ရခိုင်အရေးနဲ့ သတင်းလွတ်လပ်ခွင့်တို့အရေး ဆွေးနွေးရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လာရောက်

ရခိုင်အရေးနဲ့ သတင်းလွတ်လပ်ခွင့်တို့အရေး ဆွေးနွေးရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လာရောက်

လန်ဒန်၊စက်တင်ဘာ ၂၀ ။ ။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျာရီမီဟန့်ဟာ စက်တင်ဘာ ၁၉ ရက်က မြန်မာနိုင်ငံသို့ ပထမဆုံး တရားဝင်ခရီးစဉ်အဖြစ် လာရောက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 
လန်ဒန်၊စက်တင်ဘာ ၂၀ ။                ။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျာရီမီဟန့်ဟာ စက်တင်ဘာ ၁၉ ရက်က မြန်မာနိုင်ငံသို့ ပထမဆုံး တရားဝင်ခရီးစဉ်အဖြစ် လာရောက်ပါတယ်။

သူ့ရဲ့ မြန်မာနိုင်ငံ ပထမဆုံးခရီးစဉ်မှာ ဘင်္ဂါလီဒုက္ခသည်များပြဿနာနဲ့ မကြာသေးမီက ထောင်ချခံရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးတို့အရေး ဆွေးနွေးဖြစ်ဖို့ ရှိနေပါတယ်။

ဂျာရီမီဟန့်အနေနဲ့ ဂျပန်ကို အလုပ်သဘောခရီးစဉ် အပြီးမှာ ခုလို မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းပဲ ဖြစ်ပါတယ်။

“ဗမာ(မူရင်းအသုံး)ကို ရောက်နေပြီး  ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်။ လူသားချင်းစာနာထောက်ထားရေးကိစ္စရပ်တွေ ဦးစားပေးဆွေးနွေးမယ်။”လို့ ဟန့်က တွစ်တာမှာ ရေးသားထားပါတယ်။

ဒီကနေ့ စက်တင်ဘာ ၂၀ ရက်မှာ ဂျာရီမီဟန့်အနေနဲ့ မြန်မာ့ခေါင်းဆောင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကချင်ပြည်နယ်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်က အစီရင်ခံစာ ထုတ်ပြန်ပြီး ရက်ပိုင်းအတွင်းမှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာခရီးစဉ် ရောက်ရှိလာခြင်းပဲ ဖြစ်ပါယ်။

ဂျာရီမီဟန့်အနေနဲ့ ဘင်္ဂါလီတွေ ရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့လအတွင်းက မြန်မာနိုင်ငံကို ဝေဖန်ထားခဲ့သူလည်း ဖြစ်ပါတယ်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky