မူဆယ်နယ်စပ်တွင် အဆောက်အအုံဆောက်လုပ်ခြင်း လက်နက်ကိုင်တရုတ်ရဲတပ်ဖွဲ့ဝင်များ မြန်မာပိုင်နက်အတွင်း လာရောက်ကန့်ကွက်

မူဆယ်နယ်စပ်တွင် အဆောက်အအုံဆောက်လုပ်ခြင်း လက်နက်ကိုင်တရုတ်ရဲတပ်ဖွဲ့ဝင်များ မြန်မာပိုင်နက်အတွင်း လာရောက်ကန့်ကွက်


တရုတ်နိုင်ငံနှင့် နယ်နိ မိတ်ချင်းထိစပ်နေသော မူဆယ် မြို့ ဆင်ဖြူဈေးအနီးတွင် မြန်မာ ဘက်က ရုံးအဆောက်အအုံတစ် ခုဆောက်လုပ်နေသည်ကို တရုတ် ရဲတပ်ဖွဲ့ဝင်များက လက်နက်အ ပြည့်အစုံဖြင့် ဝင်ရောက်တားဆီး ခဲ့မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံ ပြည်ပရေးရာဌာနသို့ မူဆယ်မြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကန့်ကွက်စာပေးပို့ခဲ့ သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

တရုတ်နိုင်ငံနှင့် နယ်နိ မိတ်ချင်းထိစပ်နေသော မူဆယ် မြို့ ဆင်ဖြူဈေးအနီးတွင် မြန်မာ ဘက်က ရုံးအဆောက်အအုံတစ် ခုဆောက်လုပ်နေသည်ကို တရုတ် ရဲတပ်ဖွဲ့ဝင်များက လက်နက်အ ပြည့်အစုံဖြင့် ဝင်ရောက်တားဆီး ခဲ့မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံ ပြည်ပရေးရာဌာနသို့ မူဆယ်မြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကန့်ကွက်စာပေးပို့ခဲ့ သည်။

တရုတ်နယ်စပ်မြို့ ကျယ် ဂေါင်မြို့နှင့် ကပ်လျက်ရှိသော ဆင်ဖြူဈေးတွင် ဈေးကော်မတီရုံးခန်း ဆောက်နေသည်ကို တရုတ်နိုင်ငံဘက်မှ လက်နက်ကိုင်ရဲတပ် ဖွဲ့ဝင် ၁၃ ဦးအပါအဝင် ယူနီဖောင်းဝတ်အင်အား ၃၀ ခန့်က ယမန် နေ့ (အောက်တိုဘာ ၁၇ ရက်) နံ နက်တွင် လာရောက်တားဆီးခဲ့ သည်။

‘‘ပြောက်ကျားဝတ်စုံနဲ့လက် နက်ကိုင်ထားတဲ့သူတွေ မနက် ၈ နာရီ ၁၀ မိနစ်မှာ ရောက်လာ တယ်။ ဒီအဆောက်အအုံဆောက် တာ ဘယ်သူလဲလို့ပြောပြီး မူ ဆယ်မြို့နယ် ဆင်ဖြူဈေး မြန်မာ နိုင်ငံဘက်မှာ ဆောက်တဲ့ ဒီအ ဆောက်အအုံကို သူတို့ကဆောက်လုပ်ခွင့်မပြုဘူးဆိုပြီး ကန့်ကွက်တယ်လို့ ပြောတယ်။ ဒါကို ပြောမယ်ဆိုရင် ကျွန်တော်တို့အောက် ခြေအဆင့်နဲ့မပြောဘဲ ကျွန်တော် တို့လူကြီးနဲ့ပြောဖို့။ ကျွန်တော်တို့ လူကြီးက မဆောက်ခိုင်းရင် မ ဆောက်ဘူးပေါ့။ နောက်ပြီး ခင် ဗျားတို့ တရုတ်ပြည်ကနေ လက် နက်ကိုင် အဖွဲ့အစည်းတွေက ကျွန်တော်တို့ မြန်မာနိုင်ငံဘက်ကို တရားမဝင် လာပိုင်ခွင့်ရှိရဲ့လား၊ ကျွန်တော်တို့မြန်မာဘက်က ဝင် လာရင်ကော ခင်ဗျားတို့ လက်ခံ လားလို့မေးတော့ ကင်းလှည့်တာ ပါလို့ ဆင်ခြေပေးတယ်’’ဟု လက် နက်ကိုင်တရုတ်ရဲများနှင့် ထိပ် တိုက်တွေ့ဆုံခဲ့သော ဆင်ဖြူဈေး ကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းက ပြောသည်။

မျက်နှာဝအကျယ် ၂၀၊ အ လျား ၃၃ ပေရှိသော တစ်ထပ် တိုက် ဆင်ဖြူဈေးကော်မတီအ ဆောက်အအုံကို အောက်တိုဘာ ၇ ရက်တွင် စတင်ဆောက်လုပ်ခဲ့ ပြီး ၁၁ ရက်အကြာ၌ တရုတ်က လာရောက် ကန့်ကွက်ခြင်းဖြစ် သည်။

ယင်းနေရာသို့ မြို့နယ်အုပ် ချုပ်ရေးအဖွဲ့များ ရောက်မလာ မီ ဦးထွန်းထွန်းနှင့် ဒေသခံအချို့ က တရုတ်ရဲတပ်ဖွဲ့နှင့် အချေအ တင်ဖြစ်ခဲ့သည့် ဗီဒီယိုဖိုင်များ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။ ဆောက်လက်စဆင်ဖြူဈေးကော် မတီ အဆောက်အအုံမြေနေရာ ပေါ်တွင် လက်နက်ကိုင်တရုတ်ရဲ များက တန်းစီနေရာယူထား သည်။

ယင်းအချိန်တွင် တရုတ် နိုင်ငံဘက်ခြမ်း၌ တင့်ကားအချို့ ရပ်ထားသည်။ ရွှေလီရဲတပ်ဖွဲ့ အကြီးအကဲဟု မူဆယ်ဒေသခံ များ သိရှိထားသည့် တရုတ်အရာ ရှိတစ်ဦးနှင့် ဦးထွန်းထွန်းတို့အဖွဲ့ သည် စကားပြန်ကြားခံ၍ စကား ပြောခဲ့ကြသည်။ မူဆယ်မြို့ခံများ သည် ယင်းဖြစ်ရပ်အပေါ် ဒေါသ ထွက်နေကြသည်ကို ရုပ်သံဖိုင် တွင် တွေ့ရသည်။

‘‘ကျွန်တော့်ကိုလည်း သေ နတ်နဲ့ချိန်တယ်။ သေနတ်နဲ့ဝိုင်း ထားတယ်’’ဟု ဦးထွန်းထွန်းက ပြောသည်။ ထို့အပြင် သေနတ် ဖြင့် အချိန်ခံရ၍ မကျေနပ် ကြောင်းနှင့် ယင်းဖြစ်စဉ်ကို မူ ဆယ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ ထံ တင်ပြထားကြောင်း ဦးထွန်း ထွန်းက ဆိုသည်။

လက်နက်ကိုင်တရုတ်ရဲတပ် ဖွဲ့ဝင်များ မြန်မာနိုင်ငံပိုင်နက်အ တွင်း ဝင်ရောက်လာခြင်းနှင့်ပတ် သက်၍ ဖြစ်စဉ်ကို မြို့နယ်မှတစ် ဆင့် ခရိုင်၊ ပြည်နယ်နှင့် ပြည် ထောင်စုအထိ တင်ပြထားပြီး တရုတ်နိုင်ငံ ပြည်ပရေးရာဌာနသို့ လည်း မူဆယ်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ကန့် ကွက်စာပေးပို့ခဲ့သည်။

‘‘ကျွန်တော်တို့ နိုင်ငံထဲကို သေနတ်တွေကိုင်ပြီး ဝင်လာတာ ကို အပြင်းအထန် ကန့်ကွက် တယ်’’ဟု မူဆယ်မြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင် ကျော်မိုးက ပြောသည်။

တရုတ်ရဲတပ်ဖွဲ့သည် နံနက် ၈ နာရီ ၁၀ မိနစ်တွင် ဝင်ရောက် လာပြီး ၈ နာရီ ၄၅ မိနစ်တွင် ၎င်း တို့ဘက်ခြမ်းသို့ ပြန်သွားခဲ့သည်။ အဆိုပါနေရာသို့ မူဆယ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ရောက်လာချိန် တွင် တရုတ်ရဲများ ပြန်သွားပြီ ဖြစ်သည်။ တရုတ်ရဲများသည် တရားဝင်ဂိတ်ပေါက်မှ ဝင်လာ ခြင်းမဟုတ်သလို ပြန်သွားသည့် အခါတွင်လည်း ခိုးဝင်ပေါက်မှ ပြန်ခြင်းဖြစ်ကြောင်း ဦးထွန်းထွန်း က ဆိုသည်။

တရုတ်၏ ကန့်ကွက်မှု ကြောင့် ဈေးကော်မတီအဆောက်အအုံဆောက်လုပ်ရေးကို လတ်တလော ရပ်နားထားရသည်။

နှစ်နိုင်ငံနယ်စပ် ၁၀ မီတာ (၃၂ ဒသမ ၈ ပေ)အတွင်း မည် သည့်အဆောက်အအုံမျှ မ ဆောက်ရဟူသော သတ်မှတ် ချက်ရှိသော်လည်း ခြံစည်းရိုးကပ် လျက် တရုတ်နယ်နိမိတ်တွင် အဆောက်အအုံများစွာ ရှိနေ သည်ဟု မြန်မာဘက်ကဆိုသည်။ ‘‘၁၀ မီတာဆိုတာကို သူတို့ (တရုတ်)ဘက်ကလည်း လိုက် နာမှုမရှိသလို ကျွန်တော်တို့ဘက် ကလည်း ဒီတိုင်းပဲ ရှိနေတာကို။ စာချုပ်အတိုင်း ၁၀ မီတာလို့ အတိအကျတွက်လိုက်ရင် သူတို့ ဘက်မှာလည်း သူတို့အဆောက် အအုံတွေ ဖျက်ရမယ်။ ကျွန်တော် တို့ဘက်မှာလည်း ရှိတဲ့အ ဆောက်အအုံတွေ ဖျက်ရမှာပဲ’’ဟု ဦးအောင်ကျော်မိုးက ပြောသည်။

တရုတ်က လာရောက်ကန့် ကွက်သည့်နေရာသည် မြန်မာပိုင် နက်ဖြစ်ပြီး အုပ်ချုပ်ရေးအဖွဲ့ ရောက်မလာမီ တရုတ်ရဲတပ်ဖွဲ့ နှင့် ထိပ်တိုက်တွေ့ဆုံကန့်ကွက် ခဲ့ကြသည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky