ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံရသော လွှတ်တော်အမတ် ရဲစခန်းသို့ သွားရောက်အဖမ်းခံမည်ဟုဆို

ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံရသော လွှတ်တော်အမတ် ရဲစခန်းသို့ သွားရောက်အဖမ်းခံမည်ဟုဆို


ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့် ခံထားရသည့် ရမ်းဗြဲမဲဆန္ဒနယ် ပြည်နယ် လွှတ်တော်ကိုယ်စား လှယ် ဦးသန်းမောင်ဦးက ရဲစခန်း သို့သွားရောက် အဖမ်းခံမည်ဖြစ် ကြောင်း ဇွန်လ ၇ရက်တွင်ကျင်းပ သော ပြည်နယ်လွှတ်တော် အ စည်းအဝေးအပြီး၌ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့် ခံထားရသည့် ရမ်းဗြဲမဲဆန္ဒနယ် ပြည်နယ် လွှတ်တော်ကိုယ်စား လှယ် ဦးသန်းမောင်ဦးက ရဲစခန်း သို့သွားရောက် အဖမ်းခံမည်ဖြစ် ကြောင်း ဇွန်လ ၇ရက်တွင်ကျင်းပ သော ပြည်နယ်လွှတ်တော် အ စည်းအဝေးအပြီး၌ပြောသည်။

ဦးသန်းမောင်ဦးသည်ရခိုင် ပြည်နယ်၏ တက္ကသိုလ်ဝင်စာမေး ပွဲအောင်ချက်ရာခိုင်နှုန်းစာရင်းအ မှားအပါအ၀င် အခြားအကြောင်း အရာများကို ၎င်း၏လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဝေဖန်ရေး သားသဖြင့် ပြည်နယ်ပညာရေး ဌာနက ဇွန်လ ၃ ရက်၌ ဆက် သွယ်ရေးပုဒ်မဖြင့် အမှုဖွင့်ခဲ့ သည်။

ယင်းသို့အမှုဖွင့်ထား၍ ဖမ်း ဆီးစစ်ဆေးနိုင်ရန် ပြည်နယ်အစိုး ရအဖွဲ့က လွှတ်တော်ဥက္ကဋ္ဌထံ အကြောင်းကြားထားပြီး ဥက္ကဋ္ဌက လွှတ်တော်အပြီးတွင် ခွင့်ပြုမည် ဟု ပြောကြားထားသည်။

ရခိုင်ပြည်နယ်လွှတ်တော် တွင် ကျင်းပနေသည့် လွှတ်တော် အရေးပေါ်အစည်းဝေးသည် ဇွန် လ ၇ရက်ကပြီးစီးခဲ့သည်။

‘‘ဘာမှ ဖမ်းစရာမလိုပါဘူး။ ဂုဏ်သရေရှိလူပဲ။ ထွက်လည်း မပြေးပါဘူး။ ကျွန်တော်ကတော့ လွှတ်တော်ဥက္ကဋ္ဌ ခွင့်ပြုချက်နဲ့ သွားပြီးတော့ ရဲစခန်းမှာတော့ အ ဖမ်းခံမယ်လို့ လုပ်ထားပါတယ်။  ဖေ့စ်ဘွတ်ခ်မှာ ပိုစ့်ပေါင်းများစွာ ရေးခဲ့တယ်။ ဒါကတိုင်းပြည်ထူ ထောင်ဖို့ ပြည်သူတွေကို နှိုးဆော် တာပဲရှိတယ်။ တိုက်ခိုက်တာမျိုး မရှိပါဘူး’’ ဟု ဦးသန်းမောင်ဦးက ပြောသည်။

မပြောပလောက်သည့် ကိစ္စ တစ်ခုကြောင့် တရားစွဲခံရပါက လည်း ရင်ဆိုင်ဖြေရှင်းမည်ဖြစ် ကြောင်း ဦးသန်းမောင်ဦးက ပြောသည်။

ဦးသန်းမောင်ဦးကို အမှုဖွင့် ထားခြင်းနှင့် ပတ်သက်၍ ဒေသခံ အချို့က ဦးသန်းမောင်ဦးဘက် က ရပ်တည်ကြောင်း၎င်းတို့၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာများတွင် ဖော်ပြခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၅၄ တွင် နိုင်ငံသား တိုင်းသည် နိုင်ငံတော်လုံခြုံရေး၊   တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး (သို့မ ဟုတ်) ပြည်သူတို့၏ ကိုယ်ကျင့် တရားအကျိုးငှာ ပြဋ္ဌာန်းထား သည့်ဥပဒေများနှင့် မဆန့်ကျင် လျှင်မိမိတို့၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ် လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊  ရေးသားဖြန့်ဝေခွင့် ရှိကြောင်း ဖော်ပြထားသည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Arba'een
Mourining of Imam Hossein
We are All Zakzaky