ဖြူးမြို့နယ်အတွင်း ဝန်ကြီးဌာနနှင့်တပ်သိမ်းမြေဧက ၄ဝဝကျော်ကို ပြန်လည်စွန့်လွှတ်

ဖြူးမြို့နယ်အတွင်း ဝန်ကြီးဌာနနှင့်တပ်သိမ်းမြေဧက ၄ဝဝကျော်ကို ပြန်လည်စွန့်လွှတ်


ရန်ကုန်၊ နိုဝင်ဘာ ၂ ။ ။ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်တွင် အစိုးရဝန်ကြီးဌာနများနှင့် တပ်မတော်မှ သိမ်းဆည်းထားသော မြေဧက ၄၀၀ ကျော်ကိုမူလတောင်သူများနှင့် ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန်၊ နိုဝင်ဘာ ၂ ။             ။ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်တွင် အစိုးရဝန်ကြီးဌာနများနှင့် တပ်မတော်မှ သိမ်းဆည်းထားသော မြေဧက ၄၀၀ ကျော်ကိုမူလတောင်သူများနှင့် ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်စည်ပင်သာယာရေးခန်းမတွင် နိုဝင်ဘာလ(၂)ရက်နေ့၌ အမှတ်(၄၃၉) ခြေမြန် တပ်ရင်းမှ နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ်အပ်နှံမြေများအား မူလတောင်သူများထံသို့ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃) ပေးအပ်ခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေများအတွက် တောင်သူများ နစ်နာမှုမရှိစေရေး လယ်ယာမြေနှင့်အခြား မြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဖွဲ့အဆင့်ဆင့်ဖွဲ့စည်းပြီး တောင်သူများ၏ တွေ့ကြုံ နေရသည့် အခက်အခဲများအား ဦးစားပေးဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ တောင်သူများအနေဖြင့် လုပ်ပိုင်ခွင့်ပြန်လည်ရရှိသည့် လယ်ယာမြေပေါ်တွင် စိုက်ပျိုးနည်းစနစ် မှန်ကန်စွာဖြင့် အရည်သွေးပြည့်မီသော အသီးအနှံများထွက်ရှိအောင် စိုက်ပျိုးကြစေလိုပါတယ်။ နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူ လယ်သမား များ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်မှ ကူညီဆောင်ရွက် ပေးနေသလို တောင်သူများ အနေဖြင့်လည်း ဥပဒေနှင့်အညီ တောင်သူအချင်းချင်း စည်းလုံးညီညွတ်စွာ စိုက်ပျိုးလုပ်ကိုင်ကြစေလိုပါတယ်။ သားစဉ်မြေးဆက်လုပ်ကိုင်ခွင့်ရရှိစေရန် ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေနှင့်အညီ လယ်ယာမြေလုပ်ကိုင် ခွင့်ပြု လက်မှတ် ပုံစံ(၇)ရရှိရေးအတွက်လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါတယ်”ဟု ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောသည်။

ဖြူးမြို့နယ် ကျီးမနိုးကွင်းအတွင်းရှိ ကွင်းအမှတ်(၈၀၉)ရေအိုးစင်မြောက်ကွင်း၊ ဦးပိုင်အမှတ် (၃/၁၊၅/၁)အတွင်း အမှတ်(၄၃၉) ခြေမြန်တပ်ရင်းမှ နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ်အပ်နှံမြေ(၈၀)ဧကအား မူလလုပ်ပိုင်ခွင့်ရ တောင်သူ(၁၉)ဦး၏ လက်ဝယ်သို့ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)အား ပေးအပ်ခဲ့သည်။

ဖြူးမြို့နယ်အတွင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်မြေ(၁.၉၀)ဧကကို မူလပိုင်ရှင် (၃)ဦး ထံသို့ လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ စွန့်လွှတ်မြေ(၀.၀၈၁)အား မူလပိုင်ရှင်(၁)ဦး ထံသို့ လည်း ကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)မှ စွန့်လွှတ်မြေ (၆၂) ဧကအား တောင်သူ(၁၆)ဦး ထံသို့ လည်း ကောင်း၊ အမှတ်(၅) ခြေလျင်တပ်ရင်းမှ စွန့်လွှတ်မြေ(၆၄.၈၀) ဧကအားတောင်သူ (၁၅)ဦးထံသို့ လည်းကောင်း၊ အမှတ် (၃၀၆)ခြေမြန်တပ်ရင်းမှ စွန့်လွှတ်မြေ(၂၀၀.၄၃) ဧကအား တောင်သူ(၁၈)ဦးထံသို့ လည်းကောင်း၊ အမှတ်(၃၀၇) ခြေမြန်တပ်ရင်းမှ စွန့်လွှတ်မြေ(၁၃၇.၅၇)ဧကအား တောင်သူ(၁၉)ဦးထံသို့ လည်းကောင်း ဝန်ကြီးဌာနများနှင့် တပ်ရင်းတပ်ဖွဲ့များမှ ပြန်လည်စွန့်လွှတ်မြေ စုစုပေါင်း(၄၈၄.၆၁)ဧကအား မူလပိုင်ရှင်၊ တောင်သူများ၏ လက်ဝယ်သို့ ပြန်လည်ပေးအပ်ပြီးဖြစ်ကြောင်းပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky