ယခုနှစ်အတွင်း NLD တောင်သူလယ်သမားရေးရာအဖွဲ့များ ဖွဲ့စည်းမည်

ယခုနှစ်အတွင်း NLD တောင်သူလယ်သမားရေးရာအဖွဲ့များ ဖွဲ့စည်းမည်


မန္တလေး၊ အောက်တိုဘာ ၂၀ ။ ။ မန္တလေးတိုင်းဒေသကြီးအတွင်း NLD မြို့နယ်/ ရပ်ကျေး တောင်သူလယ်သမားရေးရာ လုပ်ငန်းအဖွဲ့များကို ယခုနှစ်အတွင်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း မန္တလေးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မန္တလေး၊ အောက်တိုဘာ ၂၀ ။ ။ မန္တလေးတိုင်းဒေသကြီးအတွင်း NLD မြို့နယ်/ ရပ်ကျေး တောင်သူလယ်သမားရေးရာ လုပ်ငန်းအဖွဲ့များကို ယခုနှစ်အတွင်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း မန္တလေးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မြို့နယ်၊ရပ်ကျေး တောင်သူလယ်သမားရေးရာလုပ်ငန်းအဖွဲ့များ အမြန်ဆုံးဖွဲ့စည်းနိုင်ရေးအတွက် ခရိုင်အသီးသီးမှ တောင်သူလယ်သမားရေးရာလုပ်ငန်းအဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးပွဲကို အောက်တိုဘာလ ၂၀ရက်၊မနက် ၁၀နာရီက မန္တလေးမြို့၊၂၆လမ်း၊ ၈၈လမ်းနှင့် ၈၉ လမ်းကြား၊ ဆိုင်းတန်းရပ်ကွက်ရှိ ပဒုမ္မာ ခန်းမတွင် ပြုလုပ်ခဲ့သည်။

"ဒီတောင်သူလယ်သမားရေးရာလုပ်ငန်းအဖွဲ့ဟာ ကျွန်မတို့မြန်မာနိုင်ငံမှာ အလွန်အင်မတန်အရေးပါတဲ့ အဖွဲ့ကြီး ဖြစ်ပါတယ်။တောင်သူတွေရဲ့အကျိုးကို ရှေ့ကမားမားမတ်မတ် ကျွန်မတို့စွမ်းနိုင်သလောက်ကို ကျွန်မတို့ အဖွဲ့ချုပ်ရဲ့ မူဝါဒတွေ အစိုးရရဲ့သွားနေတဲ့ အခြေအနေတွေကြည့်ပြီးတော့မှ ကျွန်မတို့ တောင်သူတွေရဲ့ အကျိုး ကို ဘယ်လိုလုပ်နိုင်မယ်ဆိုတာ စီစဉ်ရမှာဖြစ်ပါတယ်။လုပ်ကိုင်ပြီးတော့ ပေးရမှာဖြစ်ပါတယ်။ ဒီကနေ့ တွေ့ဆုံ ပွဲဟာ အရေးကြီးတယ်လို့ ကျွန်မတို့ရဲဘော်တွေကို ကျွန်မအနည်းငယ်ပြောချင်ပါတယ်။ဘာကြောင့် အရေးကြီး သလဲလို့ ပြောသလဲဆိုရင် ဒီကနေ့တွေ့ဆုံပွဲကနေ ရတဲ့ဆွေးနွေးမှုတွေ တွေ့ဆုံပွဲကနေသိသွားတဲ့ လမ်းညွှန်မှု တွေ ကျွန်မတို့ဒေသတွေ ပြန်ရောက်ပြီဆိုတာနဲ့မြို့နယ်တောင်သူလယ်သမားရေးရာ လုပ်ငန်းအဖွဲ့တွေကို ကျွန်မတို့ချက်ခြင်းပဲ အမြန်ဖွဲ့စည်းရမှာဖြစ်တယ်။"လို့ မန္တလေး NLD ပါတီမှ ဒေါ်ရွက်နုအောင်ကပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် တောင်သူလယ်သမားရေးရာ လုပ်ငန်းအဖွဲ့များကို ၂၀၁၈ခုနှစ် နိုဝင်ဘာလတွင် အပြီးဖွဲ့စည်းသွားမည်ဟုသိရပြီး ရပ်ကျေးတောင်သူလယ်သမားရေးရာလုပ်ငန်းအဖွဲ့ကို ဒီဇင်ဘာလအတွင်း အပြီးဖွဲ့စည်းနိုင်ရန်လုပ်ဆောင်သွားမည်ဟု သိရသည်။ထိုသို့ ဖွဲ့စည်းပြီးပါက ဗဟို တောင်သူလယ်သမားရေးရာ လုပ်ငန်းအဖွဲ့မှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဖွဲ့ဝင်အားလုံးနှင့် တွေ့ဆုံပွဲကို ပြုလုပ်သွားမည်ဟု သိရသည်။

"ကျွန်မတို့ ဒီသတ်မှတ်ကာလကို ဘာကြောင့် အသိပေးလိုက်ရလဲဆိုရင် ဖွဲ့စည်းရေးကို အလွန်အင်မတန် အလေးထားလို့ပါ။ကျွန်မတို့ပြန်ရောက်ပြီဆိုတာနဲ့ ခုနက ကျွန်မပြောခဲ့လိုသလိုပဲ လုပ်ချင်ကိုင်ချင်စိတ်ရှိတယ်၊ အချိန်မပေးနိုင်လို့ ဒီလိုတွေနဲ့လစ်ဟာသွားတယ်။ပျက်ကွက်သွားတယ်။ဒီလိုတွေပေါ်မှာ ကျွန်မတို့ အချိန် မကုန် စေချင်ဘူး။ဒါကြောင့်မို့ ကျွန်မတို့ ခရိုင်တောင်သူလယ်သမားရေးရာလုပ်ငန်းအဖွဲ့တွေဟာဆိုရင် သက်ဆိုင်ရာ မိမိတို့ မြို့နယ်အလုပ်အမှုဆောင်တွေနဲ့ပမာဏတွေ့ဆုံ ဆွေးနွေးလိုပါတယ်။အဲဒါပြီးပြီဆိုရင် ဖွဲ့စည်းရေးတွေကို စနစ်တကျနဲ့ ဘယ်လိုလူတွေ ပါဝင်သင့်တယ်။ဘယ်လိုအကြောင်းတရားတွေ ဆောင်ရွက်ရမယ်ဆိုတာတွေကို သေသေချာချာ အသိပေးပြီးတဲ့နောက်မှာ ဖွဲ့စည်းရေးကို ကျစ်ကျစ်လစ်လစ်နဲ့ ဆောင်ရွက်ပေးစေချင်ပါတယ်။ ဒါကြောင့်မို့ ဒီနေ့တွေ့ဆုံပွဲ ပြုလုပ်ရတာ ဖြစ်တယ်။"ဟု ဒေါ်ရွက်နုအောင်က ဆက်ပြောသည်။

မြို့နယ်၊ရပ်ကျေးတောင်သူလယ်သမားရေးရာလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းပြီးပါက လယ်ယာကဏ္ဍ ထုတ်လုပ်မှု မြင့်မားရေး၊တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးတို့ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ချမှတ်ထားသည့် လယ်ယာကဏ္ဍ မူဝါဒလုပ်ငန်းစဉ်နှင့်အညီ အကောင်အထည်ဖော် ဆောက်ရွက် ပေးသွားမည်ဟု သိရသည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky