နယ်စပ်ဒေသ မှုခင်းပြဿနာများကို နှစ်နိုင်ငံသာ ဖြေရှင်းမည်ဟု ပြည်ထဲရေးဝန်ကြီး ပြော

နယ်စပ်ဒေသ မှုခင်းပြဿနာများကို နှစ်နိုင်ငံသာ ဖြေရှင်းမည်ဟု ပြည်ထဲရေးဝန်ကြီး ပြော


နေပြည်တော်(အောက်တိုဘာ ၃၁ရက်၊ ၂၀၁၈ခုနှစ်)။ ။ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်နေသည့် မှုခင်းပြဿနာ များကို သက်ဆိုင်ရာ နှစ်နိုင်ငံသာ ပူးပေါင်းဖြေရှင်းမည်ဟု ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားလိုက်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နေပြည်တော်(အောက်တိုဘာ ၃၁ရက်၊ ၂၀၁၈ခုနှစ်)။ ။ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်နေသည့် မှုခင်းပြဿနာ များကို သက်ဆိုင်ရာ နှစ်နိုင်ငံသာ ပူးပေါင်းဖြေရှင်းမည်ဟု ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားလိုက်သည်။

နေပြည်တော်ရှိ MICC-2 တွင် အောက်တိုဘာ ၃၁ရက်က ကျင်းပသည့် ၁၂ကြိမ်မြောက် အာဆီယံ ဝန်ကြီး အဆင့် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“မိမိတို့ မြန်မာနို်င်ငံ အနေနဲ့ နှစ်နိုင်ငံ နယ်စပ်ဒေသများမှာ ဖြစ်ပေါ်နေတဲ့ မှုခင်းပြဿနာရပ်များဟာ နှစ်နိုင်ငံ အကြား ညှိနှိုင်းပူးပေါင်းဖြေရှင်းရမယ့် ပြည်တွင်းရေးရာကိစ္စရပ်များ ဖြစ်တဲ့အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် ခြင်းဖြင့်သာပြေလည်အောင် ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးပြောကြားလိုပါတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ်၊ ဩဂုတ်လကုန်ပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် နောက်ပိုင်း အဆိုပါ ဒေသရှိ လူမှုအသိုင်းအဝိုင်းမှ ပြည်သူများ ပဋိပက္ခနောက်ဆက်တွဲ အကြပ်အတည်းများ ကြုံတွေ့ရမှု၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကြောင့် ဒေသခံတိုင်းရင်းသားများ စစ်ဘေးရှောင်ရမှုများနှင့် သဘာဝဘေး ကြောင့် ဘေးဒုက္ခသင့်သူများကို အစိုးရအနေဖြင့် အတတ်နိုင်ဆုံး ကူညီထောက်ပံ့လျှက် ရှိသည်ဟုလည်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောသည်။

“ဆင်းရဲဒုက္ဒရောက်ကြသူ မည်သည့် လူမျိုး မည်သည့်ဘာသာဝင် မည်သည့်လူတန်းစားမဆို အယုတ်အလတ် အမြတ်မရွေး မခွဲခြားဘဲ ရိုင်းပင်းကူညီ စောင့်ရှောက်ခြင်းဟာ စစ်မှန်တဲ့လူသားချင်းစာနာထောက်ထားမှု ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ မိမိတို့ အလေးအနက်ယုံကြည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိပါတယ်။ မြန်မာနိုင်ငံအစိုးရက ဆောင်ရွက်နေတဲ့ ကျယ်ပြန်တဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များမှာ ကူညီပံ့ပိုးလိုတဲ့ နို်င်ငံများ မိတ်ဖက်အဖွဲ့အစည်းများနဲ့ လက်တွဲ၍ ပူးပေါင်းဆောင်ရွက်လျှက်ရှိပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ထို့ပြင် အစိုးရက ဆောင်ရွက်နေသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် ကူညီပံ့ပိုးလိုသည့် နိုင်ငံများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်နေသည်ဟု ပြည်ထဲရေးဝန်ကြီးက ထည့်သွင်း ပြောဆိုသည်။

နှစ်ရက်ကြာ ကျင်းပမည့် အဆိုပါအစည်းအဝေးသို့ အာဆီယံ ၁ဝနုုိင်ငံမှ ဝန်ကြီးအဆင့်များ၊ ဆွေးနွေးဘက် နိုင်ငံများဖြစ်ကြသော တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့မှ ဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ လူဝင်မှု ကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ နိုင်ငံများအလိုက် အဆင့်မြင့်အရာရှိများ စုစုပေါင်း လူဦးရေ ၂၅ဝခန့် တက်ရောက်ကြသည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky