ဘင်္ဂါလီအရေးသည် မြန်မာ့ပြည်တွင်းရေးသာမက မလေးရှားသို့ ရိုက်ခတ်မှုရှိကြောင်း မလေးရှားကာကွယ်ရေးဝန်ကြီး ပြောကြား

ဘင်္ဂါလီအရေးသည် မြန်မာ့ပြည်တွင်းရေးသာမက မလေးရှားသို့ ရိုက်ခတ်မှုရှိကြောင်း မလေးရှားကာကွယ်ရေးဝန်ကြီး ပြောကြား

ဘင်္ဂါလီအရေးသည် မြန်မာ့ပြည်တွင်းရေး ပြဿနာဖြစ်သည်သာမက မလေးရှားသို့လည်း ရိုက်ခတ်မှုရှိကြောင်း မလေးရှား ကာကွယ်ရေးဝန်ကြီး မိုဟာမက် ဆာဘူက ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဘင်္ဂါလီအရေးသည် မြန်မာ့ပြည်တွင်းရေး ပြဿနာဖြစ်သည်သာမက မလေးရှားသို့လည်း ရိုက်ခတ်မှုရှိကြောင်း မလေးရှား ကာကွယ်ရေးဝန်ကြီး မိုဟာမက် ဆာဘူက ပြောကြားသည်။

လက်ရှိတွင် မလေးရှားနိုင်ငံ ၌ ဘင်္ဂါလီဒုက္ခသည် တစ်သိန်း ကျော်ရှိပြီး ၎င်းတို့အားလုံးသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးများရုံး (UNHCR)
အဖွဲ့အစည်းအောက်တွင် စာရင်းသွင်းထားသူများမဟုတ်ကြောင်း မိုဟာမက်ဆာဘူက ဆိုသည်။

‘‘မလေးရှားနိုင်ငံအနေနဲ့ ဒီ ဒုက္ခသည်တွေ အများကြီးရဲ့ တာ ၀န်ကိုယူဖို့ မတတ်နိုင်ပါဘူး’’ဟု မိုဟာမက်ဆာဘူက Bernama သတင်းဌာနအား ပြောသည်။

မိုဟာမက်ဆာဘူသည် စင် ကာပူတွင် ကျင်းပသော (၁၂) ကြိမ်မြောက် အာဆီယံကာကွယ် ရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် အောက်တိုဘာ ၁၈ ရက်ကတည်းက
စင်ကာပူသို့ ရောက်ရှိနေခြင်း ဖြစ်သည်။မြန်မာကာကွယ်ရေးဝန်ကြီး နှင့် တွေ့ဆုံမှုအတွင်း မိုဟာမက် ဆာဘူက အဆိုပါ ဘင်္ဂါလီဒုက္ခ သည်များ နေရပ်ပြန်နိုင်ရေး
ပိုမို အားထုတ်ကြိုးပမ်းရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်း၌ဖော်ပြထားသည်။

‘‘ဘင်္ဂါလီ ဒုက္ခသည်တွေ ဘေးကင်းကင်းနဲ့ နေရပ်ပြန်နိုင်ဖို့ အတွက် မြန်မာသံရုံးက နည်း လမ်းရှာဖွေဆောင်ရွက်သင့်တယ်’’ဟု ၎င်းက ဆက်လက်ပြောကြား သည်။

မလေးရှားနိုင်ငံသို့ ဘင်္ဂါလီ ဒုက္ခသည်တစ်သိန်းရောက်ရှိနေ သည်ဟု တစ်ဖက်နိုင်ငံက ဆိုသော်လည်း ပြန်လည်လက်ခံရမည်ဆို ပါက ၎င်းတို့ပြောသည့်အရေအ တွက်အတိုင်း
လက်ခံ၍မရ ကြောင်းနှင့် သေချာစိစစ်ကာ အ ချက်အလက်ခိုင်မာမှသာ လက်ခံ
ရေးအစီအစဉ်များ ဆောင်ရွက်ရ မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

‘‘ကျွန်တော်တို့က လက်ခံတဲ့ နေရာမှာ တကယ်အမှန်ဟုတ်၊ မ ဟုတ်ကို စိစစ်ပြီးတော့ ဒီမှာနေ သွားတယ်၊ ဘယ်တုန်းက ထွက် ခွာသွားတယ်။ အဲဒီအပေါ်မှာ
မူ တည်ပြီး သက်ဆိုင်ရာဌာနတွေနဲ့ သဘောတူညီချက်တွေ လုပ်ပြီးမှ လက်ခံလို့ရမှာပါ’’ဟု ၎င်းက ဆို သည်။

ထို့အပြင် အဆိုပါကိစ္စသည် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွာသွား သည့်ဖြစ်စဉ်နှင့်မတူဘဲ လွန်ခဲ့ သည့်နှစ်ပေါင်းများစွာကတည်း က ဒေသတွင်း နိုင်ငံများအပါအ
ဝင် နိုင်ငံအနှံ့သို့ ထွက်ခွာနေခြင်း မျိုးဖြစ်ပြီး ပြန်လည်လက်ခံရမည့် စာရင်းများရရှိပါက တစ်ဖက်နိုင်ငံ သို့ သွားရောက်ကာ စိစစ်လေ့လာ ခြင်းလုပ်ငန်းစဉ်
(Case Manage- ment)များဆောင်ရွက်ရကြောင်း ဒေါက်တာဝင်းမြတ်အေးက ရှင်း ပြသည်။ ထို့အတွက် ရခိုင်မြောက်
ပိုင်းအရေးလုပ်ငန်းဆောင်ရွက်ပုံ နှင့်လည်း မတူညီကြောင်း ၎င်းက ဆိုသည်။မလေးရှားအစိုးရသည် လွန် ခဲ့သော ၂ နှစ်ကတည်းက ဘင်္ဂ လားဒေ့ရှ်နိုင်ငံ
ကော့ဘဇားမြို့ တွင် ယာယီဆေးရုံတည်ဆောက် ပေးခြင်းဖြင့် မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသည့် ဘင်္ဂါလီဒုက္ခ သည်များအား လက်ခံထားသော
ဘင်္ဂလားဒေ့ရှ်ကို ကူညီခဲ့ကြောင်း မိုဟာမက်ဆာဘူကပြောသည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky