မန္တလေးတွင် ဘာသာပေါင်းစုံ ညီအစ်ကို မောင်နှမများ တွေ့ဆုံပွဲ ကျင်းပ

  • News Code : 818591
  • Source : mizzimaburmese
Brief

မန္တလေး၊မတ် ၁၈ ။ ။ ငြိမ်းချမ်းချစ်ကြည်စွာ ထာဝစဉ်ယှဉ်တွဲ နေထိုင်ကြသည့် ဘာသာပေါင်းစုံညီအကို မောင်နမများ တွေ့ဆုံပွဲကို မတ် ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီက မန္တလေးမြို့၊မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မန္တလေး၊မတ် ၁၈  ။     ။ ငြိမ်းချမ်းချစ်ကြည်စွာ ထာဝစဉ်ယှဉ်တွဲ နေထိုင်ကြသည့် ဘာသာပေါင်းစုံညီအကို မောင်နမများ တွေ့ဆုံပွဲကို မတ် ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီက မန္တလေးမြို့၊မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ၊ ဗဟာရီဘာသာတို့မှ ဘာသာရေးခေါင်းဆောင် များ၊မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး ဘာသာပေါင်းစုံ လူအင်အား တစ်ထောင်ကျော်တက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က" ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနီးစွာ ထာဝစဉ်အတူတွဲနေထိုင်မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှာပါ။ အခြေခံကျတဲ့ မိုးလင်းမိုးချုပ် အပူပင်ကင်းမဲ့စွာနေထိုင်နိုင်ရေးဖြစ်တယ်။ အခြေခံဥပဒေမှာလည်း ကိုးကွယ်တာ မတူပေမယ့် နိုင်ငံသားတိုင်းရဲ့ လူအခွင့်အရေး။ဒီမိုကရေစီရေး။ငြိမ်းချမ်းရေးရရှိဖို့ အစိုးရက အလေးထား ဆောင်ရွက်နေပါတယ်"ဟု ပြောသည်။

ဘာသာပေါင်းစုံအတူ ယှဉ်တွဲနေထိုင်နိုင်ရေးအတွက်ဘာသာပေါင်းစုံ ညီအစ်ကိုမောင်နှမများ တွေ့ဆုံပွဲကျင်းပရခြင်းရည်ရွယ်ချက်အား ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) က ပြောသည်။

'' ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ ဒီပွဲကို ကျင်းပတာပါ။ ဒါတွေကိုလဲ အကောင်အထည် ဖော်လာနိုင်စေချင်တယ်။ ဒီပွဲမှာ ဘာသာကြီး လေးဘာသာရဲ့ ခေါင်းဆောင်တွေ ပါဝင်တဲ့အတွက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ အထောက်အကူပြုလာနိုင်မှာပါ။ ဟိုဖက် ဒီဖက် အစွန်းရောက်တဲ့လူတွေ ရှိလာရင် ဒီပွဲက ငြိမ်းချမ်းရေးလိုလားတဲ့ လူတွေက ပြန်လည်ထိန်းညှိပြီး အဆင်ပြေစွာ အတူယှဉ်တွဲ နေထိုင်လာနိုင်ဖို့ ဖြစ်လာမှာပါ '' ဟု ဦးသောဘိတ (အလင်္ကာကြယ်) က ပြောသည်။

ထို့ပြင် အဆိုပါအခမ်းအနားသို့တက်ရောက်လာသည့် ဆရာတော် ဦးဝိစိတ္တာဘိဝံသ က ငြိမ်းချမ်းရေး တည်ဆောက်သည့်အခါ ခေါင်းဆောင်ကောင်း၊နောက်လိုက်ကောင်း ပြည်စုံရန်၊ ငြိမ်းချမ်းရေး အသိဥာဏ်ရှိရန်၊ ငြိမ်းချမ်းရေးအတွက် ရှောင်ရှားရန်အချက်များ သိရှိလိုက်နိုင်ရန်တို့ လိုအပ်ကြောင်း သြဝါဒစကား မိန့်ကြားခဲ့သည်။

'' မြန်မာနိုင်ငံမှာ ဂိုဏ်ပေါင်းစုံ ဘာသာပေါင်းစုံက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ လုပ်ဆောင်နေတဲ့အချိန်မှာ အခုလို ပွဲလုပ်တဲ့အတွက် အထောက်အကူပြုလာနိုင်မှာပါ။ အခုပွဲကနေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ဖို့ ဘာသာတိုင်း၊ လူမျိုးတိုင်းက ရင်းနှီးဖို့ ရှိလာမှာပါ။ အကောင်းမြင်ဝါဒနဲ့ နေထိုင်ကြရင် အားလုံး ငြိမ်းချမ်းစွာ နေထိုင်ကြမှာပါ '' ဟု မန္တလေးခရစ်ယာန်အသင်းတော်များ ကောင်စီ ဥက္ကဋ္ဌ ဦးကျော်ရွှေက ပြောသည်။

KA.FTG ဃရာနာ အစ္စလာမ်ဘာသာ ပရမထ္ထ္ထ မိသားစု ဥက္ကဋ္ဌ ဦးသန်းညွန့်က '' ဘာသာရေးခေါင်းဆောင်တွေက မေတ္တာရေအေး တိုက်ကျွေးပေးရမယ် လူတွေပါ။ ရေပူမတိုက်ကျွေးရဘူး။ ခေါင်းဆောင်တွေက အမုန်းစကားတွေ ပြောရင် တိုင်းပြည်အတွက် မကောင်းသလို လူမျိုးအတွက် ဘာသာအတွက် မကောင်းနိုင်ဘူး။ ထိလွယ် ရှလွယ်တာက ဘာသာတရားပဲ ဖြစ်တယ်။ ဒါကြောင့် ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ လူသားအားလုံး ငြိမ်းချမ်းစွာ နေထိုင်နိုင်ဖို့ မေတ္တာတရား ရေအေးပဲ တိုက်ကျွေးစေချင်ပါတယ် '' ဟု ပြောသည်။

'' မန္တလေးမှ အတူယှဉ်တွဲနေထိုင်ဖို့ အရင်တုန်းက ဘာသာပေါင်းစုံ စုပေါင်းပြီး ဆွေးနွေးပွဲတွေ လုပ်ခဲ့ကြတယ်။ အခု တိုင်းအဆင့်ထိ လုပ်ဆောင်လာနိုင်ပါပြီ'' ဟု ဟိန္ဒဘာသာ ကိုယ်စားလှယ် အရှင် ရာမ စန္ဒြဒါစ် က ပြောသည်။

ဘာသာပေါင်းစုံအတူ ယှဉ်တွဲနေထိုင်နိုင်ရေး တွေ့ဆုံပွဲတွင် ဆွေးနွေးခဲ့သော အကြောင်းအရာများ။ အချက်အလက်များအား ညနေပိုင်းတွင် သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

===================
251/End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky