ဘွက်ကြီးဆည်အခြေအနေကို စိုးရိမ်၍ ဒေသခံနှစ်ထောင်ကျော် ပြောင်းရွှေ့ ဆည်အခြေအနေစိုးရိမ်ရန်မရှိဟု တာဝန်ရှိသူပြော၊ ဆည်တွင်တာဝန်ရှိသူမျာ

ဘွက်ကြီးဆည်အခြေအနေကို စိုးရိမ်၍ ဒေသခံနှစ်ထောင်ကျော် ပြောင်းရွှေ့ ဆည်အခြေအနေစိုးရိမ်ရန်မရှိဟု တာဝန်ရှိသူပြော၊ ဆည်တွင်တာဝန်ရှိသူမျာ

ဘွက်ကြီးဆည် ကောလာဟလများကြောင့်ပြောင်း ရွှေ့နေသော ဆည်အောက်ပိုင်း ကျေးရွာ ဒေသခံများအတွက် လို အပ်သည့် အကူအညီများပေးအပ် ရန် တိုင်းအစိုးရထံသို့ တင်ပြအ ကူအညီတောင်းခံမည် ဖြစ် ကြောင်း အောင်လံမြို့နယ်ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦး အောင်ထူးမြင့်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဘွက်ကြီးဆည် ကောလာဟလများကြောင့်ပြောင်း ရွှေ့နေသော ဆည်အောက်ပိုင်း ကျေးရွာ ဒေသခံများအတွက် လို အပ်သည့် အကူအညီများပေးအပ် ရန် တိုင်းအစိုးရထံသို့ တင်ပြအ ကူအညီတောင်းခံမည် ဖြစ် ကြောင်း အောင်လံမြို့နယ်ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦး အောင်ထူးမြင့်က ပြောသည်။

မကွေးတိုင်းအောင်လံမြို့ နယ်ရှိ ဘွက်ကြီးဆည် အနောက် ဘက်ခြမ်း မြေသားတာပေါင် အောက်ဘက်တွင် စက်တင်ဘာ ၂ ရက်က မြေသားနိမ့်ကျွံမှု ဖြစ် ပွားခဲ့သည်။ထို့အပြင် စက်တင်ဘာ ၁၆ ရက်တွင် ယခင်နိမ့်ကျွံကျခဲ့သည့် နေရာ၏ အထက်ပိုင်းတွင် ထပ်မံ နိမ့်ကျွံသဖြင့်    ဆည်အောက် ပိုင်းရှိ မောင်းမလှုပ်၊ အလယ်ရွာ စသည့်ကျေးရွာ ရှစ်ရွာမှ ဒေသခံ နှစ်ထောင်ကျော် ရေလွတ်ရာ ကုန်းမြင့်နေရာများတွင် ပြောင်း ရွှေ့နေထိုင်ခဲ့ကြောင်း ဦးအောင် ထူးမြင့်က ပြောသည်။

‘‘သူတို့အတွက် ယာယီနေစ ရာ မိုးကာဖြစ်ဖြစ် ပံ့ပိုးပေးဖို့လို တယ်။ နောက် ရေနဲ့စားသောက် စရာလည်း ပံ့ပိုးရမှာပေါ့။ ဒါတွေ အမြန်ဆုံးလုပ်နိုင်ဖို့ တိုင်းအစိုးရ အဖွဲ့ထံ တင်ပြမယ်။ အခုဒေသခံ တွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့အခက် အခဲတွေကို မေးမြန်းတယ်။ နောက် ဆည်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးတော့ ဆည်ရဲ့အခြေအ နေမေးတယ်။ နောက်ပြီးပြည်သူ တွေ သတင်းအမှန်ရနိုင်ဖို့ အချိန် နဲ့တစ်ပြေးညီ သတင်းထွေထုတ် ပြန်ပေးဖို့လည်း ပြောခဲ့ တယ်’’ ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဆည်အောက် ပိုင်းကျေးရွာများသည် ဒေသခံ များက ဆည်အခြေအနေ စိုးရိမ်ရ သည်ဟူသော ကောလာဟလများ ကြောင့် ကုန်းမြင့်နေရာများတွင် ပြောင်းရွှေ့နေပြီး သောက်သုံးရေ ခက်ခဲမှုများနှင့် ရင်ဆိုင်နေရ ကြောင်း အလယ်ရွာကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

‘‘ရွာက ရေကိုလှည်းနဲ့သယ် ပြီး သုံးနေ၊သောက်နေရတာပေါ့။ စိုက်ခင်းပျိုးခင်းကိုလည်း ဒီကပဲ သွားကြည့်တယ်။ အလုပ်ပျက် တာမျိုးတော့မရှိဘူး။ ကလေးတွေ ကိုတော့ ဆည်အခြေအနေက သူ ပြောငါပြောနဲ့ စိုးရိမ်နေတော့ ကျောင်းမလွှတ်ဘူး’’ ဟု အလယ် ရွာ ကျေးရွာမှ ပြောင်းရွှေ့လာသူ ဒေါ်အိကဆိုသည်။

ဆည်အောက်ပိုင်းကျေးရွာ များဖြစ်သည့် မောင်းမလှုပ်၊ အ လယ်ရွာ၊ ညောင်ပင်ဝိုင်းစသည့် ကျေးရွာများရှိ စာသင်ကျောင်း များ ဆက်လက်ဖွင့်ထားသော် လည်း ကျောင်းမတက်သည့် ကျောင်းသား၊ ကျောင်းသူများပြား နေကြောင်း ကျောင်းဆရာတစ်ဦး ကဆိုသည်။

‘‘မိဘတွေက စိုးရိမ်လို့ထင် တယ်။ ကျောင်းမပို့ကြဘူး။ ကျောင်းက ပုံမှန်ဖွင့်တယ်။ ကျောင်းသားဦးရေရဲ့ သုံးပုံတစ်ပုံ လောက်ပဲ ကျောင်းတက်ကြ တယ်’’ ဟု၎င်းကပြောသည်။

ဆည်မြောင်းနှင့်ရေအသုံးချ ရေး ဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဇော်လွင်ထွန်းက ဘွက်ကြီးဆည်မြေနိမ့်ကျွံကျမှု များ ဆက်လက်မဖြစ်ပွားရေး ယာယီကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ပြော သည်။

မြေနိမ့်ကျွံမှု ထပ်မံမဖြစ်ပွား စေရေး မြေသားတာပေါင် ဆင်ခြေ လျှောအောက်ခြေတွင် ထောက် ကန်ရန် ယာယီမြေသားတာပေါင် တစ်ခု  ပြုလုပ်နေပြီး ပွင့်လင်း ရာသီရောက်ရှိပါက မြေနိမ့်ကျွံမှု ဖြစ်ပွားခဲ့သည့်နေရာကို အကြီး စားပြင်ဆင် ဆောင်ရွက်မည်ဖြစ် ကြောင်း ၎င်းကပြောသည်။

ထို့အပြင် ယာယီထောက် ကန် မြေသားတာပေါင်တွင် ခိုင်ခံ့ သည့် ကွန်ကရစ်တာပေါင်တစ်ခု ပြုလုပ်မည်ဖြစ်ပြီး လက်ရှိတွင် ဆည်ကျိုးကျ မည့်အခြေအနေမျိုး လုံးဝမရှိကြောင်း ပြောသည်။

‘‘ကျွန်တော်တို့သိပါတယ်။ အာမခံတယ်။ ဒီအခြေအနေမျိုး  ကဆည်ပေါင် ပဲ့ကျတာမဟုတ် ဘူး။ ဧရာဝတီတိုင်းက တာပေါင် တွေမှာ မိုးများလို့ တာပေါင်နိမ့် တာကို တာပေါင်အိကျတယ်၊ တာပေါင်လျှောတယ်လို့ ခေါ် ကြသလို အဲဒီလိုမျိုးဖြစ်တာပါ’’ ဟု ဦးဇော်လွင်ထွန်းက ပြောကြား သည်။

ထို့အပြင် ဆည်အခြေအနေ နှင့် ပတ်သက်၍ အချိန်နှင့်တစ် ပြေးညီ သတင်းထုတ်ပြန်ပေးရန် အောင်လံပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြောကြားမှုနှင့် ပတ်သက်၍ ဘွက်ကြီးဆည်တွင် ဒေသခံဆည်မြောင်းနှင့် ရေအသုံး ချရေး ဦးစီးဌာန တာဝန်ရှိသူများ အပြင် ညွှန်ကြားရေးမှူးတစ်ဦးနှင့် အရာရှိနှစ်ဦးကို တာဝန်ချထားပြီး အခြေအနေများကို အချိန်နှင့်တစ် ပြေးညီတင်ပြရန်    စီစဉ်ထား ကြောင်း ၎င်းကဆိုသည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky