ပါတီဝင်များ အဂတိတရားကင်းရှင်းရန် နှစ် (၃၀) ပြည့် ဒီချုပ်ပါတီသဝဏ်လွှာတွင် တိုက်တွန်း လက်ဝါးကြီးအုပ်၍ မရိုးဖြောင့်သော စီးပွားရေး လု

ပါတီဝင်များ အဂတိတရားကင်းရှင်းရန် နှစ် (၃၀) ပြည့် ဒီချုပ်ပါတီသဝဏ်လွှာတွင် တိုက်တွန်း လက်ဝါးကြီးအုပ်၍ မရိုးဖြောင့်သော စီးပွားရေး လု



အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်များသည် ကိုယ် တိုင်အဂတိတရား ကင်းရှင်းရန်လို အပ်သည့်အပြင် အခြားသူများ အဂတိတရား ကင်းရှင်းစေရန် လည်း ဝိုင်းဝန်းဆောင်ရွက်ရမည် ဖြစ်ကာ ပြည်သူလူထုအတွင်း ပေါ် ပေါက်နေသည့် မတရားမှုများကို စောင့်ကြည့်ဖော်ထုတ် တိုက်ဖျက် ပေးရန်လိုကြောင်း ဒီချုပ်ဗဟို အလုပ်အမှုဆောင်အဖွဲ့က တိုက် တွန်းသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်များသည် ကိုယ် တိုင်အဂတိတရား ကင်းရှင်းရန်လို အပ်သည့်အပြင် အခြားသူများ အဂတိတရား ကင်းရှင်းစေရန် လည်း ဝိုင်းဝန်းဆောင်ရွက်ရမည် ဖြစ်ကာ ပြည်သူလူထုအတွင်း ပေါ် ပေါက်နေသည့် မတရားမှုများကို စောင့်ကြည့်ဖော်ထုတ် တိုက်ဖျက် ပေးရန်လိုကြောင်း ဒီချုပ်ဗဟို အလုပ်အမှုဆောင်အဖွဲ့က တိုက် တွန်းသည်။

ဒီချုပ်ပါတီတည်ထောင် သည့် နှစ် (၃၀) မြောက်နေ့တွင် ပါတီ ဗဟိုအလုပ်အမှုဆောင်အ ဖွဲ့က ပေးပို့သည့် သဝဏ်လွှာ၌ အထက်ပါအတိုင်း ဖော်ပြထား သည်။ ရှစ်လေးလုံးအရေးတော် ပုံ ကာလအပြီး ၁၉၈၈ စက်တင် ဘာ ၂၇ ရက်တွင် စတင်တည် ထောင်သည့် ဒီချုပ်ပါတီသည် ယနေ့ နှစ် (၃၀) ပြည့်မြောက်မည် ဖြစ်သည်။

ဒီချုပ်ပါတီဝင်များ၊ အစိုးရ အဖွဲ့အတွင်း တာဝန်ယူဆောင် ရွက်နေသူများနှင့် လွှတ်တော် ကိုယ်စားလှယ်များ အဂတိတရား ကင်းရှင်းမှသာ ပြည်သူလူထု အနေဖြင့် စီးပွားရေးလုပ်ပျော်၍ တရားမျှတစွာ ယှဉ်ပြိုင်ခွင့်ရရှိ မည်ဖြစ်ကြောင်း သဝဏ်လွှာက ဆိုသည်။

ဒီချုပ်ပါတီဝင်များအနေဖြင့် စီးပွားရေးတွင် မတော်လောဘ ဖြင့် လက်ဝါးကြီးအုပ်ထားသူများ၊ မရိုးဖြောင့်သော နည်းလမ်းဖြင့် လုပ်ပိုင်ခွင့်ရရှိထားသူများကို ဝိုင်းဝန်းဖော်ထုတ်ပေးရန်၊ ဒီချုပ်ပါတီ သည် ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စု တည်ထောင်နေသည့် နိုင်ငံရေးပါတီဖြစ်၍ ပါတီဝင်များ အနေဖြင့် ပြည်သူလူထုအတွင်း မတူညီသူများအတူတကွ အေး ချမ်းစွာယှဉ်တွဲနေထိုင်ရေး ဦး ထိပ်ထား ဆောင်ရွက်ရမည်ဖြစ် ကာ မတူညီသည့်ဘာသာတရား နှင့် ယဉ်ကျေးမှုကိုတန်ဖိုးထား၍ လေးစားစွာဆက်ဆံရန် တိုက် တွန်းကြောင်း သဝဏ်လွှာ၌ပါရှိ သည်။

ဒီချုပ်ပါတီတည်ထောင်ခြင်း နှစ် (၃၀) ပြည့်အခမ်းအနားများ ကို ရန်ကုန်မြို့ရှိ ပါတီဗဟိုဌာန ချုပ်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကျင်းပ မည်ဖြစ်ကြောင်း ဒီချုပ်ဗဟိုပြန် ကြားရေးကော်မတီအတွင်းရေး မှူး မုံရွာအောင်ရှင်က ပြောသည်။

ပါတီဗဟိုဌာနချုပ်တွင် ကျင်းပမည့် ဒီချုပ်ပါတီတည် ထောင်ခြင်း နှစ် (၃၀) ပြည့်အခမ်း အနားကို ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်များက ဦးဆောင် ကျင်းပမည်ဖြစ်သည်။ ထို့အပြင် ကယားပြည်နယ် လွိုင်ကော်မြို့ ၌ ကျင်းပမည့် ပြည်နယ်ပါတီ ရုံးဖွင့်ပွဲနှင့် ပါတီနှစ် (၃၀) ပြည့် အခမ်းအနားသို့ ဒီချုပ်ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်အချို့တက် ရောက်မည်ဖြစ်သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky