မဲဆောက်တွင် မြန်မာလုပ်သား ၃၀၀ ကျော်ဖမ်းဆီးခံရ မြန်မာလုပ်သားများကို သက်ညှာစွာ စစ်ဆေးရန် တောင်းဆိုထားဟု မြန်မာသံအရာရှိပြော

 မဲဆောက်တွင် မြန်မာလုပ်သား ၃၀၀ ကျော်ဖမ်းဆီးခံရ မြန်မာလုပ်သားများကို သက်ညှာစွာ စစ်ဆေးရန် တောင်းဆိုထားဟု မြန်မာသံအရာရှိပြော

ထိုင်းနိုင်ငံမဲဆောက် မြို့တွင် အလုပ်လုပ်နေသော မြန်မာလုပ်သားများကို ထိုင်းစစ် တပ်နှင့် ရဲတပ်ဖွဲ့က ယမန်နေ့ ၌ စစ်ဆေးဖမ်းဆီးရာ မြန်မာလုပ် သား ၃၂၃ ဦးဖမ်းဆီးခံရသည်။

မဲဆောက်မြို့ရှိ ရပ်ကွက် ခြောက်ခုသို့ ၀င်ရောက်စစ်ဆေး ရာ တရားမ၀င် မြန်မာလုပ်သား ၃၂၃ ဦးကို ဖမ်းဆီးသွားကြောင်း ထိုင်းရောက် မြန်မာလုပ်သားများ အရေး ကူညီပေးနေသော မြန်မာ အဖွဲ့အစည်းများက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ထိုင်းနိုင်ငံမဲဆောက် မြို့တွင် အလုပ်လုပ်နေသော  မြန်မာလုပ်သားများကို ထိုင်းစစ် တပ်နှင့် ရဲတပ်ဖွဲ့က ယမန်နေ့ ၌ စစ်ဆေးဖမ်းဆီးရာ မြန်မာလုပ် သား ၃၂၃ ဦးဖမ်းဆီးခံရသည်။

မဲဆောက်မြို့ရှိ ရပ်ကွက် ခြောက်ခုသို့ ၀င်ရောက်စစ်ဆေး ရာ တရားမ၀င် မြန်မာလုပ်သား ၃၂၃ ဦးကို ဖမ်းဆီးသွားကြောင်း ထိုင်းရောက် မြန်မာလုပ်သားများ အရေး ကူညီပေးနေသော မြန်မာ အဖွဲ့အစည်းများက ပြောသည်။

ဖမ်းဆီးခံထားရမှုတွင်အမျိုး သား ၂၀၁ ဦး၊ အမျိုးသမီး ၁၂၀ ဦးနှင့် နေထိုင်ခွင့် သက်တမ်း ကျော်လွန်သူနှစ်ဦး   စုစုပေါင်း ၃၂၃ ဦး ပါဝင်ကြောင်း မြန်မာအ ဖွဲ့အစည်းများက ပြောသည်။

နိုင်ငံခြားသားလုပ်သားများ  ကို စစ်ဆေးနေ၍ မြန်မာလုပ်သား များ၏ ပတ်စပို့နှင့် အထောက်အ ထား စာရွက်များကို ၎င်းတို့၏အ လုပ်ရှင်က သိမ်းဆည်းထားမှု များဖြေရှင်းပေးရန်နှင့် မြန်မာ လုပ်သားများကို သက်ညှာစွာ စစ်ဆေးရန် ထိုင်းနိုင်ငံနိုင်ငံခြား ရေးဌာနသို့ ယမန်နေ့ကသွား ရောက်တွေ့ဆုံတောင်းဆိုထား ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံးမှ အလုပ်သမားသံအရာရှိ  ဦးဆန်းမောင်ဦးကပြောသည်။

‘‘အလုပ်ရှင်တွေက အလုပ် သမားတွေရဲ့ ပတ်စပို့တွေ၊ စာ ရွက်စာတမ်းတွေကို သိမ်းဆည်း ထားတာပေါ့။ အဲဒီမှာ ဘာဖြစ်နေ လဲဆိုတော့ မြန်မာလုပ်သားတွေ ကအဲဒါတွေမပြနိုင်တော့ ဖမ်းဆီး ခံရတာတွေရှိနေတယ်။ ပတ်စပို့ တွေ၊စာရွက်စာတမ်းတွေကို ကိုယ့် လုပ်သားတွေလက်ထဲပေးထားဖို့ တောင်းဆိုတာပေါ့။ သူတို့က လည်း အဲဒါကို ဖြေရှင်းပေးမယ်  ပြောပါတယ်’’ ဟု အလုပ်သမား  သံအရာရှိဦးဆန်းမောင်ဦးကပြော သည်။ထိုင်းအစိုးရသည် နိုင်ငံခြား  သားလုပ်သားများကို လူ့အခွင့် အရေးနှင့်အညီ စစ်ဆေးနေခြင်း ဖြစ်ပြီး စစ်ဆေးနေမှုများနှင့် ပတ် သက်ပြီး လာရောက်ကြည့်ရှုရန်  ထိုင်းအစိုးရက ပြောဆိုထား ကြောင်း သံအရာရှိကပြောသည်။

လက်ရှိတွင် ထိုင်းအစိုးရ သည် အမျိုးသားလုံခြုံရေးစီမံချက် နှင့် ဧည့်စာရင်းဥပဒေသစ်အကြောင်း  ပြကာ မြန်မာလုပ်သားများအပါ အ၀င် နိုင်ငံခြားသားလုပ်သားများ ကို အောက်တိုဘာ ၁ ရက်ကစ တင်စစ်ဆေးဖမ်းဆီးနေသည်။

အောက်တိုဘာ အတွင်း မြန်မာလုပ်သား ၂,၅၀၀ ကျော်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။   ယခုရက်ပိုင်းတွင် မဲဆောက်၊ မ ဟာချိုင်၊ ဘန်ကောက်၊ စမွတ်ပ ရာကန်နှင့် ထိုင်းနိုင်ငံတောင်ပိုင်း တွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများကို နေ့စဉ် ရက်ဆက်စစ်ဆေးနေကြောင်း မဲ  ဆောက်မြို့အခြေစိုက်ထိုင်းနိုင်ငံ  လုံးဆိုင်ရာ မြန်မာရွှေ့ပြောင်းအ လုပ်သမားကွန်ရက်  (MMNT)  အထွေထွေအတွင်းရေးမှူး ဦးမိုး ကြိုးက ပြောသည်။

ထို့အပြင် ဇူလိုင်မှ စက်တင် ဘာအထိ သုံးလအတွင်း အ ထောက်အထား မပြည့်စုံသည့်  မြန်မာလုပ်သား သုံးသောင်းကျော် ကို နေရပ်ပြန်ပို့ခဲ့သည်။

ထိုင်းနိုင်ငံအစိုးရသည် အ မျိုးသားလုံခြုံရေး စီမံချက်ဖြင့် နိုင်ငံခြားသားလုပ်သားများကိုစစ် ဆေးနေ၍ မြန်မာလုပ်သားများအ နေဖြင့် သတိပြုနေထိုင်ရန်နှင့်  တရားဝင်အထောက်အထားများ ဖြင့် နေထိုင်ရန် ထိုင်းနိုင်ငံဆိုင်ရာ  မြန်မာသံအမတ်ကြီက သတိပေး ပြောကြားထားသည်။

ဖမ်းဆီးခံရသည့် မြန်မာလုပ် သားများကို ပြန်လည်လွှဲပြောင်း ပေးရန် မြန်မာသံရုံးက ထိုင်းအစိုး  ရထံတောင်းဆိုထားသည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky