ဗန်းမော်အနီး KIA နှင့် တပ်မတော် တိုက်ပွဲဖြစ်ပွား

ဗန်းမော်အနီး KIA နှင့် တပ်မတော် တိုက်ပွဲဖြစ်ပွား

ရန်ကုန် ၊ အောက်တိုဘာ ၂၁ ။ ။ ကချင်ပြည်နယ် ၊ ဗန်းမော်မြို့နယ် မြစေတီကျေးရွာအနီး၌ KIA နှင့် တပ်မတော်တို့ အောက်တိုဘာ ၁၈ ရက်နေ့ည မှ ၁၉ ရက်နေ့ နံနက်ပိုင်းအထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန် ၊ အောက်တိုဘာ ၂၁ ။           ။ ကချင်ပြည်နယ် ၊ ဗန်းမော်မြို့နယ် မြစေတီကျေးရွာအနီး၌ KIA နှင့် တပ်မတော်တို့ အောက်တိုဘာ ၁၈ ရက်နေ့ည မှ ၁၉ ရက်နေ့ နံနက်ပိုင်းအထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

“နယ်မြေရှင်းလင်းရေး လုပ်ရင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာ နေမယ်” ဟု ဗန်းမော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်းက ဆိုသည်။

တိုက်ပွဲဖြစ်သည့် နေရာသည် မြစေတီကျေးရွာ၏ အနောက်မြောက်ဘက် နှစ်မိုင်ခန့်အကွာတွင် ဖြစ်ပွားခဲ့ပြီး ရွှေသတ္တုမိုင်းတွင်းဟောင်းများ ရှိနေသည့် နေရာဖြစ်သည်ဟု ၄င်းကဆိုသည်။

အောက်တိုဘာ ၁၈ ရက်နေ့ ည ၁၀ နာရီဝန်းကျင်ခန့်မှ  ၁၉ ရက်နေ့ နံနက် ၅ နာရီအထိ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သော်လည်း လက်ရှိအချိန်တွင် ဖြစ်ပွားခြင်းမရှိတော့ဟု ဦးဇော်သင်းက ဆက်လက်ပြောဆိုသည်။

တိုက်ပွဲအခြေအနေများနှင့်ပတ်သက်ပြီး KIA ပြောရေးဆိုခွင့်ရှိသူ  ဗိုလ်မှူးကြီး နော်ဘူအား ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်း မရှိပေ။

ကချင်လွပ်လပ်ရေးအဖွဲ့ KIA သည် ‘ဝ’အဖွဲ့မှ ဦးဆောင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) တွင် ပါဝင်ထားပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အား လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့်အဖွဲ့လည်းဖြစ်သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky