေပြည် တော်တွင် ကျင်းပခဲ့ပြီး ဗဟိုလူ ငယ်ဦးဆောင်အဖွဲ့တာဝန်ခံအ ဖြစ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ သမီး မမိုးဆန်းစုကြည်ရွေးချယ်ခံရသည်။

တိုင်းနှင့် ပြည်နယ်အသီးသီး မှ ရွေးချယ်ထားသည့် လူငယ် ခေါင်းဆောင် ၂၆၀ ကျော်အနက် ၆၅ ဦးကို ကနဦးရွေးချယ်ခဲ့သည်။ အဆိုပါ ၆၅ ဦးအနက် ဗဟိုလူငယ်တာဝန်ခံနှင့် တွဲဖက်တာဝန်ခံ ၁၅ ဦးကို လျှို့ဝှက်မဲပေး စနစ်ဖြင့် ရွေးချယ်ရာ အမျိုးသမီးလေးဦးပါဝင်ခဲ့သည်။

ဗဟိုလူငယ်တာဝန်ခံအဖြစ် ရွေးချယ်ခံရသော မမိုးဆန်းစုကြည်သည် အသက် (၂၆) နှစ်ခန့်ရှိပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ အငယ်ဆုံးသမီး ဖြစ်သည်။

ဒီချုပ်ပါတီတွင် လက်ရှိလူ ငယ်အဖွဲ့ဝင် အင်အား ခုနစ် သောင်းကျော်ရှိပြီး ထိုအထဲမှ မြို့ နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်း နှင့်ပြည်နယ်အဆင့် ခေါင်းဆောင် ငါးထောင်ကျော်ကို ရွေးချယ်တင်မြှောက်ခဲ့သည်။

‘‘ဒီအထဲကမှ ဗဟိုလူငယ်ဦး ဆောင်အဖွဲ့နဲ့ ဗဟိုလူငယ်လုပ် ငန်းအဖွဲ့ခေါင်းဆောင်တွေကို ဒီမို ကရေစီနည်းလမ်းကျစွာ စနစ်တ ကျရွေးချယ်ခဲ့တာဖြစ်ပါတယ်’’ဟု ညီလာခံကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက ပြော သည်။

ထို့အပြင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီမှ တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ကော်မရှင် များ အဆင့်ဆင့်ဖွဲ့စည်းခဲ့ပြီး ကော်မရှင်တစ်ဖွဲ့လျှင် ၁၅ ဦးစီဖြင့် တာဝန်ပေးခဲ့သည်။

တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ကော်မရှင်အဖွဲ့ဝင် ၆,၀၅၆ ဦးရှိကာ တိုင်းနှင့် ပြည်နယ်ကော်မရှင် (၁၇) ဖွဲ့၊ ခရိုင်ကော်မရှင် (၆၈) ဖွဲ့နှင့် မြို့နယ်ကော်မရှင် (၃၁၈) ဖွဲ့ကို အသီးသီးဖွဲ့ စည်းတာဝန်ပေးထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၏ ပထမအကြိမ်လူငယ် ညီလာခံကို ၂၀၁၄ ဇူလိုင် ၆ ရက်က ကျင်းပခဲ့သဖြင့် သုံးနှစ်ကျော်အကြာ ဒုတိယအကြိမ်ထပ်မံကျင်းပနိုင်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၌ ကျင်းပသော ပထမအကြိမ်လူ ငယ်ညီလာခံတွင် မြို့နယ်အဆင့် လူငယ်ခေါင်းဆောင် ၄,၅၀၀ ကျော်၊ ခရိုင်အဆင့် လူငယ်ခေါင်း ဆောင် ၇၀၀ ကျော်၊ တိုင်းနှင့် ပြည်နယ်အဆင့်ဆင့်တွင် လူငယ် ခေါင်းဆောင် ၂၀၀ ကျော် ရွေး ချယ်ခဲ့သည်။ ထို့အပြင် ပထမအကြိမ်လူငယ်ညီလာခံတွင် ပါတီဝင်များကို အသက် (၃၅) နှစ်အောက်ဟု သတ်မှတ်ခဲ့ပြီး ယခုဒုတိယအ ကြိမ်ညီလာခံ၌ အသက် (၁၆) နှစ်မှ (၃၀) နှစ်ကြားဟု ပြင်ဆင်သတ်မှတ်ခဲ့သည်။

========================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Quds cartoon 2018
မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky